Print

ကလေးများတွင် အစားအသောက်ပျက်ခြင်

  30-Oct-2016
Preview Image

 

ကလေးတွေကြီးထွားချိန်ရောက်ပြီဆိုရင် သူတို့ကောင်းမွန်စွာကြီးထွားခြင်းရှိမရှိ ဆုံးဖြတ်နိုင်တဲ့အဓိက အချက် ကတော့ အစာစားချင်စိတ်လို့ခေါ်တဲ့ Appetite ကိုလေ့လာစောင့်ကြည့်ခြင်းပဲဖြစ်ပါတယ် ။ ကလေးတွေဟာ သူတို့ရောက်ရှိနေတဲ့ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားခြင်းရှိမရှိ ၊ ဒါမှမဟုတ် အသက်အရွယ်နဲ့ ပုံမှန်ကြီး ထွားမှုမှာ တစ်ခုခု မှားယွင်းနေပြီဆိုရင်တော့ သူတို့ရဲ့ appetite ကို လေ့လာဆန်းစစ်ဖို့လိုနေပါပြီ ။ ကလေးတွေဟာ လှုပ်လှုပ်ရှားရှားရှိနေတဲ့အချိန်မှာ သူတို့မှာ ပုံမှန်အစာစားချင်စိတ် good appetite ရှိနေပြီး အဲဒီအ ချိန်မှာ သူတို့ဟာ ပိုမိုစားဝင်ပြီး လိုအပ်တဲ့အာဟာရနဲ့စွမ်းအင်တွေကို ရရှိပါတယ် ။ ဒါဟာ ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာအရ ကူညီပေးယုံသာမကပဲ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ( Psychological growth) ကိုပါ ကူညီထောက်ပံ့ပေးပါတယ် ။ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းဟာ စိုးရိမ် ပူ ပန်စရာကောင်းတဲ့အချက်အဖြစ် ထည့်သွင်းစဉ်းစားရပါမယ် ။ ဒါဟာကလေးရဲ့ ခန္ဓာကိုယ်နဲ့ ပတ် သတ်ပြီး မူမမှန်ဘူးဆိုတာ အချက်ပေးနေတာဖြစ်ပြီး ဘာကြောင့်အစားအသောက်ပျက်ရသလဲ ဆိုတဲ့ အကြောင်း ပြ ချက်ရှိပါတယ် ။

 

ဒီအခြေအနေကို စောစော သိနိုင်ဖို့လည်းလိုအပ်ပြီး အစားအသောက်ပျက်ခြင်းဟာ ဘယ်လို အခြေအနေမျိုးတွေကို ဦးတည်သလဲဆိုတာကိုလည်း နားလည်ဖို့လိုပါတယ် ။အစားအသောက်ပုံမှန်စားချင်စိတ်ရှိအအောင်လုပ်ဆောင်ပေးတဲ့စနစ်ဟာ ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီး အဲဒီ မှာ အစာ အိမ်နှင့်အူလမ်းကြောင်း ၊ adipose တစ်ရှူးများ ၊ ဦးနှောက် ၊ ဟော်မုန်းတွေနဲ့ အာရုံကြော စနစ်တွေ ပါဝင်ပတ်သတ်မှုရှိပါတယ် ။ Appetite Control Systme ( ACS) ဟာ ဦးနှောက်ထဲမှာရှိပြီး အစာစားချင် စိတ် ၊ အစာစားတဲ့အလေ့အထနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိမ်းချုပ်ပေးပါတယ် ။ ACS ဟာ ခန္ဓာကိုယ်အလေးချိန် ၊ အပူချိန် ၊ လှုပ်ရှားမှု ၊ ရာသီဥတု ၊ မိန်းမတွေမှာ မျိုးပွားစက်ဝန်း အစားအသောက်ရရှိနိုင်မှု ၊ သုံးစွဲမယ့် စွမ်းအင်ပ မာဏနဲ့ အစာဘယ်လောက်စားရမယ် ဘယ်အချိန်စားရမယ်စတဲ့ သတင်းအချက်အလက်တွေကို စုစည်းလုပ်ဆောင်ပါတယ် ။

 

ကလေးငယ်တွေ ဘာကြောင့်အစားအသောက်ပျက်သလဲ ?

**************************************************

ကလေးငယ်တွေမှာ အစားအသောက်ပျက်ခြင်းကို ဂရုတစိုက် screen လုပ်ဖို့လိုအပ်ပြီး အကယ်၍ ကလေးငယ် တစ်ယောက်ဟာ အစားအသောက်ပျက်ပြီဆိုရင် မူမမှန်တဲ့ လက္ခဏာအဖြစ် ထည့်သွင်း စဉ်းစားရပါမယ် ။

 

၁ ။ Influenza ( တုပ်ကွေး )

အဖြစ်များတဲ့ တုပ်ကွေးဖျားနာခြင်းဟာ ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ် ။ Flu လို့ခေါ်တဲ့ တုပ်ကွေးဗိုင်းရပ်စ် ဝင်ပြီဆိုရင်တော့ ကိုယ်ပူချိန်တက်ပြီး ဖျားနာခြင်း ၊ နှာရည် ယိုခြင်း ၊ ခေါင်းမူးခြင်းနဲ့ ပါးစပ်ထဲမှာ ခံတွင်းပျက်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရပါမယ် ။ အဲဒီအချိန် အတောအတွင်းမှာ ခန္ဓာကိုယ်က ဘတ်တီးရီးယား ကြီးထွားမှုကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ချက်ကို ပြန်ရဖို့ ကြိုးစားပါတယ် ။ အဲဒီအချိန်မှာပဲ ခန္ဓာကိုယ်ရဲ့ energy level ဟာနိမ့်ကျနေပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း ကောင်းမွန်စွာ ပုံမှန်မလုပ်ဆောင်နိုင်သေးပါဘူး ။ အဲဒီအချိန်မှာပဲ အစာချေ စနစ် ဟာ ပုံမှန်မဟုတ်တဲ့အတွက် အစားအသောက်ပျက်လာခြင်း (Loss of appetite) ကို ခံစား ရပါတယ် ။

“ ဒါကြောင့် ကလေးတစ်ယောက် ရုတ်တရက် အစားအသောက်ပျက်ပြီးဆိုရင် သူ့ရဲ့ကိုယ် အပူချိန်ကို စမ်းကြည့်ဖို့ မမေ့ပါနဲ့ ”

 

၂ ။ ဝမ်းချုပ်ခြင်း ( Constipation)

ကလေးငယ်တွေကို အစားအသောက်ပျက်စေတဲ့ နောက်အကြောင်းတစ်ခုကတော့ ဝမ်းချုပ်ခြင်းပဲဖြစ်ပါတယ် ။ ဝမ်းချုပ်တဲ့အခါ ပုံမှန် bowel movement တွေကို တားဆီးပေးထားပြီး ဗိုက်ထဲမှာ လေတွေနဲ့ ပြည့်နေသလို ခံစားနေ ရလေ့ရှိတယ် ။ ဒီလို bowel movement တွေမကောင်းတဲ့အခါ စနစ်တစ်ခုလုံးကို သက်ရောက်စေလေ့ ရှိပြီး အစားအသောက်ကို ပျက်စေပါတယ် ။

 

၃ ။ အစာ စားချိန်ကြားတွင် သရေစာများစားခြင်း

အထူးသဖြင့်ငယ်ရွယ်တဲ့ကလေးတွေဟာ သရေစာကို နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြပါတယ် ။ ထမင်းစားပွဲပေါ်မှာ သူတို့ စိတ်ဝင်စားတဲ့အရာ ရှာမတွေ့ဘူးဆိုရင်တော့ ဒါဟာ အစားအသောက်ပျက်ခြင်းကို ဦးတည်နေပါပြီ ။ Junk Food လို့ခေါ်တဲ့ ဗိုက်ပြည့်စေတဲ့သရေစာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းအောင်ထုပ်ပိုးထားတဲ့ snack တွေ ဟာ လည်း ထမင်းစားချိန်မတိုင်ခင်စားမိရင်လည်း ဗိုက်ပြည့်နေစေပြီး အကျိုးမရှိပါဘူး ။ ဒီလိုစားထားမိရင် ထမင်းစား ချိန်ရောက်တဲ့အခါ အစားအသောက်ပျက်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ဒါကြောင့်ကလေးတွေကို ထမင်းကျွေး တဲ့အခါ သူတို့စိတ်ဝင်စားတဲ့အရာလေးတွေ သူတို့ စားချင်မယ့်အရာလေးတွေကို ပုံစံတစ် မျိုးနဲ့့ ကျွေး ဖို့လိုအပ်ပါသေးတယ် ။

 

၄ ။ ဖိအားနှင့် စိတ်ဖိစီးမှု

အရေးကြီးတဲံ့ အစည်းအဝေးတစ်ခု အရေးကြီးတဲ့ meeting တစ်ခုရှိနေပြီဆိုရင် စိတ်တွေတင်းကြပ်ပြီး သင်ရော အစားအသောက် ပျက်တယ်လို့ ခံစားမိပါသလား ။ အတူတူပါပဲ ။ ကလေးတွေမှာလည်း ဖိအားတွေ စိတ်ဖိစီး မှုတွေကြံု လာရပြီဆိုရင် ခန္ဓာကိုယ်က အန္တရာယ်ရှိစေတဲ့ ဓါတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပြီး အစာစားချင် စိတ်ကို ထိန်းချုပ်လိုက်ပါတယ် ။ ကလေးတစ်ယောက်ဟာ ငြိမ်သက်နေပြီဒါမှမဟုတ် အထီးကျန်နေပြီဆိုရင် ၊ ကျောင်း သွားဖို့ ငြင်းဆန်နေပြီဆိုရင်တော့ ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ် ။ သူတို့ ကို နွေးထွေးစွာ ဆက်ဆံဖို့လိုအပ်ပြီး ကျောင်းမှာ ဒါမှမဟုတ် အိမ်မှာ ဘာပြဿနာတွေရှိလည်းဆိုတာကို ကူညီဖြေ ရှင်းပေးရမှာဖြစ်ပါတယ် ။

 

၅ ။ အခြားအကြောင်းအရာများ

ငယ်ရွယ်တဲ့ကလေးတွေသာမက အသက်အနည်းငယ်ကြီးတဲ့ လူငယ်တွေနဲ့ လူကြီးတွေမှာလည်း အစား အသောက် ပျက်ခြင်းတွေကို ဖြစ်စေတဲ့ အခြားအကြောင်းပြချက်များစွာ ရှိပါသေးတယ် ။ အဲဒါတွေကတော့

- အူထဲတွင် သံကောင်တုပ်ကောင်များ ရှိခြင်း

- Bulemia ရောဂါ

- စိတ်ကျရောဂါ

- ဆေးဝါးများ ( ပိုးသတ်ဆေးများ ၊ အကိုက်အခဲပျောက်ဆေးများ ၊ ကင်ဆာဆေးများ ၊ ဗိုင်းရပ်ကုသဆေးများ ၊ နှလုံးဆေးများ ၊ ကိုဒင်း ၊ မော်ဖင်း စသည်)

- ထမင်းစားချိန် မမှန်ခြင်း

- အလွန်အမင်းဂိမ်းဆော့ခြင်း

- အလွန်အမင်းတီဗီကြည့်ခြင်း စသည်တို့ဖြစ်ပါတယ် ။

ဘာကြောင့်ကလေးတွေ အစားအသောက်ပျက်ရသလဲဆိုတဲ့ အဓိက အကြောင်းပြချက်တွေရှိပါတယ် ။ ဒါကြောင့် ကလေးတွေကိ မိဘတွေအနေနဲ့ သေချာဂရုတစိုက်နဲ့ ရုပ်ကျန်းမာရေး သာမက စိတ်ကျန်းမာရေးကို အလေးထားပြီး Care လုပ်ဖို့လိုအပ်ပါတယ် ။ အကယ်၍ လိုအပ်မယ်ဆိုရင်တော့ Appetite stimulant လို့ခေါ်တဲ့ အစာစား ချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဆေးတွေ တိုက်ကျွေးနိုင်ပါတယ် ။

 

Healthcare.com.mm

 

Ref : Internet ( Loss of appetite in children)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18