Print

ကလေးဉာဏ်ကောင်းအောင် ဘာကျွေးရမလဲ

  30-Oct-2016
Preview Image

 

မိဘတိုင်း ကိုယ့်သား သမီးကို ဉာဏ်ကောင်း စေချင်ကြ ပါတယ်။ မိမိကလေးဟာသူ့အတန်းထဲမှာ အဆင့်ပထမရပြီး စာတော်တဲ့ သူဆိုရင် ဘယ်မိဘမဆို ဂုဏ်မယူဘဲ မနေနိုင်ကြပါ ဘူး။ ဒါကြောင့် သားငယ်သမီးငယ် တွေကို ဉာဏ်ကောင်းစေမယ့် အစား အစာကို ကျွေးချင်ကြမှာ အမှန်ပဲဖြစ် ပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံဖြိုးနေစဉ်မှာ နွားနို့၊ ကြက်ဥ၊ ဘဲဥစသည် တို့အပြင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပါမကျန် ကျွေးရမယ်ဆိုတာ မိဘတိုင်း သဘောပေါက် နားလည်ကြပါတယ်။ သို့သော်မိဘများဟာ ကလေးငယ်ရဲ့ အစားအစာ ထဲမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်၊ ဆိုဒီယမ် ဓာတ်များနှင့် အင်တီအောက်စီးဒင့် ပမာဏ လုံလုံလောက်လောက်ရှိရဲ့ လားဆိုတာကို သတိထားရပါမယ်။ ဘယ်လိုအစားအစာတွေ ကျွေးရမလဲ ဆိုတာနှင့် ဘယ်လို အသီးအနှံများ ကျွေးရင် ဘယ်လိုအာဟာရဓာတ်များ ရရှိနိုင်မလဲဆိုတဲ့ ဗဟုသုတတွေ ရှိထားရပါမယ်။

 

ကလေးငယ်အတွက် ဘာအာဟာရဓာတ်တွေ လိုနေသေးလဲ စတဲ့ ဘယ်သူမှ မသိရှိနိုင်တဲ့ အချက် အလက်တွေတော့ တစ်ပုံတစ်ပင်ရှိနေ ပါသေးတယ်။ ကျန်းမာရေး သတင်းအချက် အလက်များပေးတဲ့ ဝက်ဘ်ဆိုက်များ အရ အစားအစာများမှရရှိတဲ့ ဗီတာ မင်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ သတ္တုဓာတ်၊ ဆားဓာတ်တို့ဟာ တွက် ချက်ရန် ခက်သလို တစ်ခါတစ်ရံ ချက် ပြုတ်ခြင်းကြောင့် အစားအစာများထဲမှ အာဟာရဓာတ်တွေ ဆုံးရှုံးတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။ သို့သော် လည်း အောက်မှာ ဖော်ပြမယ့်အစား အစာ များကတော့ လေ့လာသုတေ သနပြုချက်များအရ ကလေးငယ်များ အား အမှန်တကယ် ဉာဏ်ကောင်း စေတဲ့အပြင် အာရုံစူးစိုက်မှု ပိုကောင်း စေကြောင်း အာမခံထားပါတယ်။အဲဒီ အစားအစာတွေမှာ အိုမီဂါ-၃ ဖက်တီး အက်စစ်နှင့် အင်တီအောက်စီးဒင့် ဓာတ်များ မြင့်မားစွာ ပါဝင်သော ကြောင့် ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ၄င်းအစားအစာတွေမှာ အိုမင်းခြင်းကို တားဆီးပေးပြီး နုပျိုစေတဲ့ ဂုဏ်သတ ရှိတဲ့အတွက် ကလေးများအတွက် သာမက လူကြီးများအတွက်ပါ သ တင်းကောင်းဖြစ်ပါတယ်။

 

(၁) သစ်ကြားစေ့

လူ့ဦးနှောက်ပုံစံနဲ့တူတဲ့ သစ် ကြားစေ့အဆန်လေးများဟာ ဆိမ့် သောအရသာရှိပါတယ်။ သစ်ကြားစေ့ မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းခေါ် အင်တီအောက်စီးဒင့်ဓာတ်တွေ များ စွာ ပါဝင်ကြောင်း သုတေသနပြုချက် များအရ သိရပါတယ်။ ထို အင်တီ အောက်စီးဒင့်တွေက ဖရီးရယ်ဒီကယ် ကြောင့် လူ့ဦးနှောက် ကလာပ်စည်း ဒီအင်အေများ ထိခိုက်ပျက်စီးမှုမရှိ အောင် ကာကွယ်တိုက်ဖျက်ပေးနိုင်ပါ တယ်။ ၂၀ဝ၉ ခုနှစ်တုန်းက လေ့လာ သုတေသနပြုချက်တစ်ခုမှာ ြွကက် တွေအား သစ်ကြားစေ့အဆန်များနှင့် ပြုလုပ်ထားတဲ့ အစားအစာများ ကျွေး ပြီး လေ့လာခဲ့ရာ အိုမင်းမှုကို ၂ ရာခိုင်နှုန်းခန့် ဟန့်တားပြီးနုပျိုလာ စေနိုင်ကြောင်း၊ ဉာဏ်ပိုကောင်းလာ ကြောင်း တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

 

(၂) မုန်လာဥနီ

အရောင်ပါတဲ့ အသီးအနှံတွေ ဟာ ဗီတာမင် A ဓာတ်ြွကယ်ဝတဲ့ အတွက် မျက်စိအားကောင်းစေရုံမျှ မက ဉာဏ်ကောင်းစေပါတယ်လို့ သိ ရပါတယ်။ မုန်လာဥနီမှာ Luteolin လူတီအိုလင်း ခေါ် ဓာတ်ပေါင်းတစ်မျိုး မြင့်မားစွာ ပါဝင်တဲ့အတွက် ဖြစ်ပါ သတဲ့။ အာဟာရဓာတ်ဂျာနယ်မှာ ပုံနှိပ်ဖော်ပြချက်အရ လေ့လာချက်တစ် ခုမှာ လူတီအိုလင်းဟာ အသက်အရွယ် ကြီးရင့်လာခြင်းကြောင့် ဦးနှောက် မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကိုလျော့ပါး စေတဲ့အပြင် ဦးနှောက်ထဲမှာ ရောင် ရမ်းခြင်းတွေကိုပါ နည်းပါးစေတယ်လို့ ဆိုပါတယ်။ လူတီအိုလင်းဓာတ် ြွကယ်ဝတဲ့ အခြားအစားအစာတွေ လည်း ရှိပါသေးတယ်။ အဲဒါတွေက တော့ သံလွင်ဆီ၊ ငရုတ်သီးပွကြီးများ နှင့် တရုတ်နံနံပင်တို့ ဖြစ်ပါသတဲ့။ ဒါကြောင့် မိဘများအနေဖြင့် မိမိသား သမီးများအား အထက်ပါအစားအစာ များကိုငယ်စဉ်ကပင် စားတတ်အောင် စားချင်လာအောင် ပြုပြင်ချက်ပြုတ် ကျွေးမွေးသင့်ပါတယ်။

 

(၃) ဘယ်ရီသီးများ

၂၀ဝ၉ခုနှစ်က လေ့လာသုတေ သနပြုချက်တစ်ခုအရ စတော်ဘယ် ရီသီး၊ ဘလူးဘယ်ရီသီး ကဲ့သို့သော အသီးတွေမှာ အိုမင်းစေခြင်း ဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့ ဦးနှောက်ကလာပ် စည်းများထဲက စိတ်ဖိစီးမှု တစ်မျိုးကို လျှော့ချပေးနိုင်သလို ဦးနှောက်ထဲက အချက်ပြ သွေးကြောလေးများကို ပိုမို အားကောင်းစေပါတယ်လို့သိရပါတယ်။

 

(၄) ငါးများများကျွေးပါ

လေ့လာချက်များအရ ငါးစား ရင် ဉာဏ်ကောင်းပါတယ်။ အထူး သဖြင့် ဈေးချိုလှတဲ့ ပင်လယ်ငါး တွေမှာ အိုမီဂါ-၃ ဖက်တီးအက်စစ် များ ြွကယ်ဝစွာပါဝင်ပြီး အသက်ကြီး လာခြင်းကြောင့် မှတ်Óဏ်ချို့တဲ့မှုကို နှေးကွေးအောင် ပြုလုပ်ပေးနိုင်ပါသတဲ့။ ဤလေ့လာချက်မှာ အသက် ၆၅နှစ် နှင့် အထက်လူကြီးများအား ၁ပတ် ၂ကြိမ် ၆ နှစ်ကြာ ငါးကို ပုံမှန်စားစေ ပြီးလေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ ငါးပုံမှန် စားတဲ့လူတွေမှာ ၁၃ ရာခိုင်နှုန်းထိ မှတ်Óဏ်ကောင်းလာကြောင်း တွေ့ခဲ့ပါတယ်။

 

(၅) ဟင််းနုနွယ်ရွက်

ဟင်းနုနယ်ရွက်မှာ ဗီတာမင် C ဓာတ် ြွကယ်ဝစွာ ပါဝင်ပြီး မှတ်ဉာဏ် ကောင်းစေကြောင်း နောက်ဆုံး လေ့ လာချက်အရ သိရှိရပါတယ်။ ဈေး ချိုပြီး လတ်ဆတ်တဲ့ ဟင်းနုနယ်ရွက် ကို ကလေးများအား နေ့စဉ် ကျွေးနိုင် ပါတယ်။ ၂၀ဝဝ ပြည့်နှစ်ကတည်းက လေ့လာချက်အရ ဟင်းနုနယ်ရွက်၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး တို့ဖြင့်ပြုလုပ်ထားတဲ့အစားအစာများ ကိုြွကက်များအား ကျွေးပြီးလေ့လာစမ်း သပ်ခဲ့ရာ မှတ်ဉာဏ်ပိုထက်မြက်လာ ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါသတဲ့။ အထက်ပါ ဉာဏ်ထက်စေတဲ့ အစားအစာတွေကို သိပ္ပံပညာရှင်များ လေ့လာသုတေသနပြုချက်အရ ဖော် ပြလိုက်ပါတယ်။

 

Healthcare.com.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18