Print

အနှီးပူလောင်ခြင်း Nappy Rash

  30-Oct-2016
Preview Image

 

ကလေးများကို အနှီးဖြင့် ထွေးထုပ်ထားကြရသည်။ အိမ်မှာ နေသည့်အခါ အနှီးသုံးသည်။ အပြင်ထွက် သည့်အခါ ဒိုင်အေပါ၀တ်ပေးကြရသည်။ ကလေးက အနှီးထဲ ဒိုင်အေပါထဲမှာပင် အပေါ့အလေးစွန့်သည်။ ထိုစိုနေ၊ ပေနေသောအနှီး၊ ဒိုင်အေပါများ မလဲဘဲကြာကြာထားလိုက်ပါက ဆီးပူ၊ မစင်အပူလောင်တတ်သည်။ ယင်းအဖြစ်ကို ကလေးတိုင်းနီးပါး ကလေးဘဝတွင် တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားရကြရသည်။ထိုအခါ ပေါင်ခြံ၊ တင်ပါး စသည်တို့တွင် နီရဲယားယံတတ်သည်။ တစ်ခါတစ်ရံ အစားအသောက်ထဲတွင် ပါသောအရာအချို့ တို့ကြောင့်လည်း ထိုသို့ ယားတတ်သည်။ ပိုးဝင်သွားပါကထိုယားယံနေသော နေရာတွင် ပြည်ဖုများပေါက်ကာ ပြောင်တင်းနေတတ်သည်။ အလွန်နာသည်။

 

ဆရာဝန်နှင့် အရင်ပြရန်

• အနှီးစားထားသောနေရာတွင် ပိုးဝင်ကာ အရေပြားကွဲအက်နေလျှင်၊ သို့မဟုတ် သွေးထွက်လျှင်။

• အဖျားပါ ၀င်လာလျှင်။

 

မိမိဘာသာ ဆောင်ရွက်နိုင်သောကိစ္စများ

************************************

အနှီး မစားစေရန်နှင့် အနှီးစားယားနာပိုး မဝင်နိုင်စေရန် ကာကွယ်ကုသနိုင်သော နည်းများစွာရှိသည်။ အောက်ဖော်ပြပါ အိမ်သုံးနည်းနှင့်ပင် သုံးလေးရက်ကြာပါက အဆိုပါယားနာ ပျောက်သွားနိုင်ပါသည်။

• အနှီး၊ ဒိုင်အေပါ စသည်တို့ကို မကြာခဏလဲပေးရမည်။ မွေးကင်းစ ဆိုပါက

နို့တိုက်ပြီးတိုင်း လဲပေးရမည်။ တစ်ရက် ၆ ကြိမ်ခန့်လဲပေးရမည်။ ကလေးတွင် အနှီးစား၊ ယားနာပေါက်နေပါက မကြာခဏပင် လဲပေးနေရမည်။

• မွှေးရနံ့ပါသော အရေပြားအတွက် သုံးသည့်အလှကုန်များ ထဲတွင် နီရဲနေသော အရေပြားကို ပိုနာစေသော အရာများ ပါသကဲ့သို့ ဆပ်ပြာမွှေးတို့ကမူ အရေပြားရှိ သဘာဝ အဆီများကိုဖယ်ရှား ပစ်တတ်သည်။ သဘာဝ အဆီများကို ဖယ်ရှား ပစ်တတ်သည်။ ထိုအခါ အရေပြားပိုခြောက်ကာ ကွဲအက်လာတတ်သည်။

• အနှီးများ၊ ဒိုင်အေပါများကို ဇီဝပစ္စည်းများ မပါသော ဆပ်ပြာမှုန့်များဖြင့် လျှော်ပါ။ရေနိုင်နိုုင်သုံး၍ ဆပ်ပြာစင်အောင်ညှစ်ပစ်ပါ။

• မိခင်နို့၊ နို့ဘူးအပြင် အခြားအစာများ စကျွေးပါက ကလေးအဖို့ အစားအသောက် အသစ်ဖြစ်စေမည့် အစာများကို တစ်နေ့တစ်မျိုးစီသာကျွေးပါ။ သို့မှသာ အရေပြားနီရဲယားယံလာပါက မည်သည့် အစားအသောက်ကြောင့် ဖြစ်သည်ကို ဖော်ထုတ်

သိရှိနိုင်မည်။

 

လက်တွေ့နည်းများ

*****************

 

အနှီးလဲခြင်း

**********

လိုက်နာ ကျင့်သုံးကြည့်ခြင်းဖြင့်၊အနှီးစား၊ ယားနာပျောက်စေသည့်အပြင်ပြန်မဖြစ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။

• အနှီး၊ ဒိုင်ပါအေလဲတိုင်း ရှေးဦးစွာတစ်သျှူးစက္ကူအခြောက် (သို့မဟုတ်) ဂွမ်းစသုံးကာ အညစ်အကြေး များ အားလုံးကိုသုတ်ပစ်ပါ။ ပြီးလျှင် ရေဆွတ်ထားသော ဂွမ်းစ၊ ရေစွတ်စက္ကူတို့ဖြင့် သန့်ရှင်းရေး ထပ်လုပ်ပေးပါ။ စိုနေသောနေရာများကို မျက်နှာသုတ်ပုဝါနုနုဖြင့် တို့ဖိကာ ခြောက်သွေ့အောင် ဆောင်ရွက်ပေးပါ။ ဖိမပွတ်ရ။

• အနှီး၊ ဒိုင်အေပါလဲစဉ်မှာ ကလေးကို မည်သည့်အရာနှင့်မှ မထွေါ်၊ မထုပ်ရ။ ကလေးအောက်ပိုင်း တစ်ပိုင်းလုံးကို လွတ်လပ်စွာ လေသလပ်ခံပေးထားပါ။ ၁၀ မိနစ်ခန့်ကြာသည်အတိုင်းထားပါ။ ခြေကားယား၊ လက်ကားယားနှင့် လွတ်လပ်စွာ လွှတ်ထားပေးလိုက်ပါ။ ထိုသို့ လေသလပ်အခြောက်ခံ ထားပေးခြင်းကြောင့် ခန္ဓာကိုယ်ရှိ ချောင်ကျသော၊ အလင်းရောင်ရောက်ခဲသော၊ စိုစွတ်နေသော၊ အပူအောင်းကာ နွေးနေတတ်သော နေရာများတွင် မှိုပိုးတို့ မပေါက်ပွားနိုင်စေရန် ကာကွယ်ပေးနိုင်ပါသည်။

 

ဆေးဝါး ဇင့်နှင့် ကြက်ဆူဆီ ခရင်မ်

******************************

ကလေးအရေပြား ဆီးပူမလောင်စေရန် သုံးသည်။ အစိုဓာတ် မအောင်းစေနိုင်စွမ်း ရှိသဖြင့် ကလေးအရေပြားကို မထိမိစေရန် ကာကွယ်ပေးသည်။

• အနှီးသစ်ဖြင့် မထွေးရ၊ မထုပ်မီ၊ ထိုနေရာများကို သွပ် (ဇင့်) နှင့် ကြက်ဆူဆီပါသော အရေပြား ကာကွယ်ရေး ခရင်မ်တို့ဖြင့် လိမ်းပေးပါ။

• ကလေးအရေပြားပေါ် လာစိုစွတ်သော အညစ်အကြေးများကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည့်တစ်ခါသုံး ဂျဲလ်ဒိုင်အေပါ သို့မဟုတ် အနှီးများကိုသာ အသုံးပြုပါ။ အရေပြား

ကာကွယ်ရေး ခရင်မ်၊ ပေါင်ခြံ၊ တံကောက်ကွေးစသော နေရာများရှိ အရေပြားပါ်တွင် ပါးပါးလူးထားပေးပါ။

 

အသုံးပြုပုံ

*********

သန့်စင်ပြီး အနှီးသစ်လဲခါနီးမှ ခြောက်သွေ့နေသော အရေပြားပေါ်တွင် ပါးပါးလူးပေးပါ။ဘေးထွက်ဆိုးကျိုးမရှိ။သတိပြုရန်မရှိ

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18