Print

ကလေးများတွင် ဖြစ်သော ရင်ကျပ်ရောဂါ

  01-Jan-1970
Preview Image

အဓိပ္ပါယ်ဖွင့်ဆိုချက်
***************
ရင်ကျပ်ခြင်းဆိုသည်မှာ နာတာရှည် လေပြွန်တွေ ရောင်ရမ်းတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ အဲဒီလို ရောင်ရမ်းတဲ့နေရာမှာ ခန္ဓာကိုယ်မှာရှိတဲ့ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ဆဲလ်တွေက အဓိက ပါဝင်လှုပ်ရှား ကြတာတွေ့ရပါတယ်။ 

 

နာတာရှည် ရောင်ရမ်းခြင်းဟာ လေပြွန်များရဲ့ လိုတာထက်ပိုသော တုံ့ပြန်မှုများနှင့် တွဲဖြစ်တတ်ပြီး ရင်ကျပ်ခြင်း၊ အသက်ရှု မဝခြင်း၊ ညဘက်နှင့် နံနက်စောစောတွင်ချောင်းဆိုးခြင်းတို့ကို ခဏခဏဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ ဒီလို လက္ခဏာတွေ ပြလာပြီဆိုရင် အဆုပ်အတွင်းသို့ လေကောင်းစွာ ဝင်လို့မရတော့ဘဲ တခါတရံတွင်သူ့ဘာသာသူ ပျောက်သွားတတ်သလို တခါတခါတွင်လည်း ကုသမှုပေးမှ ပျောက်ကင်းသွားတတ်သည်။

 

ဖြစ်ပွားရသော အကြောင်းအရင်း
**********************

ရင်ကျပ်ခြင်းကို ဖြစ်စေတဲ့အချက်တွေ များစွာရှိပါတယ်။ ဘာ့ကြောင့် ဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း တွေလည်း အများကြီးရှိပါတယ်။

 

ရင်ကျပ်ရောဂါရဲ့ ရောဂါလက္ခဏာများ

×××××××××××××××××××××

ခဏခဏ အသက်ရှူကျပ်ခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီ မြည်ခြင်း 
***********************************************

ရင်ကျပ်လာပါက အသက်ရှူလမ်းကြောင်း တစ်လျှောက်ရှိ လေပြွန်များသည် ကျဉ်းသွားသည်။ ထို့နောက် အချွဲများ သလိပ်များကို အများကြီးထွက်စေသည်။ ရှူသွင်းလိုက်သော လေသည် ထိုသို့ကျဉ်းသွားသော လေပြွန်များကိုဖြတ်သန်းရသောကြောင့် ရှူလိုက်တိုင်း တရွှီးရွှီး မြည်လာသည်။ ကျဉ်းနေသော လေပြွန်များကြောင့် အဆုတ်သည် oxygen ကောင်းစွာ မရတော့ချေ။ ထို့ကြောင့် လူသည် မောလာသည်။ အသက်ရှူရခက်လာသည်။ ထိုသို့ လေပြွန်ကျဉ်းနေသည်ကို သက်သာအောင် မလုပ်ပေးနိုင်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။

 

ညဘက် ချောင်းဆိုးခြင်း
*****************

ရင်ကျပ်ရောဂါသည် ညဘက်နှင့်အေးသည့် ရာသီဥတုများတွင် ထဖေါက်တတ်သည်။ အဘယ့်ကြောင့်ဆိုသော် လေပြွန်များသည် အေးသောလေများ ဝင်လာပါက အလိုလို ကျဉ်းသွားတတ်သောကြောင့် နဂိုကတည်းက ရင်ကျပ်အခံရှိသူများတွင် ပိုမို ဆိုးသွားခြင်းဖြစ်သည်။

 

၁။ ရင်ကျပ်စေသော အကြောင်းအရင်း ရှိခြင်း

 

ဥပမာ - ဖုန်မှုန့်၊ မီးခိုး၊ ပြင်းပြသော အနံ့များ ရှူမိလျှင်ရင်ကျပ်ခြင်း။ ရင်ကျပ်တယ်ဆိုတာက ဓာတ်မတည့်မှု တစ်မျိုးပါပဲ။ ခံစားရတဲ့သူအများစုမှာ သိသာထင်ရှားတဲ့ အကြောင်းတစ်ခုခု ရှိစမြဲဖြစ်ပါတယ်။ တချို့က စူးရှတဲ့အနံ့တွေကို ရှူမိရင် ကျပ်တတ်တယ်။ အချို့က အစားမှားရင် ကျပ်တတ်တယ်။ အချို့က ဖုန်တွေ၊ ဆေးလိပ်ငွေ့တွေ ရှူမိရင် ကျပ်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ကျပ်ရတဲ့အကြောင်းချင်း မတူတတ်ကြပါဘူး။

 

၂။ အဖေ၊ အမေ နှင့် မောင်နှမသားချင်း များတွင် ရပ်ကြပ်ရှိခြင်း 

 

ရင်ကျပ်ခြင်းဟာ မျိုးရိုးလည်း လိုက်တတ်ပါတယ်။ အမေ့ဆီမှာရှိရင် သားသမီးတွေ ဆီမှာပါ ရှိတတ်တယ်။ ရောဂါအခြေအနေတော့ ကွာပါတယ်။

 

၃။ ရာသီအလိုက်ဖြစ်ပွားခြင်း

 

ရာသီဥတုကို လိုက်ပြီး လေထုထဲတွင် ပါဝင်သည့် ရေငွေ့နှင့် ဖုန်မှုန့်များ၊ ပန်းဝတ်မှုန်များ ပါဝင်မှု ကွာခြားပါသည်။ ဝေဒနာသည်

အများစုသည် ဆောင်းတွင်ကာလတွင် ရောဂါဖောက်တတ်ကြသည်။

 

၄။ လေပြွန်ကို ကျယ်စေသော ဆေးများပေးလိုက်ပါက ချက်ချင်းသက်သာခြင်း

 

ရင်ကျပ်ခြင်းသည် လေပြွန်များ ကျဉ်းသွားခြင်းကြောင့် ဖြစ်သဖြင့် လေပြွန်ကို ကျယ်စေသော ဆေးများရှူလိုက်၊ သောက်လိုက်၊ ထိုးလိုက်ပါက သက်သာသွားပါသည်။ များသောအားဖြင့် ချက်ချင်းသက်သာ တတ်သည်။ ဤအချက်သည် အဆုပ်ပွရောဂါနှင့် ကွာသောအချက်ဖြစ်သည်။ အဆုပ်ပွရောဂါသည်များသည် များသောအားဖြင့် ရင်ကျပ်ဝေဒနာသည်များလောက် သက်သာတာ မမြန်လှပါ။

ရင်ကျပ်သမားများကမူလေပြွန်ကျယ်ဆေးများ ရှူလိုက်ပါက ချက်ချင်းသက်သာ တတ်ကြသည်။ သို့သော် ရောဂါ အရမ်းရင့်လာသောအခါတွင်မူ ထိုရောဂါနှစ်ခုသည် လက္ခဏာများ ဆင်သွားတတ်ကြ သည်။

 

၅။ အခြားသော ဓာတ်မတည့်သည့် ရောဂါတစ်ခုခုရှိခြင်း၊ 

 

ဥပမာ - နှင်းခူ၊ ဓာတ်မတည့်သောကြောင့် နှာစေးခြင်း၊ ဓာတ်မတည့်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တွင် ရှိသော ခုခံအားစနစ်၏ ချို့ယွင်းချက်ဖြစ်သည်။ ထို့ကြောင့် အခြားသော ဓာတ်မတည့်သည့် ရောဂါများပါ တွဲဖြစ်တတ်သည်။

 

၆။ ရင်ဘက်သည် မို့မောက်ပြီး အဆုတ်အတွင်းတွင် လေများပြည့်နေခြင်း နှင့် အခြားသော ရင်ဘက်အရိုးများ မူမမှန်ဖြစ်ခြင်း

 

ကလေးငယ်များ၏ အရိုးများသည် ပျော့ပျောင်းသေးသည်။ ပုံသွင်းယူလို့ရသေးသည်။ ရင်ကျပ်ရောဂါဖြစ်ပွားသော ကလေးများတွင် ရောဂါကို သေသေချာချာ control ရအောင် မကုသပါက တချိန်လုံးရောဂါဖောက်နေတတ်သည်။ လေပြွန်များသည် အမြဲတမ်းကျဉ်းနေရသောကြောင့် အသက်ရှူသွင်းချိန်တွင်လည်း လေကောင်းစွာ မဝင်သလို အဆုတ်အတွင်းရှိ လေများသည်လည်း အပြင်ကို ပြန်မထွက်နိုင်တော့ပေ။ အဆုတ်အတွင်း၌ လေများ ခိုအောင်းနေသောကြောင့် ရင်ဘတ်သည်ဖောင်းနေတတ်သည်။ ကာလကြာရှည်ဖြစ်လာသောအခါ

ရင်ဘတ်ရှိ အရိုးများပါဖောင်းလာပြီး ခိုငှက်၏ ရင်ဘတ်ကဲ့သို့ မို့မောက်လာသည်။

 

၇။ အသက်ရှူထုတ်လိုက်သောအခါ rhonchi ဟုခေါ်သည့် တရွှီရွှီ အသံကို ရင်ဘက်အနှံ ့တွင် ကြားရခြင်း (နားကြပ်ဖြင့်)

 

ရင်ကျပ်ရှိသော ကလေးတစ်ယောက် ရုတ်တရက် ရင်ကျပ် ထဖောက်လာသည့် လက္ခဏာများ

 

• မောလွန်းကျပ်လွန်းသောကြောင့် စကားမပြောနိုင်ခြင်း
• မောလွန်းကျပ်လွန်းသောကြောင့် အစာမစားနိုင်ခြင်း
• အသက်ရှူမြန်ခြင်း
• နှလုံးခုန်မြန်ခြင်း
• အသက်ရှူလိုက်သောအခါ လည်ပင်းရှိ ကြွက်သားများ လှုပ်နေသည်ကို သိသာထင်ရှားစွာ မြင်ရခြင်း

 

အသက်အန္တရာယ်ရှိနိုင်သော ရင်ကျပ်ခြင်း၏ လက္ခဏာများ

*******************************************

• နှုတ်ခမ်းများ၊ လက်သည်းများ ပြာလာခြင်း
• အသက်ရှူသံ မကြားရတော့ခြင်း
• အသက်ရှူသောအခါ ရင်ဘက်သည် မလှုပ်သလောက်ဖြစ်သွားခြင်း
• မောပမ်းနွမ်းနယ်ခြင်းနှင့် အားအင်ကုန်ခမ်းနေခြင်း
• ကယောင်ကတမ်းပြောခြင်း၊ ဂျီကျခြင်းနှင့် သတိမကောင်းခြင်း

ကလေးတစ်ယောက် ရင်ကျပ်ရှိမရှိ ရောဂါအမည်တပ်တဲ့ နေရာမှာ ရောဂါ လက္ခဏာများကို ကြည့်၍ တပ်ခြင်းကသာ အဓိကဖြစ်ပါသည်။ ဓာတ်မှန်ရိုက်ခြင်း ၊ သွေးစစ်ခြင်းများက ရောဂါဘယ်လောက် ဆိုးမဆိုးကို သိလို၍သာဖြစ်သည်။ ရောဂါ အမည်တပ်ဖို့ မဟုတ်ပါ။

 

နောက်ဆက်တွဲဝင်လာသော ရောဂါအခြေအနေများ

*************************************

• အဆုပ်ပွခြင်း နှင့် လေပြွန်များ ဖွံ့ဖြိုးမှု မမှန်ခြင်း
• အဆုပ်ကိုဖုံးအုပ်ထားသည့် အမြှေးပါး ပေါက်သွားပြီး ရင်ဘက်နှင့် အဆုပ်အမြှေးပါးကြားတွင် လေဝင်ခြင်း(အရပ်အခေါ် - အဆုပ်ထဲလေဝင်ခြင်း)
• အသက်ရှူစနစ် အားနည်းပြီး အလုပ်မဖြစ်တော့ခြင်း (Respiratory Failure)
• ကလေး၏ ဖွံဖြိုး ကြီးထွားမှု နှေးကွေးသွားခြင်း(Growth Retardation)

 

ကလေးတစ်ယောက် ခဏခဏရင်ကျပ်သကဲ့သို့ အသက်ရှူကျပ်နေပါက ဖြစ်နိုင်သော အခြေအနေများ (Differential Diagnosis)

*******************************************************************************************

• Bronchial asthma
• Gastro-esophageal reflux
• Pulmonary eosinophilia
• Tropical eosinophilia
• Viral induced wheeze
• Foreign body
• Tuberculosis

 

ရောဂါကို စစ်ဆေးခြင်း(Investigation)
****************************
• ရင်ဘက်ကို ဓာတ်မှန်ရိုက်ခြင်း (နောက်ဆက်တွဲဝင်လာသော ရောဂါအခြေအနေများကို သိစေရန်ဖြစ်သည်)
• allergy ရှိမရှိ စစ်ဆေးခြင်း - Eosinophil count, IgE, Skin tests
• အဆုပ်ကောင်းမကောင်း စစ်ဆေးခြင်း (အသက် ၆ နှစ်အထက် ကလေးများတွင်
ပြုလုပ်သည်)
• PEFR- reduced
• FEV1 - reduced
• FVC - reduced
• FEV1/ FVC - reduced
• Arterial Blood gas
• Pulse oximetry

 

ရုတ်တရက် ရင်ကျပ်လာပါက ကုသပုံ
***************************
• High flow O2(5L/min)
• Nebulized Salbutamol
• Prednisolone(short course)
• if not improved, refer to ICU

 

အသက်အန္တရာယ်ရှိနိုင်သော လက္ခဏာများ ပေါ်ပေါက်လာပါက ကုသပုံ

***************************************************

• Infusion aminophylline
• IV hydrocortisone
• Reassess for progress

 

ရေရှည်အတွက် သိသင့်သောအချက်များ (Long Term Management)
**************************************************
ကလေးများတွင် ရင်ကျပ်ရောဂါဖြစ်ပွားပါက အများစုသည် လူပျိုအပျိုဖော်ဝင်စ အရွယ်တွင် သူ့အလိုလို ပျောက်ကင်းသွားတတ်သည်။ အချို့တွင်မူ နာတာရှည် ရင်ကျပ်ရောဂါအဖြစ် လူကြီးဘဝအထိ ပါသွားတတ်သည်။ 

 

ရင်ကျပ်ရောဂါသည် ဆေးသောက်ရုံ ဆေးရှူရုံဖြင့် ပျောက်ကင်းအောင် မကုသနိုင်သေးပါ။ ဆေးသောက်တယ် ဆေးရှူတယ်ဆိုတာက ရောဂါမဆိုးလာအောင် ခဏခဏမဖောက်အောင် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ သို့မှသာ ကလေးသည် ပုံမှန်အတိုင်း အခြားကလေးများနည်းတူ ကြီးထွားနိုင်မည်ဖြစ်သည်။ 

 

ရင်ကျပ်ရောဂါကို သောက်ဆေးဖြင့် ရောဂါမထအောင် ကာကွယ်သည့်နေရာ၌ဆေးများကို တစ်မျိုးခြင်းသော်လည်းကောင်း၊တွဲဖက်၍သော်လည်းကောင်းပေးရသည်။ နောက်ပြီး ပမာဏ အနည်းဆုံးမှ စပြီးပေးရသည်။ကလေးကိုဘေးထွက်ဆိုးကျိုးများ မခံစားရ စေရန်ဖြစ်သည်။ 

 

လက်ရှိပေးနေသည့် ဆေးဖြင့် မသက်သာမှသာ ဆေးပမာဏကို တိုးတန်တိုး အခြားဆေးဖြင့် တွဲဖက်၍ ပေးတန်ပေးရပါသည်။ လူကြီး ရင်ကျပ်ရောဂါတွင်လည်း ဤနည်းအတိုင်း ကုရပါသည်။ အလွန်ရှုပ်ထွေးသော ကုသမှုတစ်မျိုးဖြစ်ပါသည်။ 

 

ထို့ကြောင့် ငွေကြေးတစ်ခုတည်းကိုကြည့်ပြီး ဆေးဆိုင်များ ကွမ်းယာဆိုင်များမှ စပ်ပေးသော ဆေးများကို သောက်ပါက အနာတခြား ဆေးတခြားဖြစ်ပြီး ကုသမှုသည် မထိရောက်ဘဲ ဖြစ်တတ်ပါသည်။ မြန်မာများတွင် ရင်ကျပ်နှင့် ပတ်သက်ပြီး မှားယွင်းနေသည့် ယူဆချက်တစ်မျိုးလည်းရှိသေးသည်။ ရင်ကျပ်ရောဂါကို သက်သာစေရန် ရှူဆေး ၊ သောက်ဆေးနှင့် ထိုးဆေးများရှိသည်။ အချို့သော သူများက ရှူဆေးရှူပါက စွဲသွားတတ်သည်။ ဆေးကလည်း အရမ်းပြင်းသည် စသည်ဖြင့်ပြောကြသည်။ အမှန်တော့ Inhaler လို့ ခေါ်တဲ့ ရှူဆေးတွေဟာ ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်ပြီး အမြန်ဆုံး သက်သာစေတဲ့ ဆေးဝါးများ ဖြစ်ကြပါတယ်။ ထို့ကြောင့် အထက်ပါ ယူဆချက်များမှာ မှားယွင်းပါသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
ဇီဝက (ဆေး-၂)
Labels: Asthma, Lungs, Paediatrics
Sunday, November 21, 2010
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18