Print

အမျိုးသမီးတွေသားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ဘာတွေ သတိထားသင့်သလဲ…

  12-May-2020
Preview Image

အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာက ဘာကြောင့်ဖြစ်တာပါလဲ။

သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းကတော့ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်တာကို တွေ့ပါတယ်။ ဒီပိုးက လိင်ဆက်ဆံရာကနေ ကူးစက်ခံရတာတွေလည်း ဖြစ်နိုင်ပြီး ကူးစက်ခံရတဲ့ပိုးက သားအိမ်ခေါင်းထဲမှာ နေပါတယ်။


ဘယ်လိုလက္ခဏာတွေ ပြလေ့ရှိသလဲ။

ဒီရောဂါက ရောဂါအစပိုင်းမှာ ဘယ်လိုလက္ခဏာမှာာ ပြလေ့မရှိပါဘူး။ ဒါကြောင့် ရောဂါစဖြစ်တဲ့အချိန်မှာ ရောဂါရှိနေမှန်းသိဖို့ ခက်ခဲပါတယ်။ ရောဂါလက္ခဏာပြပြီဆိုရင် အချိန်အခါမဟုတ်ဘဲ အဖြူဆင်းတာတွေ၊ သွေးဆင်းတာတွေ၊ နာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီကာလကို ကင်ဆာအကြိုအဆင့်လို့ခေါ်ပြီး ဒီကြားထဲမှာပုံမှန် အခြေအနေကို ရောက်ရှိသွားတဲ့အဆင့်လည်း ဖြစ်တတ်ပါတယ်။


ဒီရောဂါက ဘယ်လိုအမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များသလဲ။

ပုံမှန်အနေနဲ့ဆိုရင် အိမ်ထောင်ရှင်အမျိုးသမီးတွေ၊ ကလေးများများမွေးတဲ့မိခင်တွေမှာ အဖြစ်များပါတယ်။ အဓိကကတော့ လိင်ဆက်ဆံဖူးတဲ့ အမျိုးသမီးတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။

ဒါတွေအပြင် ဓမ္မတာလာတာမဟုတ်ဘဲ သွေးဆင်းတာတွေဖြစ်မယ်၊ ပုံမှန်မဟုတ်ဘဲ မိမိခင်ပွန်းနဲ့ အတူနေထိုင်ပြီးချိန်မှာ သွေးဆင်းမယ်၊ နာကျင်တာတွေ ဖြစ်တတ်ပြီး ဒီထက်ပိုဆိုးရွာတတ်တဲ့ အခြေအနေလည်း ရှိတတ်ပါတယ်။

ဖြစ်နိုင်ရင်တော့ တတ်နိုင်သမျှကို သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တဲ့ အချက်အလက်တွေကို လျှော့ချပြီး Pap Smearလုပ်ဖို့နဲ့ ကာကွယ်ဆေးထိုးထားရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့်သားအိမ်ခေါင်းကင်ဆာကို သုံးနှစ် တစ်ကြိမ်ပဲဖြစ်ဖြစ်၊ ငါးနှစ်တစ်ကြိမ်ပဲဖြစ်ဖြစ် စစ်ဆေးပေးတာက ရောဂါဖြစ်တာတွေကိုလည်း ကာကွယ်ပေးပြီး စိတ်ချရတာတွေလည်း ဖြစ်နိုင်ပါတယ်။


အစားအသောက်အနေနဲ့ကော ဘယ်လိုအရာတွေကို စားသောက်သင့်လဲ။

အစားအသောက်တွေအနေနဲ့ အာဟာရဓာတ်ဖြစ်စေတဲ့ ဗီတာမင် အေ၊ ဗီတာမင်ဘီ ဘီတွဲ၊ ဘီတာမင် စီ၊ ဗီတာမင် အီးနဲ့ ဘီတာကယ်ရိုတင်းတွေကို စားသောက်သင့်ပါတယ်။ ဒါတွေကြောင့် အဲဒီအစားအသောက်တွေကို ပုံမှန်စားသောက်တာက သားအိမ်ခေါင်းကင်ဆာဖြစ်တာတွေကို လျော့ကျစေပြီး အာဟာရဓာတ်တွေ ဖြစ်စေပါတယ်။


ဒီရောဂါက ကုသလို့ပျောက်နိုင်မလား၊ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ။

ဒီရောဂါကို ကုသတဲ့အခါမှာ ခွဲစိတ်ကုသတာတွေ၊ ဓာတ်ရောင်ခြည်တွေနဲ့ ပြသပြီးကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ကုသနည်းတစ်မျိုးတည်းနဲ့ ကုသလို့ရမယ့်အဆင့်တွေရှိသလို ရောဂါအဆင့်ပြင်းထန်နေရင် ကုသနည်းနှစ်မျိုးစလုံးနဲ့ ကုသရတဲ့အဆင့်တွေလည်းရှိပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေ့ပြီးဆိုတာနဲ့ဆိုင်းငံ့မနေဘဲ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးသွားရောက်ပြီးတော့ ပြသသင့်ပါတယ်။ အခုခေတ်မှာ ဓာတ်ရောင်ခြည်စက်တွေ ရှိနေတာကြောင့် လူနာတွေအနေနဲ့ နာကျင်ရတဲ့ဝေဒနာတွေကို မခံစားရဘဲ သက်သက်သာသာနဲ့ ထိခိုက်နာကျင်တာတွေ မရှိတော့ဘဲ ကုသနိုင်မှာ ဖြစ်ပါတယ်။

Credit :   မေသက်ဇော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18