Print

သရေစာနှင့် ကလေးများ၏ သွားကျန်းမာရေး

  30-Oct-2016
Preview Image

 

အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ သွားများပျက်စီးမှုနှုန်း မြင့်တက်လာခြင်းပင်ဖြစ်ပါသည်။ အသက်အပိုင်းအခြားအလိုက် သွားများပျက်စီးမှုဆိုင်ရာနှုန်းကို ဆန်းစစ်လေ့လာရာတွင် အောက်ပါအတိုင်းတွေ့ရှိရသည်။

(က) ၄ နှစ်မှ ၆ နှစ် ၃၇%

(ခ) ရ နှစ်မှ ၁၀ နှစ် ၅၅%

(ဂ) ၁၁ နှစ်မှ ၁၄ နှစ် ၅၁%

(ဃ) ၁၅နှစ်မှ ၁၈ နှစ် ၆၇%

 

ယင်းအပြင် ကလေးများ၏ ၃၅ ရာခိုင်နှုန်းသည် သွားဖုံးကျန်းမာရေး ကောင်းမွန်မှုမရှိသည်ကိုလည်း တွေ့ရှိရသည်။ အသက်အပိုင်းအခြားအလိုက်ဆိုပါမှု

 

(က) ၄ နှစ်မှ ၆ နှစ် ၁၆%

(ခ) ၁၁ နှစ်မှ ၁၈ နှစ် ၄၄%

 

အချိုရည်သောက်သုံးခြင်း

လေ့လာချက်အရ အသက် ၄ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးများထက်ဝက်ခန့်၏ သွားများသည် တိုက်စားပျက်စီးလျက်ရှိသည်ဟု ဆိုသည်။ ကလေးများသောက်သုံးသောအချိုရည်များနှင့် အချို့သော သစ်သီးဖျော်ရည်များတွင် ပါ၀င်သော အက်စစ်ဓာတ်က သွားများကို ဆွေးမြည့်စေခြင်း ဖြစ်သည်။ထိုကဲ့သို့ အခြေအနေမျိုးကို ဆယ်ကျော်သက်လူငယ်များတွင် အများဆုံးတွေ့ရတတ်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းအထက်အုပ်စုဝင် ကလေးများသည် အချိုရည်များကိုနှစ်ခြိုက်ခုံမင်စွာ သောက်သုံးလေ့ရှိခြင်းကြောင့်ဖြစ်သည်။ဆယ်ကျော်သက် အများစုသည် သွားကျန်းမာရေး၏ အရေးပါပုံကို သိရှိထားကြသဖြင့် ယင်းတို့အနက်သုံးပုံနှစ်ပုံသည် တစ်နေ့လျှင် သွားနှစ်ကြိမ်တိုက်ကြကြောင်း၊ အချို့မှာ သွားဆရာဝန်များထံ ပုံမှန်ပြသကုသမှု ခံယူသောလူငယ်များမှာမူ သွားများပျက်စီးမှု နည်းပါးသည်ကို တွေ့ရှိရကြောင်း လေ့လာချက်များအရ သိရှိရသည်။

 

ကလေးများ၏သဘာဝ သကြားဓာတ်ပါသော အစားအသောက်များအချိုရည် (Soft Drink, Drinks) များကို ခုံမင်နှစ်သက်တတ်သည်ဖြစ်ရာ ယင်းတို့စိတ်ဆန္ဒရှိသကဲ့သို့ စားသောက်ရန်အတွက် ခွင့်မပြုသင့်ဘဲ သွားကျန်းမာရေးအတွက် ချင့်ချိန်စားသောက်ရန် မိဘများက လမ်းညွှန်ပေးရသည်။ကလေးများကို ငယ်ရွယ်စဉ်ကပင် အစာစားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အကျင့်၊ အိပ်ရာဝင်၊ အိပ်ရာထအချိန်များတွင် စနစ်တကျသွားတိုက်သည့် အလေ့အကျင့်တို့ကို ပြုစုပျိုးထောင်လေ့ကျင့်ပေးရန် လိုအပ်သည်။သွားဆရာဝန်များဖြင့်လည်း ပုံမှန်စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါကို လက်ဦးမှုရယူရန် လိုအပ်သည်။

 

Healthcare.com.mm

 

Ref: အောင်ဇင်



Related Articles


Advertisment 18