Print

ကလေးငယ်များတွင် ဖြစ်တတ်သော အရေပြားရောဂါများ ကာကွယ်ရန်နည်းလမ်း

  30-Oct-2016
Preview Image

 

ကလေးငယ်များ၏ အရေပြားမှာ အလွန်နူးည့့ံသိမ်မွေ့ပြီး အနည်းငယ်ပွန်းမိ၊ ခြစ်မိရုံမျှဖြင့် (သို့မဟုတ်) အဖုအပိမ့်လေးများ ပေါက်လာရုံဖြင့် ၎င်းတို့ကို အလွန်ယားယံစေသည်။မွေးကင်းစကလေးငယ်များတွင် အဖုအပိမ့်များ မကြာခဏပေါက်လေ့ရှိသော်လည်း အဖုအပိမ့်အများစုမှာ အန္တရာယ်မရှိဘဲ ရက်အနည်းအငယ်အတွင်း အလိုလိုပျောက်သွားလေ့ရှိသည်။ ကလေးငယ်များအတွက် သေးခံအသုံးပြုရာတွင် အလွန်တင်းကျပ်စွာ မဝတ်ပေးမိရန် အရေးကြီးသည်။ သေးခံဝတ်ထားသော နေရာတစ်ဝိုက်ကို မကြာခဏစစ်ဆေးပါ။ ယင်းနေရာတစ်ဝိုက် အနီရောင်သမ်းနေခြင်း၊ အဖုအပိမ့်လေးများ ထွက်လာခြင်းတို့ကို တွေ့ရှိပါက အရေပြားယားယံခြင်းကို ပျောက်စေသော လိမ်းဆေးလိမ်းပေးပြီး ယင်းနေရာကို ဖွင့်ထားပါ။ တတ်နိုင်သမျှ ခြောက်သွေ့အောင်ထားပါ။  လိုအပ်သည်ထင်တိုင်း သေးခံမကြာမကြာလဲပေးပါ။ ညဘက်တွင်လည်း သေးခံအနည်းဆုံးတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လဲပေးပါ။ပေါင်ဒါမှုန့်လိမ်းပေးခြင်း ရှောင်ပါ။ ပေါင်ဒါမှုန့်လိမ်းပေးချိန်တွင် ပေါင်ဒါမှုန့်များ ကလေးငယ်၏ နှာခေါင်းမှတစ်ဆင့် ရှူသွင်းမိလေ့ရှိ သဖြင့် ကလေးငယ်ကို မသက်မသာ ဖြစ်စေနိုင်သည်။ အကောင်းဆုံးနည်းမှာ ကလေးငယ်အနည်းဆုံး လေးလအရွယ်မှ ခြောက်လအရွယ်အထိ ပေါင်ဒါမှုန့်မသုံးပါနှင့်။

 

ကလေးငယ်၏ အဝတ်အစားများ ချောင်ချောင်ချိချိ ရှိနေရန် လိုအပ်သည်။ကလေးငယ်၏ လျှော်ဖွပ်ဆေးကြောစရာများ အားလုံးအတွက် အလွန်နူးညံ့သော ဆပ်ပြာမှုန့်သုံးပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း၊ စောင်နှင့်တဘက်စသည်တို့ကို နှံ့စပ်အောင် လျှော်ဖွပ်ပါ။ဆိုးဆေး၊ အမွှေးန့ံ၊ နူးညံ့စေသော ဓာတုဒြပ်ပေါင်းများ၊ ကြာရှည်ခံစေသော ဓာတုပစ္စည်းများမပါသည့် ကလေးအရေပြားကာကွယ်ရေးထုတ်ကုန်များကို ရွေးချယ်သုံးစွဲပါ။ကလေးငယ်များကို ရေချိုးပေးချိန်တွင် ရေနွေးငွေ့ဖြင့် ချိုးပါ။ ရေချိုးပြီးချိန်တွင် ညင်ညင်သာသာ နှံ့နှံ့စပ်စပ် ခြောက်သွေ့အောင် သုတ်ပေးပြီး အစိုဓာတ်ရှိနေဆဲအချိန်တွင် လိုးရှင်းလိမ်းပေးပါ။ မွေးကင်းစကလေးငယ်များကို ဆီဖြင့် ညင်သာစွာ နှိပ်နယ်ပေးခြင်းမှာ ကလေးငယ်ကို သက်သောင့်သက်သာရှိစေရုံသာ မဟုတ်ဘဲ အသားအရေကျန်းမာစေပြီး ကောင်းစွာအိပ်စက်စေကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

 

Healthcare.com.mm

 

Ref: 7Day Daily



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18