Print

ကလေးနှင့် အန္တရာယ်ရှိသော ဆေးများ

  24-Feb-2017
Preview Image

ချောင်းဆိုးပျောက်ဆေးများ
ချောင်းဆိုးပျောက်ဆေးများသည် အချို့ကလေးများ အလွန်နှစ်သက်ကြသည်။ လူကြီးအလစ်တွင် ပုလင်းလိုက် မော့သောက်ကြသည်။ ဆေးပမာဏ အနည်းငယ် များသွားရုံဆိုလျှင် လွန်စွာစိုးရိမ်ရခြင်းမရှိဘဲ အိပ်ငိုက်ခြင်း၊ ကြာရှည်စွာ အိပ်ခြင်း၊ ရေငတ်ခြင်း စသည်မျှဖြင့် ပြီးစီးသွားတတ်သည်။ ကိုဒင်း (codeine) ပါသော ချောင်းဆိုးပျောက်ဆေးများမှာမူကား လိုအပ်သည့် ပမာဏထက် များပြားစွာ သောက်မိလျှင် သတိလစ်သည့် အဆင့်သို့ရောက်သွားနိုင်သဖြင့် အရေးပေါ်ကုသရန် လိုအပ်ပါသည်။

 

ပါရာစီတမော
ကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေးသဘောဖြင့် အလွန်တွင်ကျယ်စွာ အသုံးပြုနေကြသော ပါရာစီတမောသည် ကလေးများအတွက် လွန်စွာအရသာရှိသည့် Calpol,Biogesic,Progesic အစရှိသည်ဖြင့် တင်သွင်းကြသည်။ ကလေးများ မော့သောက်လေ့ရှိကြသည်။ ပုလင်းတစ်ပုလင်းတွင် ပါဝင်သော ပမာဏသည် ပုလင်းငယ်များဖြစ်ခဲ့လျှင် အန္တရာယ်မများလှသော်လည်း ပုလင်းကြီးဖြစ်ခဲ့လျှင် အထူးသတိပြုရမည် ဖြစ်ပါသည်။ အသည်းကို ထိခိုက်နိုင်သော ဆေးဖြစ်သဖြင့် လိုအပ်သည်ထက် ပို၍မသောက်ခြင်းက အန္တရာယ်အကင်းဆုံးသာ ဖြစ်ပါသည်။

 

ကြောက်မက်ဖွယ် အဆိပ်သင့်စေသောဆေးများမှာ
စိတ်ငြိမ်ဆေး၊ အိပ်ဆေးများ ဖြစ်သည့် ဖီနိုဘာဘီတုန်း၊ ဒိုင်ယာစီပန် (Diazepam) စသော ဆေးများဖြစ်သည်။ အိပ်လွန်းခြင်း၊ သတိလစ်ခြင်းတို့အပြင် ကလေးငယ်များတွင် အသက်ရှူ ခြင်းကို ထိခိုက်စေပါသည်။ (Respiratory depression)

 

ကာကွယ်ရန် ပညာပေးခြင်း

အဓိကမှာ မိဘများနှင့် အိမ်သူအိမ်သားများအနေဖြင့် ဆေးများအကြောင်း၊ အန္တရာယ်ရှိသော အိမ်သုံးပစ္စည်းများအကြောင်း အကျမ်းဖျင်း သိရှိအောင် လေ့လာထားရမည်။

 

လုံခြုံစွာထားခြင်း
- အန္တရာယ်ရှိသော ဆေးများ၊ ပစ္စည်းများကို ကလေးဖွင့်ရန် ခက်သည့်အဖုံးများ တပ်ဆင်ခြင်း
- ကလေးမမီသော နေရာ၌ စနစ်တကျထားခြင်း။
- ပုလင်းတိုင်းတွင် ဆေးအမည်ကို ပီသစွာရေးထားခြင်း။
- ဆေးများနှင့် အိမ်သုံးပစ္စည်း ဥပမာ - ကြွက်သတ်ဆေး၊ ရေမွှေး၊ ခြင်ဆေး စသည်တို့နှင့် ရောနှောမထားခြင်း။
- ဖြစ်နိုင်လျှင် ဆေးများကို ဗီရိုထဲ၌ သိမ်း၍ သော့ခတ်ထားခြင်းတို့ဖြင့် “ကလေး” နှင့် “အဆိပ်” ကို ခွဲခြား၍ ထားနိုင်ပါစေကြောင်း မိဘများအား အသိပေးလိုက်ရပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာယုဇနစောမြင့် 
(ကလေးအထူးကုဆရာဝန်ကြီး)
Health for all magazine, No.110, March 2016, Pg. 11-13



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18