Print

အမွှေးအမျှင် ထူပြောခြင်းအတွက် လက်တွေ့လူးနည်း

  29-Feb-2020
Preview Image

ဖယောင်း သို့မဟုတ် သကြားကော်ရည်သုတ်ခြင်း အရင်ဆုံး အရေပြားကိုချေးညှော်၊ အဆီကင်း၍ ခြောက်သွေ့ သန့်ရှင်းအောင် စီမံပြီးမှ အလျား ငါးမီလီမီတာခန့် ရှိမည့် အရေပြား တစ်လျောက် သုတ်လိမ်းပါ။ ဖယောင်းကို အပူပေး ဖျော်ရာတွင်ဂရုစိုက်ပါ။ ပူလွမ်းက အရေပြား လောင်သွားနိုင်သည်။


(၁) ဖယောင်းရည် သို့မဟုတ် သကြားကော်ရည် အမွှေးအမျှင် ကျွတ်မည့် လားရာအတိုင်း အထက်မှအောက်သို့ သုတ်လိမ်းချပါ။


(၂) ထိုကွက်ပေါ်တွင် (လူးထားသော အလျားငါးမီလီမီတာ ခန့်ရှိနေရာ) အဝတ်စတစ်စ အုပ်ကာပွတ်သပ် ကပ်ဖိချပါ။ အရေပြားကို တင်းတောင့်နေအောင် ဆွဲဆန့်ထားပြီး ဆတ်ခနဲ တစ်ချက်တည်းဖြင့် အဝတ်စကို ဆွဲခွာပါ။


(၃) မလိုလားအပ်ရာ အမွှေးအမျှင်များ ကျွတ်ကုန်သည်အထိ ဤနည်းအတိုင်းထပ်ခါထပ်ခါ လုပ်ပေးပါ။ ကျွတ်ခဲ၍ တင်းမာနေသော အမွှေးအမျှင်ပေါက်ရာ နေရာများကို ပိုလုပ်ပေးပါ။ အဝတ်စခွာပြီးလျှင် မွှေးရနံ့မပါသော အရေပြားအစိုဓာတ်ထိန်းဆေး ခရင်မ်ကို လူးပေးပါ။ အမွေးကျွတ်သွားသော နေရာများ နီရဲဖောင်ကြွ ကျန်နေပါက ရေမချိုးရ၊ ရေမကူးရ။ ယင်းတို့ ပျောက်ကင်းသွားမှသာ ရေချိုး၊ ရေကူးရမည်။


Ref: အိမ်သားသမားတော်

ဒေါက်တာသန်းထွဋ်


မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် ၇၈၈၇ သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18