Print

ကလေးငယ် များနှင့် ဗီတာမင်

  30-Oct-2016
Preview Image

 

ကျန်းမာဖျတ်လတ် ဉာဏ်ရည်ထက်မြက်စေဖို့အတွက် သင့်ရင်သွေးငယ်များကို ကိုယ်လက်လှုပ်ရှားမှုတွေ မှန်မှန်ပြုလုပ်ခိုင်းသင့်ပါတယ်။ဗီတာမင်ဆိုတာ ခန္ဓာကိုယ်၏ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာလည်ပတ် လှုပ်ရှားနိုင်အောင်နှင့် ကျန်းမာသက် ရှည်ရေးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် များဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် ဗီတာမင်ဓာတ်တွေ ကို သက်စောင့်ဓာတ်များလို့ ဆိုနိုင်ပါတယ်။ ကလေးအ များစုဟာ အာဟာရပြည့်စုံလုံလောက်တဲ့အစာများကို ညီ ညွတ်မျှတစွာ စားသောက်လေ့မရှိကြပါဘူး။သို့ပါ၍ ကိုယ်ခံ အားကောင်းမွန်ပြီး ကျန်းမာသန်စွမ်းတဲ့ ရင်သွေးရတနာ ဖြစ်စေဖို့အတွက် အသက်ခြောက်လမှစတင်၍ ငါးနှစ်အ ရွယ်အထိ အောက်ဖော်ပြပါအစားအစာများကို ကလေး ငယ်များစားချင့်စဖွယ်ဖြစ်အောင်၊ အလွယ်တကူမျိုချနိုင် အောင်၊ မရိုးမအီသွားအောင် တစ်နေ့တစ်မျိုးစီ စနစ်တကျ စီမံကျွေးမွေးသင့်ပါတယ်။

 

ဗီတာမင် A

************

 

ဗီတာမင် A ဓာတ်ဟာ အမြင်အာရုံ၊ အရိုး၊ အရေပြား၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားကိုမြှင့့်တင် ပေးနိုင်တာကြောင့် ၄င်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ နို့နှင့်နို့ ထွက်ပစ္စည်းများ၊ ကွေကာအုပ်၊ ဥအမျိုးမျိုး၊ ဟင်းနုနယ် ရွက်နှင့် ဗိုလ်စားပဲသီးတို့လို အစိမ်းရင့်ရောင် ဟင်းသီးဟင်း ရွက်များ၊ လိမ္မော်သီး၊ ကန်စွန်းဥအဝါရောင်၊ မုန်လာဥနီ၊ သခွားမွှေးသီး၊ သင်္ဘောသီး၊ မက်မွန်သီး၊ သရက်သီးမှည့် တို့လို အဝါရောင်အသီးအနှံများ၊ ပဲပင်ပေါက်၊ ကြက်အ သည်း (အထူးသဖြင့် ကြက်ဆင်အသည်း)၊ အမဲအသည်း၊ ပင်လယ်ငါးများကို ကျွေးပေးပါ။

 

ဗီတာမင် B အုပ်စုများ

**********************

 

ဗီတာမင် B အုပ်စုဝင်များဖြစ်ကြတဲ့ B1, B2, B3, B6 နှင့် B12 တို့ဟာ စွမ်းအင်ထုတ်လုပ်နိုင်သောအာရုံကြော များအားကောင်းစေခြင်း၊ နှုတ်ခမ်းကွဲ၊ ကျီးကန်းပါးစပ်ဖြစ် ခြင်းမှကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါနှင့် စိတ်ကျ ရောဂါမှကာကွယ်ပေးခြင်း၊ ခြေလက်ထုံကျင်ဝေဒနာကို သက်သာစေခြင်း၊ ကိုယ်တွင်းဇီဝပြောင်းလဲမှုဖြစ်စဉ်ကိုကူ ညီပေးတဲ့အပြင် သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ်ဖွံ့ ဖြိုးမှုတို့ကိုပါ အားပေးပါတယ်။

 

ထို ဗီတာမင် B အုပ်စုများကြွယ်ဝ စွာပါရှိတဲ့ အနီရောင်အသား၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ စတဲ့ဥအမျိုးမျိုး၊ ပဲနီလေး၊ ပဲဝါလေး၊ မြေပဲ စတဲ့ ရောင်စုံပဲဲအမျိုးမျိုး၊ တိုဟူး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ ကြက်သွန်ဖြူ၊ ပဲပိစပ်၊ အာလူး၊ မျောက်ဥ၊ ဒိန်ခဲ (နို့ခဲ)၊ တူနာ ငါး၊ ငါးသေတ္တာငါး၊ ရေချိုရေငန်ငါးအမျိုမျိုး၊ တိုဟူး၊ လူး/ ဆပ်/ဂျံုစတဲ့ကောက်နှံစပါးအမျိုးမျိုးတို့ကို ကျွေးပေးပါ၊ ထမင်းရည်တိုက်ကျွေးပေးပါ။

 

ဗီတာမင် C

************

 

ဗီတာမင် C ဓာတ်က ကိုယ်ခံစွမ်းအားကောင်းစေ ခြင်း၊ အနာကျက်မြန်စေခြင်း၊ ကြွက်သား၊ အရွတ်များနှင့် အရေပြားကျန်းမာမှုတို့အတွက် အရေးပါသောကြောင့် အချဉ်ဓာတ်ဓာတ်ကြွယ်ဝသော စတော်ဘယ်ရီ၊ ကီဝီသီး နှင့် ဗီတာမင်စီအလုံအလောက်ပါရှိသော ဂေါ်ဖီ၊ ပန်းဂေါ် ဖီစိမ်း(ဘရိုကိုလီ)နှင့် အစိမ်းရောင်ပဲသီးအမျိုးမျိုးတို့ကို ကျွေးပေးပါ။

 

ဗီတာမင် D

***********

 

ဗီတာမင် D ဓာတ်က အရိုး အတွက်အရေးပါသော ကယ်လ် စီယမ်စုပ်ယူမှုကိုအားပေး တာကြောင့် အရိုးပျော့ ရောဂါမှကာကွယ်ပေး တဲ့အပြင် အရိုးနှင့်သွား များသန်မာမှုကို အား ကောင်းစေပါတယ်။ ဒါကြောင့် ထိုဓာတ်များကြွယ်ဝတဲ့ ကြက်ဥ အနှစ်များနှင့် ငါးကြီးဆီ၊ ပင်လယ်ငါးအမျိုးမျိုး၊ ငါးဥ၊ နွားနို့နှင့်နို့ထွက် ပစ္စည်းတို့ကိုကျွေးပေးပါ။ နံနက်ခင်းနေခြည်နုအေးမှာ လွတ် လပ်ပေါ့ပါးစွာ ဆော့ကစားခွင့်ပြုပါ။

 

ကယ်လ်စီယမ်

**************

 

ကယ်လ်စီယမ်ဓာတ်က ကလေးငယ်များ အရိုးကြီး ထွားမှုအတွက် အလွန်အရေးပါတာကြောင့် ထိုဓာတ်ကြွယ်ဝ သောနွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စသောနို့ထွက်ပစ္စည်းများ၊ တိုဟူး၊ ပဲပြားနှင့်လိမ္မော်သီးတို့ကို ကျွေးပေးပါ။

 

သံဓာတ်

*********

သံဓာတ်က ကြွက်သားတည်ဆောက်မှုနှင့် သွေးနီ ဥတည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်လျက်ရှိတာကြောင့် ထိုဓာတ်ကြွယ်ဝသော အမဲသားကဲ့သို့ အနီရောင်အသား များ၊ ဆီးသီး(ဇီးသီး)နှင့် မက်မန်းသီးကဲ့သို့ အနီရောင်အ သီးများ၊ ကြက်ဆင်သား၊ ဝက်သားတို့ကဲ့သို့ သံဓာတ်ကြွယ်ဝ သောအသားများ၊ အစိမ်းရောင်ပဲတောင့်ရှည်နှင့် ပဲသီး အမျိုးမျိုးတို့ကိုု ကျွေးပေးပါ။

 

သတ္တုဓာတ်

***********

 

gas ပါသောအချိုရည်များကို ခုံခုံမင်မင်သောက်သုံး လေ့ရှိတဲ့ ကလေးများအတွက် သတ္တုဓာတ်များကိုဖြေဆေး အဖြစ်စားသုံးပေးဖို့ အထူးလိုအပ်ပါတယ်။ ထိုသတ္တု ဓာတ်များကြွယ်ဝတဲ့ နှမ်း၊ မြေပဲ၊ သီဟိုစေ့ ကဲ့သို့သော အစေ့အဆန်များ၊ ပေါင် မုန့်ကဲ့သို့ ဂျုံပါဝင်မှုများသောအ စားအစာများ၊ စပျစ်သီးခြောက်၊ တရုတ်ဆီးသီး ခြောက်များကို ကျွေးပေးပါ။

 

မှတ်ချက်

********

 

(၁) ကျန်းမာဖျတ်လတ်ဉာဏ်ရည်ထက်မြက်စေဖို့အတွက် သင့်ရင်သွေးငယ်များကို ကိုယ်လက်လှုပ်ရှားမှုတွေ မှန် မှန်ပြုလုပ်ခိုင်းသင့်ပါတယ်။

 

(၂) အစားရွေးလွန်းသောကလေးငယ်များ၊ မွေးရာ ပါရောဂါရှိသောကလေးငယ်များ၊ သရေစာနှင့်အသင့်စား အစာတွေကို လွန်ကြူးစွာစားသုံးသောကလေးငယ်များမှာ အာဟာရ (လုံးဝ) မလုံလောက်နိုင်ပါဘူး။ ဒါကြောင့် ဆရာ ဝန်နှင့်တိုင်ပင်၍ ဗီတာမင်အားဆေးများကို ဖြည့်စွက်တိုက် ကျွေးပေးသင့်ပါတယ်။

 

(၃) ဗီတာမင်အားဆေးအများစုကို ကလေးများအ ကြိုက် အမွှေးရနံ့များ၊ အချိုအရသာများ၊ အရုပ်ပုံလေးများ ဖြင့်ပြုလုပ်ထားတာကြောင့်လည်း ကလေးငယ်များက သ ရေစာမုန့်အဖြစ် အထင်မှားနိုင်တဲ့အပြင် လိုအပ်သည်ထက် ပို၍စားသုံးမိပါက အန္တရာယ်ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဆေးပုလင်း၊ ဆေးဘူးများကို ကလေးတွေ လက်လှမ်းမမီ နိုင်တဲ့နေရာမှာ သိမ်းထားသင့်ပါတယ်။

 

(၄) တချို့ကလေးများကတော့ ဆေးအလုံးတွေထက် ဆေးအရည်ကို တိုက်ကျွေးရ ပိုလွယ်ကူပါတယ်။ ထိုအခါ ဆရာဝန်နှင့်တိုင်ပင်၍ လိုအပ်တဲ့ဆေးရည်အမျိုးအစားကို ရွေးချယ်တိုက် ကျွေးပေးသင့်ပါတယ်။

 

(၅) ကလေးများအတွက် ဗီ တာမင်ပဋိဇီဝအားဆေး များကို အသွင်အမျိုးမျိုး ဖြင့် ဖော်စပ်ထားလေ့ ရှိပါတယ်။ လိုအပ်၍ ဆရာဝန်ညွှန်ကြား ချက်နှင့်အညီ ဆေးလုံး၊ ဆေးရည်တိုက်ကျွေး ရမည်ဆိုပါက ဆေးတိုက် ရလွန်စွာခက်ခဲသော က လေးများအတွက် ပီကေသ ဖွယ်ဝါးစားနိုင်သောဆေးများကို တိုက်ကျွေးသင့်ပါတယ်။

 

Ref:

ပေါက်ပေါက်

TheYangonTimes

Yangon Media Group



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18