Print

ငယ်ရွယ်လွန်းသော ကလေးငယ်များအား ဆေးတိုက်ကျွေးခြင်း

  24-Feb-2017
Preview Image

ဇွန်းဖြင့် ဆေးတိုက်နည်း
၁။ ဆေးထည့်မယ့်ဇွန်းငယ်ကို သန့်ရှင်းသွားအောင်၊ ပိုးမွှားသေအောင် သေသေ ချာချာ ပြုတ်ပြီးဆေးပါ။ ကလေးကို ပက်လက်အနေအထား ချီမပြီး ခေါင်းဘက်ကိုမြင့်လျက် သင့်တံတောင်ဆစ်ကွေးထဲမှာ ကလေးခေါင်းကိုထည့်ပြီး ထိန်းထားပါ။ ကလေးပါးစပ် ဟနေအောင် မေးစေ့လေးကို အောက်ဖက်သို့ အသာအယာ ဖိချပေးပါ။ တစ်ယောက် တည်းနဲ့ အဆင်မပြေရင် တစ်ယောက်ယောက်ရဲ့ အကူအညီ ယူသင့်ပါတယ်။

 

၂။ ဆေးထည့်ထားတဲ့ ဇွန်းကို ကလေးပါးစပ်ထဲ ထည့်ပါ။ ဇွန်းလေးနဲ့ ကလေးရဲ့အောက်နှု တ်ခမ်းကို ထိထားပြီး ဇွန်းကိုင်တဲ့ လက်ကို မြှင့်ပေးလိုက်ရင် ဇွန်းထဲမှဆေးရည်များ ကလေးပါးစပ်ထဲ ဝင်သွားမှာ ဖြစ်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာမာမာဆွေ
ရင်သွေးငယ်အတွက် အိမ်တွင်းသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18