Print

ကလေး လေထိုးခြင်း

  30-Oct-2016
Preview Image

 

အသက် ၆ လအောက် ကလေးအားလုံးနီးနီး လေထိုးဖူးကြသည်။ လေထိုးသည်ဆိုတာက တကယ်တော့ ကလေးက ကော့ကော့ထိုး၍ ငိုနေခြင်းကို ဆိုလိုသည်။ လေက တစ်ကယါပတ်၍ ထိုးနေမထိုးနေ ဘယ်သူမှမသိ။ ဘာကြောင့်မှန်းကို ဘယ်သူမှမသိ။ ဘယ်နေ့ထိုးမှာလဲလည်း ဘယ်သူမှမသိ။ အကြာကြီးနေမှ တစ်ခါဖြစ်တာရှိသလိုသုံးလေးရက်ဆက်တိုက်ဖြစ်သည့် အခါလည်း ရှိသည်။ ဘယ်အချိန်ဖြစ်မှာလဲ။ ဘယ်သူမှမသိ။ညနေပိုင်းဖြစ်တာတော့ များတယ်။ ဘာဆေးတိုက်ရင် သက်သာမှာလဲ။ ဘယ်သူမှမသိ။ သုတေသနများကတော့ ဂရိုင်းမစ်ချာရော၊ Simethicone ပါသည့် လေဆေးမျိုးစုံရော၊ ဘယ်ဟာကမှ တကယ်သက်သာတာ မတွေ့ရ။

 

(ရင်လူးဆေးတော့ သုတေသနတွေမှာ ရှာမတွေ့။ ဗိုက်နာတာကို ရင်လူးဆေးနှင့် ကုသည့်နိုင်ငံ ကျွန်တော်တို့သာ ရှိဟန်တူသည်။) သက်သာတာ တွေ့လျှင်တော့ သူ့ဘာသူ တိတ်မည့်အချိန်နှင့် ကိုယ်ဆေးတိုက်သည်အချိန် တိုက်ဆိုင်တာသာ ဖြစ်ပါလိမ့်မည်။ ဒါဆို ကျွန်တော်တို့ အနောက်တိုင်း ဆေးပညာရှင်တွေ ကလေးလေထိုးသည့် ကိစ္စ ဘာမှ မသိကြတော့ဘူးတဲ့လား။သိကြပါသည်။

 

၁။ လေထိုးခြင်းဆိုသည် ၆ လအောက် ကလေးအားလုံးနီးပါး ဖြစ်သော်လည်း ငိုနေတာက လွဲရင် ကလေးကို မည်သည့်ဘေးဥပဒ်မှ မပေးကြောင်း ကျွန်တော်တို့အသေအချာ သိပါသည်။

၂။ အသက် ၃ လနောက်ပိုင်းတွင် ကလေးတိုင်း လေထိုးသည့်အကြိမ်အရေအတွက် တဖြည်းဖြည်း နည်းသွားပြီး ခြောက်လနောက်ပိုင်း လုံးဝပျောက်သွားကြကြောင်း ကျွန်တော်တို့ သိပါသည်။

၃။ ကလေးကို ချီပြီး ခပ်ကြမ်းကြမ်း လှုပ်ခါပေးနေလျှင် လေထိုးသည့်အချိန် ပို၍ ကြာမြင့်တတ်ပြီး ငြိမ်ငြိမ်လေး ချထားပါက မြန်မြန်တိတ်တတ်ကြောင်း ကျွန်တော်တို့သိပါသည်။

 

ဒါဆိုရင် လေထိုးတာ စိုးရိမ်စရာ လုံးဝ မရှိတော့ဘူးတဲ့လား။

၁။ ကလေးကို ငိုနေတိုင်း လေထိုးတာဟုအပိုင်မပြောနိုင်ပါ။ အရေပြားတစ်နေရာရာမှာ ပြည်တည်ရောင်ရမ်းနေ လျှင်လည်း ငိုနေပါလိမ့်မည်။ အနှီးက ချည်စလေး လက်ချောင်းခြေချောင်းလေးတစ်ခုခုကို တုပ်မိပြီး သွေးမလျှောက် ဖြစ်နေလျှင်လည်း ငိုနေပါလိမ့်မည်။ အူကျပြီး ညပ်နေလျှင်လည်း ငိုနေပါလိမ့်မည်။ ဘာမှ ပြောမပြတတ်သော ကလေးငိုနေတိုင်း လေနာတာပဲဟုဆိုကာ လေဆေးတွေ တိုက်နေသဖြင့် အရေးကြီးသော အခြားရောဂါတစ်ခုခု လွတ်နေမှာ ကျွန်တော်တို့ စိတ်ပူမိပါတယ်။

 

၂။ မြန်မာလူမျိုး မိဘ၊ ဘိုးဘွားတို့ အရိုးစွဲနေကြသည့် ကြောက်မက်ဖွယ် အကောင်းဆုံး အယူအဆ အမှားမှာ ကလေးလေနာတာ မိခင် အသီးအရွက်စားပြီး နို့တိုက်၍ သေသောကလေး ကမ္ဘာပေါ်တွင် တစ်ယောက်မှ မရှိသော်လည်း လေနာမှာစိုး၍ ဟုဆိုကာနို့တိုက်မိခင် ဘာဟင်းသီးဟင်းရွက်မှ မစားဘဲ ထမင်းဖြူနှင့် ငါးခြောက်ဖုတ်သာ စားရသဖြင့်အသီးအရွက်မှရသော ဗီတာမင် ဘီဝမ်းဓာတ် ငတ်ကာ နှလုံးအမောဖောက်၍သေဆုံးရသော ကလေး မြန်မာနိုင်ငံတွင် အမြောက်အများ ရှိပါသည်။ လေနာတာ စစ်စစ်ကတော့ ဘာမှ စိတ်ပူစရာ မလိုပါ။ အချိန်တန်လျှင် သူ့အလိုလို ပျောက်သည်သာဖြစ်ပါသည်။

 

Ref:

မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ

ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)

ကလေးအထူးကု ဆရာဝန်ကြီး

Pg,110-112

အသက် ၆ လအောက် ကလေးအားလုံးနီးနီး လေထိုးဖူးကြသည်။ လေထိုးသည်

ဆိုတာက တကယ်တော့ ကလေးက ကော့ကော့ထိုး၍ ငိုနေခြင်းကို ဆိုလိုသည်။ လေက တစ်ကယါပတ်၍ ထိုးနေမထိုးနေ ဘယ်သူမှမသိ။ ဘာကြောင့်မှန်းကို ဘယ်သူမှမသိ။ ဘယ်နေ့ထိုးမှာလဲလည်း ဘယ်သူမှမသိ။ အကြာကြီးနေမှ တစ်ခါဖြစ်တာရှိသလိုသုံးလေး

ရက်ဆက်တိုက်ဖြစ်သည့် အခါလည်း ရှိသည်။ ဘယ်အချိန်ဖြစ်မှာလဲ။ ဘယ်သူမှမသိ။

ညနေပိုင်းဖြစ်တာတော့ များတယ်။ ဘာဆေးတိုက်ရင် သက်သာမှာလဲ။ ဘယ်သူမှမသိ။ သုတေသနများကတော့ ဂရိုင်းမစ်ချာရော၊ Simethicone ပါသည့် လေဆေးမျိုးစုံရော၊ ဘယ်ဟာကမှ တကယ်သက်သာတာ မတွေ့ရ။ (ရင်လူးဆေးတော့ သုတေသနတွေမှာ ရှာမတွေ့။ ဗိုက်နာတာကို ရင်လူးဆေးနှင့် ကုသည့်နိုင်ငံ ကျွန်တော်တို့သာ ရှိဟန်တူသည်။) သက်သာတာ တွေ့လျှင်တော့ သူ့ဘာသူ တိတ်မည့်အချိန်နှင့် ကိုယ်ဆေးတိုက်သည်အချိန် တိုက်ဆိုင်တာသာ ဖြစ်ပါလိမ့်မည်။ ဒါဆို ကျွန်တော်တို့ အနောက်တိုင်း ဆေးပညာရှင်တွေ ကလေးလေထိုးသည့် ကိစ္စ ဘာမှ မသိကြတော့ဘူးတဲ့လား။သိကြပါသည်။

 

၁။ လေထိုးခြင်းဆိုသည် ၆ လအောက် ကလေးအားလုံးနီးပါး ဖြစ်သော်လည်း ငိုနေတာက လွဲရင် ကလေးကို မည်သည့်ဘေးဥပဒ်မှ မပေးကြောင်း ကျွန်တော်တို့အသေအချာ သိပါသည်။

၂။ အသက် ၃ လနောက်ပိုင်းတွင် ကလေးတိုင်း လေထိုးသည့်အကြိမ်အရေအတွက် တဖြည်းဖြည်း နည်းသွားပြီး ခြောက်လနောက်ပိုင်း လုံးဝပျောက်သွားကြကြောင်း ကျွန်တော်တို့ သိပါသည်။

 

၃။ ကလေးကို ချီပြီး ခပ်ကြမ်းကြမ်း လှုပ်ခါပေးနေလျှင် လေထိုးသည့်အချိန် ပို၍ ကြာမြင့်တတ်ပြီး ငြိမ်ငြိမ်လေး ချထားပါက မြန်မြန်တိတ်တတ်ကြောင်း ကျွန်တော်တို့သိပါ

သည်။

 

ဒါဆိုရင် လေထိုးတာ စိုးရိမ်စရာ လုံးဝ မရှိတော့ဘူးတဲ့လား။

 

၁။ ကလေးကို ငိုနေတိုင်း လေထိုးတာဟုအပိုင်မပြောနိုင်ပါ။ အရေပြားတစ်နေရာရာမှာ ပြည်တည်ရောင်ရမ်းနေ လျှင်လည်း ငိုနေပါလိမ့်မည်။ အနှီးက ချည်စလေး လက်ချောင်းခြေချောင်းလေးတစ်ခုခုကို တုပ်မိပြီး သွေးမလျှောက် ဖြစ်နေလျှင်

လည်း ငိုနေပါလိမ့်မည်။ အူကျပြီး ညပ်နေလျှင်လည်း ငိုနေပါလိမ့်မည်။ ဘာမှ ပြောမပြတတ်

သော ကလေးငိုနေတိုင်း လေနာတာပဲဟုဆိုကာ လေဆေးတွေ တိုက်နေသဖြင့် အရေးကြီးသော အခြားရောဂါတစ်ခုခု လွတ်နေမှာ ကျွန်တော်တို့ စိတ်ပူမိပါတယ်။

 

၂။ မြန်မာလူမျိုး မိဘ၊ ဘိုးဘွားတို့ အရိုးစွဲနေကြသည့် ကြောက်မက်ဖွယ် အကောင်းဆုံး အယူအဆ အမှားမှာ ကလေးလေနာတာ မိခင် အသီးအရွက်စားပြီး နို့တိုက်၍ သေသော

ကလေး ကမ္ဘာပေါ်တွင် တစ်ယောက်မှ မရှိသော်လည်း လေနာမှာစိုး၍ ဟုဆိုကာနို့တိုက်

မိခင် ဘာဟင်းသီးဟင်းရွက်မှ မစားဘဲ ထမင်းဖြူနှင့် ငါးခြောက်ဖုတ်သာ စားရသဖြင့်

အသီးအရွက်မှရသော ဗီတာမင် ဘီဝမ်းဓာတ် ငတ်ကာ နှလုံးအမောဖောက်၍သေဆုံး

ရသော ကလေး မြန်မာနိုင်ငံတွင် အမြောက်အများ ရှိပါသည်။ လေနာတာ စစ်စစ်ကတော့ ဘာမှ စိတ်ပူစရာ မလိုပါ။ အချိန်တန်လျှင် သူ့အလိုလို ပျောက်သည်သာ

ဖြစ်ပါသည်။

 

Ref:

မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ

ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ)

ကလေးအထူးကု ဆရာဝန်ကြီး

Pg,110-112



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18