Print

Autism_ အော်တဇင် ကလေးရောဂါ

  30-Oct-2016
Preview Image

 

Autism ဆိုတာ Neural development အာရုံကြော ချွတ်ယွင်းတဲ့ရောဂါ ဖြစ်တယ်။ Social interaction and communication လူမှုအသိုင်းအဝိုင်းမှာ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေမှာ အားနည်းနေမယ်။ Restricted and repetitive behavior အမူအယာ၊ အပြုအမူလဲ ပုံမှန်မဟုတ်ဘူး။ ၆ လလောက်မှာ စပေါ်ပေမဲ့ ၃ နှစ်အရွယ်မှာ သိသာတတ်တယ်။ မိဘတွေကနေ ၂ နှစ်အရွယ်လောက်ကစပြီး သတိထားမိလေ့ရှိတယ်။ကလေးဟာ Information processing သူရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ကနေ ပုံဖေါ်ရာမှာ ကောင်းကောင်း မလုပ်နိုင်လို့ ဖြစ်ရတယ်။ အဲလိုမျိုး ဖြစ်တတ်တာ ၃ မျိုးထဲက တခုဖြစ်တယ်။ ရှုတ်ထွေးလှတဲ့ Genetic basis မျိုးဗီဇနဲ့ ပတ်သက်ပြီး ဖြစ်လာတယ်။မူမှန်တာတွေက တဖြေးဖြေးပိုသိသာလာတယ်။

 

စောစော ပြုပြင်-ပြုစုပေးတာ ကောင်းတယ်။ သူ့ဖါသာသူ တတ်လာစေအောင် ပြင်-သင်ပေးရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပျောက်အောင်ကုသနည်း မရှိသေးပါ။ သက်သာလာသူတွေတော့ ရှိပါတယ်။ အဲလိုကလေးမျိုးဟာ သူတယောက်ထဲတော့ မရပ်တည်နိုင်ပါ။ တချို့တော့ အတော်နေနိုင်တာလဲ ရှိပါတယ်။ရောဂါလက္ခဏာ အစုအေဝးရှိတယ်။ Social interaction လူမှုဝန်းကျင်ဆက်ဆံရေး၊ Communication ဆက်သွယ်ရေး၊ Interests စိတ်ဝင်စားမှု နည်းတာ နဲ့ Repetitive behavior တခုခုကို ထပ်ခါထပ်ခါ လုပ်ချင်တဲ့ အကျင့်တွေ ဖြစ်မယ်။ ဒါတွေအပြင် အစားစားပုံကလဲ သူများနဲ့မတူ ဖြစ်နေနိုင်တယ်။ ၁၂ လ အထိ ဘူးမမှုတ်ဘူး၊ ဘိုင့်ဘိုင် မလုပ်တတ်သေးဘူး၊ ၁၆ လ အထိ စကားတလုံး မပြောတတ်သေးဘူး၊ ၂၄ လအထိ စကား ၂ လုံးတွဲ မပြောတတ်သေးဘူး။Diagnosis ရောဂါ ဟုတ်-မဟုတ်ကို အမူအယာကို ကြည့်ပြီးသာ သိနိုင်တယ်။ အထူးကု ဆရာဝန်တွေကနေ သတ်မှတ်ချက်တွေ လုပ်ထားတာရှိတယ်။ ဥပမာ ၆ ချက်ထဲက ၂ ချက်ရှိနေရင် ဒီရောဂါ ဟုတ်တယ်။

 

Management ဘယ်လိုပြုစုပေးမလဲ

ဦးတည်ချက်ဟာ (၁) အားနည်းချက်တွေကို နည်းစေရေး၊ (၂) မိသားစု စိတ်သောက နည်းစေရေး နဲ့ (၃) သူ့ဖါသာသူ ရပ်တည်နိုင်သလောက် ရပ်တည်စေနိုင်ရေးတွေ ဖြစ်တယ်။ဘယ်ကုနည်းကမှ အကောင်းဆုံးလို့တော့ မရှိသေးပါ။ မိသားစု နဲ့ ကျောင်းတွေကနေ ပြင်ပေးရတယ်။ စိတ်ပြုပြင်မှု လုပ်ပေးတာကလဲ တချို့ကလေးတွေကိုတော့ ပိုကောင်းစေတယ်။ အားလုံးတော့ မဟုတ်ဘူး။ Special education programs အထူးပညာသင်ကြားမှု၊ Behavior therapy အမူအယာ ပြုပြင်ပေးမှုတွေကို ကလေး ငယ်ငယ်ကတည်းက ကျကျနနလုပ်ပေးတာ အကောင်းဆုံးနည်းဖြစ်တယ်။ ၃ နှစ်အရွယ်က ကောင်းပါတယ်။Applied behavior analysis (ABA) အမူအယာ ခွဲခြမ်းစိတ်ဖြာခြင်း၊ Developmental models ဖွံ့ဖြိုးရေးပုံစံ၊ Structured teaching ပုံစံသွင်းခြင်း၊ Speech and language therapy စကားပြောသင်ခြင်း၊ Social skills therapy လူမှုဆက်ဆံရေး၊ နဲ့ Occupational therapy လုပ်ငန်းခွင် သင်တန်းနည်းတွေ ရှိတယ်။

 

Educational interventions ပညာရေးနည်းကနေ တိုးတက်စေနိုင်ပါတယ်။ တယောက်နဲ့တယောက်တော့ မတူဘူး။Medications ဆေးဝါးတွေလဲ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပေးနိုင်တယ်။ အမေရိကားမှာတော့ ကလေး ထက်ဝက်လောက်ကို Psychoactive drugs စိတ်ဆေးတွေနဲ့ Anticonvulsants အတက် သက်သာဆေးတွေကို ပေးတယ်။ အများဆုံး သုံးတာတွေကတော့ Antidepressants စိတ်မကျဆေး၊ Stimulants စိတ်တက်ကြွဆေးတွေနဲ့ Antipsychotics စိတ်ဆေးမျိုးတွေ ဖြစ်ကြတယ်။ တယောက်နဲ့ တယောက် ဆေးကုသမှုမှာ ထိရောက်တာ မတူကြဘူး။ ဒီလို ကလေးတွေကို အထူးသင်ပေးတဲ့ ကျောင်းတွေမှာ ဆရာ-ဆရာမတွေမှာ အထူးကျွမ်းကျင်မှုတွေ ရှိကြရတယ်။Homeopathy (ဟိုမီယိုပသီ) ဆေးကုသနည်းလဲ ရှိတယ်။ တခြားနည်းတွေလဲ ရှိတော့ရှိတယ်။ သုတေသန လုပ်ထားတာ နည်းသေးတယ်။ ကလေးကို ပိုဒုက္ခပေးတာလဲ ရှိတတ်တယ်။

 

Prognosis အလားအလာလုံးဝ ပျောက်တာတော့ မရှိပါ။ တချို့ ကောင်းလာတယ်။ ဘယ်လောက် အဲလိုကောင်းသလဲ မသေခြာဘူး။ ၃-၂၅% ဖြစ်နိုင်တယ်။ ၅ နှစ်အရွယ်မှာ စကား ပြောနိုင်လာတာ များတယ်။ IQ 50 နဲ့ ကျွမ်းကျင်မှုတခုခုရှိတာ ကောင်းတဲ့တိုးတက်မှု ဖြစ်တယ်။၁၉၈ဝ မတိုင် ဗြိတိန် သုတေသနတခုအရ (အိုင်ကျူ) ၅ဝ ရှိသူကလေးတွေထဲက ၁၂% ဟာ ကြီးလာတဲ့အခါ သူ့ဖါသာသူ ရပ်တည်နိုင်လာတယ်။ ၁ဝ% ဟာ အလုပ်လုပ်ရာမှာ အကူအညီလိုတယ်။ ၁၉% ဟာ အိမ်မှာတင်နေကြရပြီး၊ သူများ အကူအညီ ယူရတယ်။ ၄၆% ဟာ အထူးပြုစုစောင့်ရှောက်မှု လိုကြတယ်။ ၁၂% ဟာ ဆေးရုံတင်ကုသမှု လိုတယ်။၂ဝဝ၅ ခုနှစ် ဆွီဒင် သုတေသနတခုအရ IQ နည်းသူတွေအပါအဝင် ဖြစ်နေသူပေါင်း ရ၈ ယောက်ကို စစ်ဆေးတဲ့အခါ ၄% သာ ဖါသာရပ်တည်နိုင်ကြတယ်။၂ဝဝ၈ ခုနှစ် ကနေဒါ လေ့လာမှုတခုအရ လူလတ်ပိုင်း ၄၈ ယောက်ကို လေ့လာတော့ ၄% ကအတော်ကောင်း၊ ၁၇% က ကောင်း၊ ၃၂% က သင့် နဲ့ ၄၆% မှာ ညံ့တာ တွေ့ရတယ်။ သူတို့ထဲက ၅၆% ဟာ အလုပ်တချို့မှာ ဝင်လုပ်နိုင်ကြတယ်။

 

Dr. တင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18