Print

ကိုယ်ဝန်ဆောင်မိခင်နှင့် စိတ်ကျန်းမာရေးပြဿနာ အပိုင်း (၁)

  22-Jan-2020
Preview Image

စိတ်ကျန်းမာရေးပြဿနာက ကိုယ်ဝန်ဆောင်တွေမှာ ဘယ်လိုအကြောင်းတရားကြောင့် ပေါ်ပေါက်လာပါသလဲဆရာ။ အဲဒီပြဿနာကြောင့် ဘယ်လိုတွေ ထိခိုက်ခံစားရပါသလဲ ခင်ဗျာ။

          အကြောင်းအချက်မျိုးစုံအပေါ်မှာ မှီတည်နေတယ်လို့ပဲ ပြောရမှာပါပဲ။ နံပါတ် (၁) အနေနဲ့ဆိုရင် ဘယ်လိုစိတ်ဝေဒနာ  အမျိုးအစားမျိုး ခံစားဖူးသလဲ။ နံပါတ် (၂) က ဘယ်လိုဆေးဝါးတွေ၊ ဘယ်လိုကုထုံးတွေ ခံယူနေတယ်။ နံပါတ် (၃) ကတော့ လောလောဆယ်ဘဝမှာ ဖိစီးမှုဖြစ်ပေါ်စေတဲ့ ဖြစ်ရပ်တွေ (ဥပမာ - မိသားစုဝင်တစ်ယောက်ယောက်သေဆုံးတာ၊ ယောကျ်ားနဲ့ ကွဲကွာတာတို့ စသည်ဖြင့်ပေါ့လေ) များရှိနေသလား၊ နံပါတ် (၄) ကတော့ ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်ပြီး စိတ်ခံစားမှု ဘယ်လိုရှိမလဲ (ဥပမာ - ကိုယ်ဝန်ဆောင်ရလို့ ပျော်နေသလား၊ မပျော်ဘူးလား) (လိုလိုချင်ချင်နဲ့ရတဲ့ ကိုယ်ဝန်ဟုတ်လား၊ မဟုတ်ဘူးလား) ဒါမှမဟုတ်ရင်လည်း ငယ်ရွယ်စဉ်က စိတ်ထိခိုက်မှုပြင်းပြင်းထန်ထန် ခံစားရဖူးသလားဆိုတဲ့ အချက်တွေမှာ မူတည်နေပါတယ်။


          ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်တတ်တဲ့ စိတ်ဝေဒနာလက္ခဏာတွေက တခြားအချိန်တွေမှာ ဖြစ်တတ်တဲ့ စိတ်ဝေဒနာတွေလိုပါပဲ။ သိပ်ပြီး ကွာခြားတာမျိုး မရှိပါဘူး။တချို့ရောဂါလက္ခဏာတွေကတော့ စိုးရိမ်စိတ်လွန်ကဲတာတို့၊ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်တဲ့ အတွေးတွေ၊ ကလေးနဲ့ပတ်သက်ပြီး မကောင်းတဲ့အတွေးတွေ တွေးမိတာတို့ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန် ပြောင်းလဲသွားတာ၊ ကိုယ်အလေးချိန်တက်လာတာတွေကြောင့် စိတ်ထဲမှာ ထူးခြားသလို ခံစားရတတ်ပြီး အခက်အခဲတစ်ခုလို ဖြစ်နေတတ်တာပေါ့လေ။ အထူးသဖြင့် အစားအသောက်နဲ့ ပတ်သက်တဲ့ဝေဒနာ (Eating Disorder) တစ်ခုခုရှိနေရင် ပိုပြီးတော့ ဆိုးရွားတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ်ဝန်ဆောင်ကြောင့် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေက စိတ်ဝေဒနာလက္ခဏာတွေနဲ့ မှားယွင်းတတ်ပါသေးတယ်။


          ဥပမာ - အိပ်မပျော်တာတို့၊ အားမရှိသလိုခံစားရတာမျိုးတို့၊ နုံးနေတာတို့စတာတွေက ကိုယ်ဝန်ဆောင်ကြောင့်ရတတ်တဲ့ ရောဂါလက္ခဏာဖြစ်သလို စိတ်ကျဝေဒနာကြောင့်ခံစားရတဲ့ လက္ခဏာတွေနဲ့လည်း မှားပြီးတူနေတာ တွေ့ရတတ်ပါတယ်။ တချို့အမျိုးသမီးကြီးတွေကျတော့ ကိုယ်ဝန်ဆောင်လာရတဲ့အခါမှာ မမျှော်မှန်းနိုင်တဲ့၊ မရေရာ မသေချာတဲ့ အပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမှာ၊ ကျော်လွှားရမှာတွေကို ပိုပြီး ခက်တတ်တာတွေ ရှိတတ်ပါတယ်။ တချို့အရွယ်တော့ ဒီကိုယ်ဝန်ဆောင်ချိန်ကို ပျော်ရွှင်စရာ၊ စိတ်လှုပ်ရှားစရာကာလဖြစ်နေတတ်သလို တချို့ကျတော့လည်း စိတ်ညစ်စရာကြီးတွေ ဖြစ်နေတတ်ပါရော၊ တချို့ကျတော့လည်း ဒီကာလမှာ ပျော်စရာကတစ်ဖက်၊ စိတ်ညစ်စရာကတစ်ဖက်ဖြစ်နေတတ်ပြီး ကိုယ်ဝန်ဆောင်နဲ့ပတ်သတ်လို့ မကောင်းမြင်တဲ့လူရှိသလို၊ အလွန်အမင်းအကောင်းမြင်တဲ့သူတွေလည်း ရှိနေတတ်ပါတယ်။


          အမျိုးသမီးတော်တော်များများကတော့ ကိုယ်ဝန်ဆောင်ပြီး ကလေးရတော့မယ်ဆိုရင် ကလေးကို ဘယ်လိုပြုစုမလဲ၊ စောင့်ရှောက်မလဲ၊ ဘာလုပ်ရမလဲဆိုတာကို တွေးရင်းပျော်ရွှင်နေတတ်ကြတာများပါတယ်။ တချို့ကျတော့ စိုးရိမ်ပူပင်နေတာတွေရှိသလို တချို့ကျတော့ တခြားသောအကြောင်းအရာတွေကို တွေးပူနေတာတွေ ရှိတတ်ပါတယ်နော်ဆရာ။ ကျွန်တော့မိတ်ဆွေ ဆရာဝန်စာရေးဆရာတစ်ယောက်ဆို သားဦးမို့ ရူးမတတ်အောင် ပျော်ရွှင်ရပါတယ်လို့ ပြောဖူးပါတယ်။


          ဖြစ်တတ်ပါတယ်။ ဘာတွေ့လဲဆိုတော့ နံပါတ် (၁) ကိုယ့်ရဲ့အနေအထား Role အပြောင်းအလဲတွေရှိသွားမယ်။ ဥပမာ ကိုယ်ဝန်ရှိလာလို့ အမေတစ်ယောက်ဖြစ်လာတော့မယ်ဆိုရင် အလုပ်က နားရမယ်။ ဒါမှမဟုတ် အလုပ်ကို ရပ်ပစ်လိုက်ရမယ်ဆိုရင် သူ့ရဲ့အနေအထားက အပြောင်းအလဲဖြစ်သွားမယ်။ နံပါတ် (၂) ကတော့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာချင်တယ်။ နံပါတ် (၃) အနေနဲ့ မိဘကောင်းတစ်ယောက်ဖြစ်လာပါ့မလားဆိုတဲ့ အတွေးကြီး စိုးနေတတ်တယ်။ နံပါတ် (၄) ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဘာပြဿနာများမှာပါလိမ့်၊ ကလေးကရော ကောင်းကောင်းမွန်မွန်ဖြစ်ပါ့မလား စသည်ဖြင့် ဒါတွေကို တွေးပြီးပူတာတွေလည်းရှိမယ်။ နောက်တစ်ချက်နံပါတ် (၅) က ကလေးမွေးတဲ့အခါ ဘယ်လိုနေရမလဲဆိုပြီး စိုးရိမ်ပူပန်တာလည်း ရှိတတ်ပါတယ်။ နောက်တစ်ခုကတော့ ပံ့ပိုးမှုမရှိဘူး။ ကိုယ်တစ်ယောက်တည်း ဖြစ်နေတယ်ဆိုရင်လည်း ဒါတွေက တွေးပူရမယ့် ကိစ္စဖြစ်နေတာပေါ့။ တကယ်လို့ ဟိုအရင်ကိုယ်ဝန်မဆောင်ခင်က စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာရှိခဲ့ဖူးပေမယ့် လောလောဆယ်တော့ ကောင်းနေတယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာ ဘာတွေဖြစ်လာနိုင်မှာလဲ စဉ်းစားရမှာပေါ့။ အကောင်းဆုံးလုပ်သင့်တာကတော့ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးတစ်ယောက်ယောက်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ့်ကိုကုသပေးနေတဲ့ ဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်က စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးဆီ ညွှန်းပို့ရမှာ ဖြစ်ပါတယ်။


         နံပါတ် (၁) အနေနဲ့ ပြင်းထန်ဆိုးရွားတဲ့ စိတ်ဝေဒနာတွေ၊ ဥပမာ Schhizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါ၊ Bipolar Disorder လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားနဲ့ စိတ်ခံစားချက်ရောဂါဝေဒနာ ဒါမှမဟုတ်ရင်လည်း Severe Depreffion လို့ခေါ်တဲ့ စိတ်ကျရောဂါအပြင်းစားတွေ ခံစားရတာလား။ နံပါတ် (၂) က စိတ်ကျန်းမာရေးအထူးကုဆေးခန်း၊ ဆေးရုံတွေမှာ ဘယ်လိုကုသမှုတွေ ခံယူဖူးသလဲ၊ နံပါတ် (၃) ကတော့ ကိုယ်ဝန်ဆောင်ပြီးမှာ စိတ်ကျဝေဒနာ ဒါမှမဟုတ် စိတ်ဝေဒနာတစ်ခုခုကို ဆိုးဆိုးခံစားခဲ့ရသလား။ နံပါတ် (၄) ကတော့ စိုးရိမ်စိတ်လွန်ကဲတဲ့ဝေဒနာကြီးကြီးမားမား၊ ပြင်းပြင်းထန်ထန်ခံစားခဲ့ဖူးသလား၊ ဥပမာ OCD လို့ခေါ်တဲ့ စိတ်စွဲလန်းလွန်ပြီး ပြုမူတတ်တဲ့ ဝေဒနာ (Obssessive Compulsive Disorder) ဖြစ်ဖူးသလား။ နံပါတ် (၅) ကတော့ Eating Disorder ခေါ်တဲ့ အစားအသောက်နဲ့ ပတ်သက်တဲ့ ဝေဒနာ (Anorexia Nerrosa တို့၊ Bulimia rerrosa တို့လို ရောဂါတွေ) ခံစားခဲ့ရဖူးသလား၊ ဒီလိုဖြစ်လာရင် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီးတွေနဲ့ ပြသဖို့ စိတ်ကျန်းမာရေးဆေးရုံတွေဆီ ညွှန်းဆိုဖို့ လိုပါတယ်။


          အကယ်၍ ကိုယ်ဝန်ဆောင်စဉ်မှာ ကောင်းနေရင်တောင် အရင့်အရင်က ဖြစ်ခဲ့ဖူးတာ၊ ဖြစ်တဲ့အရွယ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အကြံဉာဏ်တောင်းခံသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါတွေရှိတယ်ဆိုရင် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာရော၊ ကလေးမွေးပြီးနောက်ပိုင်းမှာရော စိတ်ကျန်းမာရေးပြဿနာ တစ်ခုခုပေါ်ပေါက်လာနိုင်လို့ပဲ ဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပညာရှင်တွေက ဘယ်လိုကုသသင့်တယ်ဆိုတာ ဘယ်ဆေးမျိုးကို သောက်သင့်တယ်။ မသင့်ဘူးဆိုတာကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ သားဖွားဆရာဝန်နဲ့ မွေးသင့်လား၊ ရိုးရိုး GP ဆရာဝန်နဲ့ပဲ မွေးလို့ရလား၊ ဒါမှမဟုတ် OG အထူးကုဆရာဝန်ကြီးတွေနဲ့ မွေးဖို့ လိုသလားဆိုတာကို ဆွေးနွေးညွှန်ကြားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကိုယ်နဲ့ အမြဲထိတွေ့မှုရှိတဲ့ မိသားစုဆရာဝန် ၊ ရိုးရိုး GP ဆရာဝန်တွေကိုလည်း ရင်ဖွင့်တိုင်ပင်သင့်ပါသလား၊ ဒီတစ်ခါမှာ ဆရာတွေက သင့်တော်တဲ့ အကြံဉာဏ်တွေပေးမယ်။ လိုအပ်တယ်ဆိုရင် စိတ်ကျန်းမာရေးဆရာဝန်တွေဆီ ညွှန်းပို့ပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ လူထုအနေနဲ့ ဘာရောဂါ၊ ဘယ်အဆင့်အထိ ဖြစ်ခဲ့သလဲဆိုတာအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။


စိတ်ကျန်းမာရေးပြဿနာတွေဖြစ်ရင် ဘယ်လိုကုထုံးတွေနဲ့ ကုသမှုတွေ ခံယူသင့်ပါသလဲဆရာ။

          ကိုယ်ဝန်ဆောင်နေစဉ်မှာ စိတ်ကျန်းမာရေးပြဿနာဖြစ်ခဲ့ရင် ဘယ်လိုကုသမှုတွေ ခံယူရနိုင်သလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် ဖြစ်ခဲ့တဲ့ ရောဂါအမျိုးအစား၊ ရောဂါပြင်းထန်မှုနဲ့ ခံစားခဲ့ရတဲ့ ဝေဒနာတွေအပေါ်မှာ အခြေတည်ပြီးတော့ အကောင်းဆုံးကုသမှုတွေကို ရွေးချယ်ယူရမှာပါပဲ။ ဒီလိုကုသရာမှာ ဆေးဝါးနဲ့ ကုသနိုင်သလို Psychological Therapy လို့ခေါ်တဲ့ Talking Treatment တစ်နည်းအားဖြင့် ဆွေးနွေးတဲ့ပုံစံ၊ စကားပြောပြီး စိတ်ကုထုံးတွေဟာလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။ အဲဒီတော့ Medication ဆိုတဲ့ ဆေးဝါးပေးတာနဲ့ ပတ်သက်လို့ အများကြီးအရေးကြီးပါတယ်။ မိမိရဲ့ မိသားစုဆရာဝန် ဒါမှမဟုတ်ရင် အထွေထွေရောဂါကုဆရာဝန်နဲ့ ဘယ်လိုဆေးမျိုးတွေ သောက်သင့်တယ်။ ဘယ်လိုဆေးမျိုးကို မသောက်သင့်ဘူးဆိုတာကို တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဘယ်ဆေးတွေကတော့ အမေအတွက်ကောင်းပြီး၊ ကလေးအတွက်မကောင်းဘူးစသဖြင့် ဆွေးနွေးတိုင်ပင်ပြီး အခြေအနေပေးလိုက်ပြီး ဆေးကို ရွေးချယ်သောက်တာ၊ ဆေးပြောင်းတာ၊ ဆေးလျှော့သောက်တာ၊ ဆေးရပ်တာတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။


Credit : 22.1.2020



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18