Print

မကျန်းမာသော ကလေးကို နေအိမ်တွင် ပြုစုခြင်း

  30-Oct-2016
Preview Image

 

ကလေးငယ် ဖျားနာခြင်း၊ တစ်ခါတစ်ရံ နေထိုင်မကောင်း ဖြစ်ခြင်းကို မိဘဖြစ်သူများက သတိ မထားမိခြင်း များ ရှိတတ်သည်။ ကလေးသည် ပုံမှန်မဟုတ်ဘဲအီခြင်း၊ငိုယိုနေခြင်း၊ အစာစားရန် ငြင်းဆန်ခြင်း၊ ဆော့ကစားမှု မရှိခြင်းများကိုကြည့်ခြင်းအားဖြင့်ကလေးများ နေမကောင်းသည်ကို သိရှိနိုင်ပြီး ဆေးတိုက်သင့် တိုက်ရမည်။ အဖျားကြီးလျှင် စကားများများ ပြောတတ်သဖြင့် မိဘက တစ်ချိန်လုံး အနားမှာ နေ၍ ပြုစုပေးရန် လိုသည်။ ကလေးများကို ပြုစုပေးရန် ကျွမ်းကျင်သည့် ပညာရပ် မလိုပါ။ ချစ်ခင်ယုယ ရန်သာလိုပြီး မိမိကလေး အတွက် စိတ်ပူစရာ ဖြစ်လာလျှင် ဆရာဝန်ထံ ပြသသင့်ပါသည်။

 

ကလေးကို အိပ်ရာထဲမှာ ထားမလား

---------------------------------------

ဖျားနေသော ကလေးကို အိပ်ရာထဲမှာ ရှိနေစေချင်တာက မိဘတို့ သဘာဝပါ။ ဖျားနေသည့် ကလေးတိုင်း အိပ်ရာထဲမှာ နေဖို့ မလိုပါ။ လှောင်ပိတ်ပြီး ပူလောင်နေသော အခန်းထဲမှာ မထားသင့်ပါ။ အခန်းထဲ၌ လေအေးပေးစက် တပ်ဆင်ထားလျှင် ကလေးကို အခန်းထဲမှာ ထည့်ထားတာ ပိုသင့်လျော်သည်။ ကလေး မောနေလျှင် အိပ်ရာမှာလှဲထားပြီး ဓာတ်ဆားရည် တိုက်ပေး သင့်သည်။ ကလေးကို သီးသန့် ခွဲခြားထားဖို့ကလေးကို သီးခြား ခွဲထားလျှင် အခြား ကလေးများ မကူးစက် တော့ပါ။ တုပ်ကွေးရောဂါ၊ ဝမ်းရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါများသည် သာမန် အသက်ရှူ၊ ချောင်းဆိုးခြင်းအစာနှင့် သောက်ရေ အတူတူ သုံးစွဲလျှင် ကူးစက် တတ်ပါသည်။ ဖျားနာနေသော ကလေးကို သီးသန့် ခွဲထား သင့်ပါသည်။

 

ကလေးကို အစာကျွေးသင့်

----------------------------

ဖျားနာသည့် ကလေးသည် အစာကို ငြင်းဆန်မည်သာ ဖြစ်သည်။ စားချင်လာအောင် ပြောဆို၍ အစာ ပျော့များ ကျွေးမွေး သင့်သော်လည်း အတင်းအကျပ်ကျွေးခြင်းမလုပ်သင့်ပါ။ ဆေးကိုတော့ ဘယ်လိုငြင်းငြင်း ရအောင် တိုက်ရမည်သာ ဖြစ်သည်။ ဖျားနေသည့် ကလေးကို အရည်များများ တိုက်သင့် ပါသည်။ဖွင့်ဖောက်လိုက်သည့်အခါ ဆူတက်လာသည့် ဖျော်ရည်၊ အချိုရည်များ မတိုက်သင့်ပါ။

 

ဖျားနေစဉ် စိတ်ချမ်းသာအောင် ထားသင့်

--------------------------------------------

သင့်ကလေး ဖျားနေလျှင် စာ နောက်ကျမှာစိုး၍ စာ အတင်း လိုက်လုပ်ခိုင်းခြင်း၊ ကျောင်းလွှတ်ခြင်း၊ စာပေ သင်ကြားခြင်း မလုပ်သင့်ပါ။ တီဗွီကြည့်ချင် ကြည့်ပါစေ။ မိခင်ရဲ့ ရင်ခွင်ထဲမှာ နွေးနွေးထွေးထွေး ထားသင့် ပါသည်။ အစာစားပြီး လက်ဆေးတာ၊ ရေဖတ်တိုက်တာ၊ အကျႌ အဝတ် လဲပေးတာက အစ ကလေးများ၏ ဆန္ဒကို လိုက်လျောရမည်။

 

သက်သာလာစဉ်

------------------

ကလေးရောဂါမှ နာလန်ထ သက်သာလာလျှင် ဆန်ပြုတ်၊ စွပ်ပြုတ်က စပြီး တိုက်ကျွေး ရမည်။ ကျောင်းပြန် တက်ချင်ပါက ခွင့်ပြုသင့်သည်။ ကိုယ်ပူကျသွားပြီ ဖြစ်၍ အညွှန်းအတိုင်း ဆေးပတ်လည်အောင် တိုက်သင့်သည်။ ကလေးက မတောင်းဆိုဘဲကျောင်းပြန်တက်စေခြင်း၊ ကျူရှင် တက်စေခြင်း မလုပ်သင့်ပါ။

 

ပြုစုနည်း

----------

ချည်သားနှင့် လုပ်ထားသည့် အဝတ်အစား၊ စောင်၊ အိပ်ရာခင်း သုံးစွဲရမည်။ ဆီး၊ ဝမ်းပေလျှင် သီးသန့် လျှော်ဖွပ် နေလှန်း၊ မီးပူတိုက်ပြီးလျှင် ပြန် သုံးသင့်ပါသည်။ ကလေးအတွက် သက်သောင့်သက်သာ ရှိအောင် ထားရမည်။ ကလေး စိတ်တိုင်းကျ နေခွင့်ပေးရမည်။ ကလေး ဆီးသွားချင်လျှင် အရန်သင့်သွားဖို့ ဆီးအိုး ထားပေးရမည်။ ကလေးငယ်လွန်းလျှင် ရေနှင့် သန့်စင်ပေးပြီး နွေးနွေးထွေးထွေး ပြန်ထား ပေးရမည်။ ကလေးကို ဂရုစိုက်လွန်လျှင်လည်း ကလေးရောဂါ အလွယ်တကူ မပျောက်တတ်ကြောင်း သတိထားရမည်။

 

 

Healthcare.com.mm

Ref:

လပ်ကီးမြို့့တော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18