Print

မွေးကင်းစ ကလေးအရေပြား ပြဿနာ

  30-Oct-2016
Preview Image

 

မွေးကင်းစ ကလေးငယ်ရဲ့ အရေပြားဟာ မွေးပြီး ပထမ ရက်သတ္တပတ်များ အတွင်းမှာ အပြောင်းအလဲများလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၉လလုံးလုံး ကလေးငယ်က မိခင်ရဲ့ သားအိမ်ထဲရှိ နွေးသောအရည်ထဲမှာ မျောနေတာကိုး။ မွေးဖွားပြီး ရက်အနည်းငယ်အတွင်းမှာ အနီစက်လေးများ ဖြစ်ပေါ်လာတတ်ပါတယ်။ သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် ဝက်ခြံဖုအသေး လေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကို Baby Acne လို့ခေါ်ပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ သွေးထဲမှာ မိခင်ရဲ့ အီစထရိုဂျင်ဟော်မုန်း အြွကင်းအကျန်တွေ ကြောင့်ဖြစ်လာရတာပါ။ ရက်သတ္တပတ်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ကလေးငယ်ရဲ့ နှာခေါင်းမှာ အဖြူရောင် အဖုငယ်လေး(Milia) များဖြစ်ပေါ်တတ်ပါတယ်။ ဒါကတော့ အဆီ အိတ်များ ပိတ်ဆို့ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါ့အပြင် Erythema Toxicum လို့ခေါ်တဲ့ အနီရောင် Pustules လေးများ ဖြစ်ပေါ်လာတတ်ပါတယ်။ အသားအရေခြောက်သွေ့ခြင်းကိုတော့ အနံ့မပါတဲ့ ဆပ်ပြာနဲ့ ပုံမှန်ရေချိုးပေးပါက သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

 

Healthcare.com.mm

Ref : Pediatrics in Review 2003

ဇင်မာမြင့်

By Health Digest



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18