Print

ဂီတနှင့်ကလေးကျန်းမာရေး

  30-Oct-2016
Preview Image

 

ဂီတနှင့်လှုပ်ရှားမှုသည် ဒွန်တွဲလျက်ရိသည်။ ကလေးများသည် ဂီတကို နညး်မျိုးစုံဖြင့် အလိုက်သင့် တုန့်ပြန်ကြသည်။ ဥပမာ လက်ခုပ်တီးခြင်းအားဖြင့်၄င်း၊ နို့ဗူးများနှင့် စည်းလိုက်ခြင်းဖြင့်၄င်း၊ သူတို့ ၏ ေြချောင်းများကို တွ့န့်လိမ်ခြင်း (သို့) သူတို့၏ ခြေထောက်များကို လှုပ်ခါစည်းချက်လိုက်ခြင်းဖြင့်၄င်း၊ သူတို့၏ ဦးခေါင်းများ (သို့) သူတို့ကိုယ်လုံးကို လှုပ ်ရမ်းခြင်းဖြင့် ၄င်း သွက်လက်မြူးကြွသောတေးသီချင်းများမှ တဆင့် ပျော်ရွှင်ကြည်နှုူးမှုများက ပိုပြီးတွေ့ကြံုခံစားရသည်။ ထိုမှတစ်ဆင့် ရွေးချယ်ဆုံးဖြတ်တတ်ခြင်း၊ ညှိနိုင်းဆောင်ရွက်တတ်ခြင်း ၊နာခံတတ်ခြင်း အာရုံစိုက်လုပ်ဆောင်ခြင်းနှင့် ေြ ပာဆို ဆက်ဆံမှုကျွမ်းကျင်မှုရှိခြင်းတို့ ပိုမိုရရှိနိုင်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ကလေးတိုင်းအတွက် ဂီတနှင့်စောနိုင်သမျှ စောစောထိတွေ့စေရန်မှာ အလွန်အရေးကြီးလှပါသည်။ မိဘများကလည်း ၄င်းတို့၏ ကလေးများနှင့် အတူဂီတ နှင့် လှုပ်ရှားမှု လုပ်ဆောင်ချက်အချို့တွင် နေ့စဉ်ပါ၀င်ရန်မှာလည်း အရေးကြီးလှပါသည်။ ဂီတနှင့် လှုပ်ရှားမှု လုပ်ဆောင်ချက်များ၏ အကျိုးကျေးဇူးအချို့ကို ဖော်ပြပေးထားပါသည်။

 

- ဂီတသည် ဘာသာစကားဖွံဖြိုးတိုးတက်လာစေရန်နှင့် လူမှုဆက်ဆံရေးကောင်းမွန်လာစေရန် လှုံ့ဆော်ပေးသည်။

- လှုပ်ရှားမှုသည် အချင်းချင်းပြောဆို ဆက်ဆံရန်အတွက် လေ့ကျင့်မှုပုံစံများထဲမှ ပထမဆုံးတစ်ခုဖြစ်ပါသည်။

- လှု့ပ်ရှားမှုနှင့် ကခုန်ခြင်းလုပ်ဆောင်မှုများသည် အဆက်အစပ်ရှိမှုနှင့် ဟန်ချက်ညီမှုကို တိုးတိက်ကောင်းမွန်စေသည်။

- ဂီတသည် ကလေးမျာ၏ သဘောပေါက်နားလည်နိုင်မှုနှင့် သတိပြန်လည်ဖော်ထုတ်နိုင်မှု အရ့ည်အချင်းကို တိုးစက်စေသည်။

- ဂီတသည်လှုပ်ရှားမှု အစီအစဉ်များသည် နားထောင်နိုင်စွမ်းနှင့် အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေနိုင်သည်။

- ဂီတသည် ဝေါဟာရပိုင်းဆိုင်ရာကို တိုးပွားစေနိုင်သည်။

- ဂီတသည် ဖန်တီးတီထွင်နိုင်စွမ်းနှင့်ယဉ်ကျေးမှုဆိုင်ရာနားလည်သဘောပေါက်မှုကို တိုးပွားစေနိုင်သည်။

- ဂီတသည် တစ်ဦးနှင့် တစ်ဦးကြားဆက်ဆံမှုကို နွေးထွေးစွာခိုင်မြဲစေသည်။ ဟန်ချက်ညီပြီး စည်းဝါးကိုက်သော နရီစည်းကိုခံစားထိန်းသိမ်းထားနိုင်သည့် အရည်အချင်း က ကလေးတို့၏ သချာင်္နှင့် ပါက်သက်သော ယူဆချက်များတွင် ကျွမ်းကျင်ပိုင်နို်င်အောင် ကူညီသည်။

- ဂီတနှင့် လှုပ်ရျားမှုလုပ်ဆောင်ချက်များသည် လူတို့ နေ့စဉ်ကြံုတွေ့နေရသော ကိစ္စများဖြစ်သည် သီချင်းဆိုခြင်းနှင့် အသံထွက်စာဖတ်ခြင်း ၏ ကွာခြားမှု၊ နားထောင်ခြင်းနှင့် မိမိကပြောဆိုရခြင်းကွာခြားမှုကို သဘာဝအလျောက် သတိထားသိမြင်တတ်လာစေသည်။လှုပ်ရှားမှု လုပ်ဆောင်ချက်များက ငယ်ရွယ်သော ကလေးများကို အခြေခံကျသည့်လှုပ်ရှားမှုပုံစံများနှင့် ကျန်းမာသန်စွမ်းဖျတ်လတ်သော လူနေမှုပုံစံများ ဖွံ့ဖြိုးလာအောင် ကူညီနိုင်သည်။ သင်ယူမှုကို လှုပ်ရှားမှုက နှိုးဆွပေးသည် ဖန်တီးတီထွင်တတ်သော လှုပ်ရှားမှုက ကလေးများကို ပြိုင်ဘက်ကင်းသော၊ အောင်မြင်မှုကို တစိုက်မတ်မတ်ဦးတည်နိုင်ခြင်း၊ ဖန်တီးနိုင်စွမ်းရှိသော အတွေ့အကြံုများ၊ ရရှိလာအောင် အခွင့်အ လမ်းများ ဖြည့်ဆည်းပေးသည်။

 

ကလေးဘဝရဲ့ အစောပိုင်းအရွယ်သည် ဂိတ ဆိုင်ရာဖွံ့ဖြိုးမှုတွေနှင့် ထိတွေ့နိုင်ရန်အလွန် အရေးကြီးပါသည်။ ဂိတကို မှန်မှန်တီးခတ်သည့် (သို့ ) သီချင်းဆိုသည့် ကလေးများသည် စာပေဗဟုသုတနှင့် သချာင်္တွင်ပိုတော်ကြသည်။ ဂီတကို တီးမှုတ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းတို့သည် ကိုယ်လက်လှုပ်ရှားမှု စွမ်းရည်ကို တိုးပွားစေပြီး လက်နှင့် မျက်စိအဆက်အစပ်ရှိမှုကို တိုးတက် ဖွံ့ဖြိုးအောင် ကူညီပေးသောေြ့ကာင့်ကလေးများသည်။ သူတို့၏ ခန္ဒာကိုယ်များကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်စွမး်ရှိလာကြသည်။ ဂီတမှာ ပါ၀င်လှုပ်ရှားကြသည့် ထိုကလေးများသည် ကိုယ့်ကိုကိုယ်အထင်ကြီး လေးစားမှုရှိလာပြီး အများနှင့် ကစားရင်တွင်ပိုမိုအဆင်ပြေ ချောမွေ့စေနိုင်သည်။

 

ထို့ကြောင့်ကလေးတို့၏ ဘဝတွင် ဂီတနှင့် လှုပ်ရှားမှုကြွယ်ဝပေါများသော ပတ်ဝန်းကျင် တစ်ခု ကို ဖြည့်ဆည်းပေးရန် ဂီတ နှင့် ဆိုင်သည့် ကိ၇ိယာများကို စူးစမ်းရှာဖွေခွင့်ပြုရန်နှင့် အမျိုုးမျိုးသော စိတ်ဝင်စားဖွယ်ကောင်းသည့် ဂီတဆိုင်ရာ လုပ်ဆောင်မှုများစွာပါ၀င်ရန်တို့မှာ ကလေးသူငယ်ပြုစုစောင့်ရှောက်ပေးသူများနှင့် မူလတန်းကြိုဆရာမ ၏ အရေးကြီးသော တာဝန်ဖြစ်ပါသည်။ ECMMA (Early Childhood Music & Movement Association) ကဲ့သို့သောအဖွဲ့အစည်းများက နို့စို့အရွယ်ကလေးများနှင့် လမ်းလျှောက်ကာစ ကလေးများအတွက် ဂီတဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန် နည်းလမ်းျားကို အောက်ပါအတိုင်းအကြံပေးထားသည်။ ကလေးသူငယ်ပြုစုစောင့်ရှောက်သူများနှင့် မူလတန်းကြိုဆရာ၊ ဆရာများက နရိစည်းချက်များနှင့် အသံနေ အသံထားမျိုးစုံပါ၀င်သော သီချင်းများ ကာရန်များသီဆိုခြင်းနှင့် သံပြိုင်ရွတ်ဆို ခြငး်များကို သင်ရိုးမာျးတွင် ထည့်သွင်းသင်ကြားနိုင်ပါသည်။

 

ဂီတာတွင် နို့စို့အရွယ်ကလေးများနှင့် လမ်းလျှောက်ခါစ ကလေးများအတွက်အသံအရင်းမြစ်မျိုးစုံ ကိုလည်း ထည့်သွင်း ထားသင့်ခြင်း ရွေးချယ်ထားသည့် ဂီတနှင့် အလားတူ လက်တန်းသီချင်းများလည်း ပါရှိသင့်ပါသည်။ ဂီတရွေးချယ်ရာတွင် လည်း ကွဲပြားခြားနားမှုများရှိသင့်ပြီး ကျယ်ပြန့်သောယဉ်ကျေးမှုနှင့် ဟန်ပန်အမူအရာမျိုးစုံပါ၀င်သင့်သည်။ ထို့အပြင် ဂီတဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်တိုင်သီဆိုမှုများနှင့် ကက်ဆက်မှ နားဆင်မှု နှစ်မျိုးလုံး ကို ထိတွေ့ နိုင်ရန် ဖန်တီးပေးသင့်ကြောင်း အကြံပေးထားပါသည်။ယနေ့ကာလတွင် ကျွန်ုပ်တို့သည် ကလေးများကို ဘယ်လိုသင်ကြားရမယ် ဘယ်လိုတိုးတက်အောင်လုပ်ရမယ်ဆိုတာတွေကို အရင်ကထက်ပိုပြီးသိလာသည်။

 

“ဂီတသည် ဘဝမှာ မရှိမဖြစ်လိုအပ်သည်” ဆိုသော ကျွန်ုပ်တို့၏ ထင်မြင်ချက်ကို အတည်ပြုရန် အချက်အလက်များကို ကျွန်ုပ်တို့တွင် ရှိပါသည်။ကျွမ်းကျင်သူများသည် ဂီတနှင့် လှုပ်ရှားမှု၏ အကျိုးကျေးဇူးများနှင့် ပက်သက်ပြိး ဘာတွေကို တွေးတယ်ဆိုတာကို ဖတ်ကြည့်လိုက်ပါ။ ဂီတသည် လူသားများကို အတူတကွပေါင်းစည်းပေးသသည်။ ကလေးများသည် အုပ်စုလိုက်ဂီတကို အတူတကွတီးမှုတ်သီဆိုခြင်းဖြင့် ၄င်းအချင်းချင်း နားထောင်ခြင်းဖြင့်၄င်း သူတို့ကိုယ်သူတို့ရော အခြားသူများအကြောငး်ကို ရော လေ့လာသင်ယူနိုင်သည်။ ကလေးများသည် အတူတူ သီချင်းသီဆိုခြင်းအားဖြင့် (သို့) အခြားတစ်ယောက်၏ သီဆိုမှုကို ငြိမ်သက်စွာနားထောင်ရင်း မိမိ၏ စိတ်စွမ်းအားကိုမမျှော်လင့်ပဲ တွေ့ရှိသွားခြင်းဖြင့် ဖုံးကွယ်နေသော မိမိ၏ ရဲစွမ်းသတ္တိကို ရှာဖွေတွေ့ရှိသွားနိုင်သည်။

 

Healthcare.com.mm

 

Ref: Dr.အိအိခင်

Baby Mild



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18