Print

ခေါင်းမာသောကလေးကို ပြုစုပျိုးထောင်နည်း

  30-Oct-2016
Preview Image

 

ဖြစ်တာကြောင့်၊ တနည်းအားဖြင့် အကောင်းမြင်ဘက် ကကြည့်တဲ့ အခါ ခေါင်းမာခြင်းဆိုတာ တန်ဖိုးရှိတဲ့လက္ခ ဏာ တစ်ရပ်လို ့ မှတ်ယူ သင့်ပါတယ်။ ဒါကြောင့် လူကြီးများအနေဖြင့် -

 

(၁) ကလေးအပေါ် ကြင်ကြင်နာနာ၊ ရင်းရင်းနှီးနှီးထိတွေ ့ဆက်ဆံ ပေးပါ။ ချစ်ခင်ကြင် နာမှုပြပေးပါ။

(၂) ကလေးရဲ ့ စိတ်ခံစားချက်ကို အရေးတယူနားထောင်ပေးပြီး၊ လိုသလို ဖြည်းဖြည်းချင်း စိတ်ရှည်ရှည် ထား၍ပုံသွင်းယူပါ။

(၃) အကယ်၍ ကလေးနှင့်ပြိုင်၍ တင်းမာမှုပြလေလေ ကလေးက ပို၍ခေါင်းမာလေလေ ဖြစ် တတ်တာမို ့၊ ထိပ်တိုက်အငြင်းပွားမှု ကို ရှောင်ပါ။

(၄) တခြားကလေးများနှင့် နှိုင်းယှဉ်၍ မဆုံးမပါနှင့်။ ဇွဲမလျော့တဲ့စိတ်ရင်းအခံကြောင့် မခံချင် စိတ်ဖြင့် ပို၍ခေါင်းမာ သွားစေတတ်ပါတယ်။

(၅) အမိန် ့ပေးလေးသံဖြင့်မဟုတ်ဘဲ …ဥပမာ “သားလေးရေ..မေမေ့ကိုကူညီပါဦး.. ဟို ပစ္စည်းလေး လှမ်း ယူပေးပါဦးသားရယ်” စ သည်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် သဘောဆောင် တဲ့လေသံဖြင့် အမိန် ့ဆန်တဲ့ ခိုင်းစေခြင်းမျိုးမဟုတ်ဘဲ နားဝင်အောင်လေ့ ကျင့် သင်ကြားပေးပါ။

(၆) တခါတရံမှာ ကလေးက “မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး” လို ့ငြင်းဆန်တဲ့အခါ၊ လူကြီးကို သိက္ခာမဲ့စေလို၍ လူကြီးစကား တမင် နာ မထောင်ခြင်းမဟုတ်ပေ။ ကလေးအနေဖြင့် သူ ့ စိတ်ကြိုက်ရွေးချယ် ဆုံးဖြတ် လိုခြင်းကို အရိုးခံစိတ်ဖြင့် တင်ပြခြင်းဖြစ်သည်ဟု နားလည်ပေး သင့်ပါတယ်။ ထိုအခါမျိုးမှာ မလုပ်ပေး ရကောင်းလားဆိုပြီးမြည်တွန်တောက်တီးမနေဘဲ၊ ဖာသိ ဖာသာထား၍ နောင်တစ်ကြိမ် အလားတူ ကိစ္စကြံုလာတဲ့အခါ ကလေးက ပူးပေါင်းဆောင်ရွက် လိုစိတ်ရှိအောင် လေ့ကျင့်ပေးပါ။

(၇) ကလေးကပူးပေါင်းဆောင်ရွက်လာတဲ့အခါမှာ၊ ကလေး၏တုန် ့ပြန်မှုကိုချီးကျူး၍ ဂုဏ်သရေရှိလူကြီး တစ်ယောက်၏ တုန် ့ပြန် မှုကဲ့သို ့ လေးလေးစားစား သဘောထား ဆက်ဆံပေး လိုက်ပါ။

(၈) ဥပမာ အသက်အန္တရာယ်ဖြစ်စေတဲ့ မီးခလုတ်တွေကို ဖွင့်/ပိတ်ကစားခြင်း၊ မီးခြစ်ဖြင့်ဆော့ ကစားခြင်း၊ လမ်းမပေါ်တက်၍ က စားခြင်း…စသည့်ကိစ္စရပ်များအတွက် မလုပ်ရန်တားမြစ်သော်လည်း၊ ခေါင်းမာခြင်း မျိုးကြံုတွေ ့ရတဲ့အခါမှာတော့ တင်ပါး(သို ့မ ဟုတ်)လက်ဖဝါးကို ခပ်ဆတ်ဆတ်ရိုက်ပြီး နောက်ထပ် မလုပ် ၀ံ့အောင် ဆုံးမပေးရပါမယ်။

(၉) လူကြီးက “ဟိတ်” ဟုပြောဆိုပြီး မျက်နှာရိပ်မျက်နှာကဲပြတဲ့အခါ၊ ကလေးအေ နဖြင့် ေ ရှ ့ဆက်မလုပ်ရဲ မလုပ်ဝံ့အောင် သြဇာ သက်ရောက်မှုဖြစ်စေဖို ့လိုပါတယ်။ အကယ်၍ “ဟိတ်” ဟုတားမြစ်သော အသံကို မလိုက်နာတဲ့အခါ တင်ပါး(သို ့မဟုတ်)လက် ဖဝါးကို ခပ်ဆတ်ဆတ် အရိုက်ခံရမယ်ဆိုတာ သိထားဖို ့ကိုလည်း အဆက်အစပ်မိမိ လေ့ကျင့်ပေးထားသင့်ပါတယ်။

(၁၀) တခါတရံမှာ မိဘကဖြစ်စေလိုတဲ့စိတ်ဇောဖြင့် အတင်းအကျပ်သွန်သင်မှုက၊ ကလေးအတွက် လူကြီး စကားနားမထောင် သောအကျင့်(သို ့မဟုတ်)လူကြီးခိုင်းသည်ကို မလိုက်နာေ သာအကျင့်မျိုး လေ့ကျင့်ခဏ်း အမှားတွေ ဖြစ်သွားနိုင်တာကို သတိပြု ဆင်ခြင်ပါ။

(၁၁) ခေါင်းမာမှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုအတွက် အကောင်းဆုံးနည်းလမ်းမှာ “နာကျင်မှုကို ရှောင် ၍၊ ပျော်ရွှင်မှုကို ဆောင်ရန်” ဖြစ်ပါတယ်။

 

 

Healthcare.com.mm

Ref:

ပေါက်ပေါက်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18