Print

တစ်နှစ်အောက်ကလေးငယ်များသေဆုံးမှုတွင် မွေးကင်းစကလေးသေဆုံးမှုများက အဓိကပ...

  30-Oct-2016
Preview Image

 

၁။ ကလေးကို နွေးထွေးစွာထားရှိခြင်း။

မေးကင်းစကလေးသေဆုံးမှုများကို ကာကွယ်ရန် မွေးကင်းစ ကလေးငယ်များကို နွေးထွေးစွာထားရှိရန် အရေးကြီး ပါသည်။ ကလေးငယ်၏ခန္ဓာကိုယ်မှ အပူ ဓာတ်များ ဆုံးရှံုးမှု မရှိစေရန် မိခင်၏ခန္ဓာကိုယ်မှ ထွက်လာသည်နှင့် ကလေးငယ်အား ခြောက်သွေ့အောင် သုတ်ပြီး နူးညံ့ခြောက်သွေ့ သန့်ရှင်းသောအဝတ်ဖြင့် ထွေးထားဖို့ လိုပါတယ်။ ဦးထုပ်ဆောင်းထားခြင်း သို့မဟုတ် ခေါင်းကို အနှီးဖြင့်အုပ်ထားရန် လိုပါတယ်။ မိခင်နှင့် ကလေးငယ်ကို တစ်ခန်းထဲထားပါ။ ခွဲမထားပါနှင့်။ မိခင်မှ လက်လှမ်းမီ သောနေရာတွင် အတူထားပါ။ အကယ်၍ အကြောင်း အမျိုးမျိုးကြောင့် ခွဲထားရန် လိုအပ်ပါက ကလေးငယ်အား နွေးထွေးမှုရှိစေရန် အဝတ်၊ စောင် စသည်ဖြင့် ထွေးထားပါ။ မွေးပြီး ပထမရက်များတွင် ကလေးငယ်ခြေဖျားလက်ဖျား များကို ၄နာရီတစ်ကြိမ် အနွေးဓာတ်ရှိမရှိ စမ်းကြည့်ပါ။ အေးနေလျှင် မွေးကင်းစကလေး ပြန်လည်နွေးထွေး လာစေရန် ဆောင်ရွက်ပါ။

 

ကလေးငယ်သည် အခြားသူများနှင့် နှိုင်းယှဉ်လျှင် အဝတ်တစ်ထပ်ပိုလိုကြောင်း မိခင်နှင့် မိသားစုမှ သိရှိလိုက်နာကြရန် လိုအပ်ပါသည်။ အေးသောရာသီ သို့မဟုတ် အေးသောနေရာဒေသများတွင် အခန်းအတွင်း နွေးနေအောင် စီစဉ်ထားရှိရပါမည်။ အေးသောကြမ်းပြင်၊ အခင်းပေါ်တွင် မထားရပါ။ မိခင်နှင့်အတူသိပ်ပါ။မွေးကင်းစကလေးအား ပြန်လည်နွေးထွေးလာစေရန် ဆောင်ရွက်ဖို့လိုပါသည်။ ကလေးအားပြန်လည်နွေးထွေးလာစေရန် မဆောင်ရွက်မီ အေးစက်နေသောကလေး အဝတ်အစားများကို ဦးစွာချွတ်လိုက်ပါ။ နွေးသောအဝတ်များကို ပြန်ဝတ်ပေးပါ။ ဦးထုပ်ဆောင်းပေးခြင်း၊ ခြေအိတ်လက်အိတ်စွပ်ပေးခြင်း၊ ဘောင်းဘီဝတ်ပေးခြင်းများ ပြုလုပ်ပေးပါ။ ကလေးကို မိခင်၏ရင်ဘတ်ပေါ်တင်ပြီး မိခင်နှင့်အသားချင်း ထိကပ်ပေးပါ။ ကလေးကိုယ်ပေါ်တွင် မိခင်၏အကျီင်္ဖြင့် ဖုံးအုပ်လိုက်ပြီး ထပ်မံ၍ နွေးနေသော စောင်တစ်ထည် ခြံုပေးပါ။

 

သာမန်ကိုယ်အပူချိန် ရောက်သည်အထိ ကလေးကို အသားချင်းထိလိက် အတူထားရှိပါ။ ကိုယ်အပူချိန် ပုံမှန် ဖြစ်မဖြစ် တစ်နာရီတစ်ကြိမ် ကိုယ်အပူချိန်တိုင်းပါ။ ထို့နောက် ဆက်လက်၍ ကလေးကိုယ်အပူချိန်ပုံမှန်ဖြစ်သည်အထိ နွေးထွေး စွာထားပါ။ လမစေ့သော ကလေး၊ ကိုယ်အလေးချိန် မပြည့်သော မွေးကင်းစကလေးကို မိခင်နှင့် အသားချင်း ထိကပ်၍ နေ့ရောညရောထားနိုင်သမျှ ထားရှိရန် လိုအပ်ပါသည်။ ကလေးငို ပြန်နွေးလာစေရန် ပြုလုပ် သည့်အခန်းသည် အနည်းဆုံး အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ရှိရပါမည်။ ပုံမှန်အပူချိန် ၃၆.၅ဒီဂရီစင်တီဂရိတ် မရှိသေးလျှင် ကလေးအားနှစ်နာရီကြာ နွေးထွေးစေ ပြီးနောက် ပြန်စမ်းသပ်ကြည့်ပါ။ အကယ်၍ ညွှန်းပို့ရန် လိုအပ်ပါက ကလေးကို မိခင် သို့မဟုတ် လိုက်ပါ ပို့ဆောင်သူနှင့် မသားချင်း ထိကပ်လျက် အနေအထားဖြင့် ဆေးရုံသို့ ပို့ဆောင်ရပါမည်။

 

 

၂။ ချက်တိုင်ကိုပြုစုစောင့်ရှောက်ခြင်း။

မွေးကင်းစကလေးများတွင် ချက်တိုင်ပိုးဝင်ခြင်းကြောင့် သေဆုံးရခြင်းမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။ ချက်တိုင်ကို မစစ်ဆေးမီ နှင့် စစ်ဆေးပြီးတိုင်း လက်ကိုဆပ်ပြာနှင့် သေချာဆေးကြောပါ။ ချက်တိုင်ငုတ်အပေါ်နှင့် အထဲသို့ မည်သည့်အရာမျှ (ဆေးတစ်စုံတစ်ရာအပါအဝင်) မထည့်ရပါ။ သန့်ရှင်းသောအဝတ်အစား ချောင်ချောင်ချိချိ ဝတ်ပေးခြင်းဖြင့် လေသလပ်ထားပေးပါ။ ချက်တိုင်ငုတ်စိုနေလျှင် သန့်ရှင်းသောရေ၊ ဆပ်ပြာတို့ကို သုံး၍ဆေးပေးပါ။ သန့်ရှင်းသောအဝတ်ဖြင့် ခြောက်သွေ့အောင် အနှံ့သုတ်ပေးပါ။ ကလေး၏ချက် နီခြင်း၊သွေးထွက်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း ဖြစ်ပါက ကလေးငယ်ကို ကြည့်ရှုစစ်ဆေးပြီး စောင့်ရှောက်မှုရရန် စီစဉ်ပါ။ မိခင်ကို ကျနိးမာရေးစောင့်ရှောင်မှုရအောင် ရှင်းပြပါ။ ပုံမှန်ချက်သည် ပထမရက်တွင် ပြာတာတာ ဖြူတူတူအရောင်ရှိပါသည်။ ထို့နောက် ခြောက်၍ရှံု့လာသည်။ ရ ရက်မှ ၁၀ ရက်အတွင်း အဆိုပါချက်မှာ ကြွေလာပါလိမ့်မည်။ မည်သည့်အရည်မှ မထွက်ပါ။

 

၃။ တစ်ကိုယ်ရည်သန့်ရှင်းရေး ပြုလုပ်ပေးခြင်း။

ကလေးကို နေ့စဉ် မျက်နှာ၊ လည်ပင်းနှင့် လက်အကြား များကို ရေပတ်သုတ်ပေးပါ။ ချက်ကြွေပြီးမှ ရေနွေးနွေးဖြင့် ရေချိုးပေးပါ။ ရေချိုးခန်းသည် နွေးနေရမည်။ လေအေး မဝင်စေရပါ။ လေတိုက်နိုင်သောနေရာတွင် ကလေးအား ရေမချိုးပေးပါနှင့်။ ဆပ်ပြာကို အသုံးပြုပါ။ ရေချိုးပြီးလျှင် ခြောက်သွေ့အောင် သုတ်ပေးပြီး နွေးထွေးသန့်ရှင်းသော အဝတ်ဝတ်ပေးပါ။ ဆီး၊ဝမ်းသွားပြီးလျှင် ဆေးကြော သန့်စင်၍ ခြောက်သွေ့အောင်သုတ်ပေးပါ။ ပြီးလျှင် လက်ဆေးပါ။ ကလေးမကိုင်မီနှင့် ကိုင်ပြီးတိုင်း ဆပ်ပြာနှင့် လက်ဆေးပါ။

 

၄။ အခြားပြုစုစောင့်ရှောက်ခြင်းများ။

ကလေးကို ပက်လက် သို့မဟုတ် ဘေးစောင်းသိပ်ပါ။ မီးခိုးများ၊ ဆေးလိပ်မီးခိုးများကို ကလေးမရှူမိစေရန် သတိပြုပါ။ နေမကောင်းဖြစ်နေသောလူကြီး၊ သို့မဟုတ် အခြားကလေးများနှင့် အနေဝေးပါစေ။ ကလေးအိပ်စဉ် နေ့ရောညပါ ခြင်ထောင်အသုံးပြုပါ။ ခြင်နှင့် အခြားပိုးမွှား များမှ ကာကွယ်ပေးနိုင်ပါသည်။ အခြားကလေးများ၏ အသုံးအဆောင်များနှင့် ရောနှော အသုံးမပြုဘဲ သီးသန့် သုံးစွဲနိုင်ရန် ပြုလုပ်ပေးပါ။

 

Healthcare.com.mm

 

Ref: ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18