ခြောက်လအောက် ကလေးနေ့စဉ် ၀မ်းမသွားခြင်းနှင့် ၀မ်းအကြိမ်များခြင်း
30-Oct-2016
ခြောက်လအောက် ကလေးအတွက် အာဟာရဆို၍ မိခင်နို့တစ်မျိုးတည်းသာ လိုအပ်သည်။ ရေပင်တိုက် စရာမလို။ ဒီမျှအစာကြေလွယ်သော မိခင်နို့တစ်မျိုးတည်းသာ စို့နေသော ကလေးငယ်က နေ့တိုင်း ၀မ်းသွားချင်မှ သွားမည်။ တစ်ခါတစ်ရံ ခုနှစ်ရက်ခန့်အထိ ၀မ်းမသွားဘဲလည်း နေချင်တေတ်သည်။ စိုးရိမ်စရာမလို။ ၀မ်းချူပေး စရာမလို။ ကလေး အထွေထွေ ကျန်းမာရေးကောင်း၍ ပုံမှန်စို့နေလျှင် သည်အတိုင်း စောင့်နေရုံသာ။အလားတူပင် ကလေးက တစ်ခါတစ်ရံ ၀မ်းသွားသည့်အကြိမ် များတတ်သည်။
အရောင်ကပင် အနည်းငယ် စိမ်းချင် စိမ်းဦးမည်။ အရည်အနည်းငယ် ကျဲချင် ကျဲဦးမည်။မိခင်နို့ချည်းပဲ စို့နေသည့်ကလေးတစ်ယောက် အူထဲသို့ ၀မ်းသွား၊ ၀မ်းပျက်ပိုး ဘယ်လိုမှမဝင်နိုင်။ ပုံမှန် လန်းဆန်း၊ ပုံမှန် နို့စို့၊ ပုံမှန်အလေးချိန် တက်နေသော ကလေးကို ၀မ်းသွားသည့်အကြိမ် များရုံနှင့် စိုးရိမ်စရာ မလိုပါ။ဒါမှ မသင်္ကာလျှင်တော့ ၀မ်းစစ်ကြည့်နိုင်သည်။ မိသားစုဆရာဝန် ပြကြည့်နိုင်ပါသည်။ ပိုးသတ်ဆေးတွေ၊ ၀မ်းပိတ်ဆေးတွေတော့ ကိုယ့်သဘောနှင့်ကိုယ် မတိုက်သင့်ပါ။
Ref:
မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)
ကလေးအထူးကု ဆရာဝန်ကြီး
Pg,112-113
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

