Print

သန္ဓေသား၏ ဉာဏ်ရည်ဉာဏ်သွေးအပေါ် သက်ရောက်နိုင်သည့် အချက်များ

  19-May-2020
Preview Image

          မိခင်ဖခင်တွေ အသက်ငယ်ရွယ်စဉ်မှာ ကလေးယူတာက ကလေးအတွက် ကောင်းမွန်ပါသလားဆိုတာကို လူအတော်များများက သိချင်ကြမှာပါ။ နိုင်ငံပေါင်းစုံမှ သိပ္ပံပညာရှင်တွေကလည်း ဒီမေးခွန်းကို သိချင်တဲ့အတွက် ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးပေါ်မှာ မိဘအသက်အရွယ်နဲ့ တခြားအကြောင်းအရာတွေရဲ့ ဆက်စပ်မှုကို လေ့လာခဲ့ရာမှာ အောက်ပါအတိုင်းတွေ့ရှိခဲ့ပါတယ်။


          မျိုးရိုးဗီဇတွေ ပြောင်းလဲပြီးမှ လူသားတစ်ဦးဖြစ်လာပါတယ်။ ကလေးငယ်တွေမှာ သူတို့မိဘတွေမှာမရှိတဲ့ ဗီဇပြောင်းလဲမှု ၇၀ လောက်ပါဝင်ပါတယ်။ ဒီဗီဇတွေက များသောအားဖြင့် မျိုးဥက သယ်ဆောင်လာတာမဟုတ်ဘဲ သုက်ပိုးက သယ်ဆောင်လာတာပါ။ ဖခင်အသက်ကြီးလေလေ၊ ကလေးငယ်တွေမှာ ဗီဇပြောင်းလဲမှုများလေလေပါ။


          ဗီဇပြောင်းလဲမှုပမာဏက ဉာဏ်ရည်ဉာဏ်သွေးစွမ်းရည်နဲ့ ဆက်စပ်မှုရှိပါတယ်။ ပြောင်းလဲမှု ပမာဏများလေလေ၊ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက ပုံမှန်ထက်ပိုပြီး ကျဆင်းနိုင်လေလေပါ။ သိပ္ပံပညာရှင်တွေက ဦးနှောက်လုပ်ငန်းဆောင်တာ စစ်ဆေးမှု၊ IQ စစ်ဆေးမှုနဲ့ စာဖတ်စွမ်းရည်စစ်ဆေးမှုကို တိုင်းတာပြီး ခန့်မှန်းတွက်ချက်ထားတာပါ။ ဖခင်အသက်ကြီးတာက ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျနိုင်ပါတယ်။

 

         မိခင်ရဲ့ အသက်အရွယ်ကတော့ ဖခင်နဲ့ ပြောင်းပြန်ပါ။ မိခင်အသက်ကြီးလာလေလေ၊ သူတို့ကလေးရဲ့ ဉာဏ်ရည်ဉာဏ်သွေးမြင့်တက်လာလေလေပါ။ သုတေသီတွေကတော့ ဒီဆက်စပ်မှုဟာ မျိုးရိုးဗီဇ Gene တစ်ခုတည်းကြောင့် မဟုတ်ဘဲ လူမှုပေါင်းသင်းဆိုင်ရာ အချက်အလက်နဲ့လည်း သက်ဆိုင်တာကြောင့်လို့ ဆိုပါတယ်။ အသက်ကြီးတဲ့ အမျိုးသမီးတွေက ပညာအရည်အချင်းပိုများတာ၊ အတွေ့အကြုံများတာ၊ အသိဉာဏ်ပိုမြင့်မားလာတာကြောင့်ပါ။ ငယ်ရွယ်တဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးတွေကတော့ ဖွံ့ဖြိုးတိုးတက်နှုန်းနှေးကွေးနိုင်ပါတယ်။


ကလေးငယ်ရဲ့ ကြီးထွားမှုက မိခင်ဝမ်းကြာတိုက်အတွင်းမှာရှိစဉ် မိခင်ရဲ့ စိတ်ဖိစီးမှုများတဲ့ ပမာဏနဲ့ ဆက်နွယ်နေပါတယ်။

          စိတ်ဖိစီးမှုအသင့်အတင့်သာရှိတဲ့ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေက ဉာဏ်ရည်ဉာဏ်သွေးမြင့်မားပြီး ကျန်းမာရေးကောင်းမွန်ကာ စိတ်ဖိစီးမှုများလွန်းသူ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေကတော့ တခြားကလေးတွေထက် ကြီးထွားဖွံ့ဖြိုးနှုန်း အားနည်းတယ်လို့ သိရပါတယ်။

          ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်တွေအနေနဲ့ စိတ်ဖိစီးမှုနည်းမှသာ ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းမွန်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ချကြပါတယ်။

Credit : ဒေါက်တာခင်မိုးမိုး 

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18