Print

မီးဖွားပြီးစ မိခင်တွေ သိထားရမယ့် အချက်များ

  30-Oct-2016
Preview Image

 

ကိုယ့်ရဲ့အိမ်ဂေဟာမှာ ကိုယ့်ရင်သွေးလေးတစ်ယောက်တိုးလာတာဟာ အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တစ်ခုပါပဲ။ ဒါပေမဲ့ အဲ့ဒီကလေးမွေးဖွားခြင်းဆိုတဲ့ဖြစ်ရပ်ကပဲ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုအပြောင်းအလဲတွေကို ဆောင်ကြဉ်းလို့လာနိုင်ပါသေးတယ်။

 

• အဓိကကတော့ အနားယူလို့ရနိုင်သမျှ အနားယူပါ။ ဒီလိုအချိန်မှာ သင်လုပ်လို့ရနိုင်တာတွေက စားမယ်၊ အိပ်မယ်၊ ပြီးတော့ သင့်ရင်သွေးကို ပြုစုစောင့်ရှောက်မယ်။ ဒါပဲပေါ့နော်။ သာမန်ရာသီသွေးဆင်းချိန်တွေမှာလို မိန်းမအင်္ဂါကနေလည်း သွေးတွေ ဆင်းလိုက်၊ ရပ်လိုက်က သီတင်းပတ်ခြောက်ပတ်လောက်အထိ ဖြစ်နိုင်ပါတယ်။

 

• ခြေထောက်အချောင်းလိုက်နဲ့ ခြေခုံ၊ခြေဖဝါးတွေမှာလည်း ဖောရောင်လာနိုင်ပါတယ်။ ၀မ်းလည်းချုပ်နိုင်ပြီး ဓမ္မတာလာချိန် ခံစားရတဲ့ ၀မ်းဗိုက်နာကျင်မှုလိုမျိုးလည်း ခံစားရနိုင်ပါတယ်။ သင်က သင့်ကလေးကို မိခင်နို့မတိုက်ဘူးဆိုရင်တောင်မှ သင့်နို့သီးခေါင်းတွေကနေ နို့ရည်တွေ စိမ့်ထွက်လာပြီး နို့နှစ်ဖက်စလုံးမှာ နို့ရည်တွေပြည့်လာတာတို့၊ သက်သောင့်သက်သာ မရှိတာတို့ ခံစားရနိုင်ပါတယ်။

 

• များမကြာမီသီတင်းပတ်အနည်းငယ်မှာပဲ သင်ပြုလုပ်လို့ရတော့မယ့် လှေကားတက်တာ ဒါမှမဟုတ် လမ်းလျှောက်တာလိုမျိုး လှုပ်ရှားမှုတွေကို ဘယ်လောက် အတိုင်းအတာထိ လုပ်လို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

 

• မီးဖွားပြီးနောက် သီတင်းပတ် ခြောက်ပတ်လောက်အထိ လိင်ဆက်ဆံတာကိုရှောင်ကြဉ်ဖို့ကိုလည်း ဆရာဝန်တွေက မှာကြားပါလိမ့်မယ်။ ဒီလိုရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအပြင် သင့်အနေနဲ့ ၀မ်းနည်းအားငယ်စိတ်တွေ ဒါမှမဟုတ် baby blues လို့ခေါ်တဲ့ မီးဖွားပြီးစ စိတ်ဓာတ်ကျဆင်းမှုတွေ ခံစားရနိုင်ပါသေးတယ်။ အလွန်အမင်း ၀မ်းနည်းနေပြီ၊ သင့်ကလေးကို သင်ကိုယ်တိုင် မပြုစုနိုင်တော့လောက်အောင် စိတ်ဓာတ်တွေ ဆောက်တည်ရာမရဖြစ်နေပြီဆိုရင်တော့ သင်ဟာ မီးဖွားပြီးကာလ စိတ်ကျရောဂါလို့ခေါ်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ရပ်ကို ရောက်ရှိသွားတာ ဖြစ်နိုင်ပါတယ်။

 

Ref:

Credit: ဖိုးသူတော် (www.phothutaw.com)

ကျန်းမာရေး.ဗဟုသုတ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18