နို့သီးခေါင်းမှအရည်ထွက်ခြင်း
24-Feb-2017
နို့သီးခေါင်းမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာဟာ မူမမှန်တဲ့ ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ အမျိုးသမီးအများစု ရင်သားကင်ဆာ ဖြစ်ပေါ်တဲ့အခါ နို့သီးခေါင်း မှာ ပြောင်းလဲမှုတွေ ဖြစ်လာတာကို တွေ့ရတတ်ပါတယ်။
ခန္ဓာကိုယ်ထဲမှာ ဟော်မုန်း ပြောင်းလဲမှုတွေနှင့် သက်ဆိုင်ပြီး အဓိကအားဖြင့် ပရိုလက်တင်ဟော်မုန်း ပမာဏ များပြားလာတာကြောင့် ဖြစ်ရတာပါ။ စိတ်ကျရောဂါ ကု ဆေးဝါးတချို့ သောက်သုံးနေရတာ၊ သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှု အားနည်းတာ၊ ပစ်ကျူထရီဂလင်းမှာ အကျိတ်ရှိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နို့သီးခေါင်းမှာ အလုံးအကျိတ် ဖြစ်တာကြောင့်လည်း နို့သီးခေါင်းကနေ သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ရှိတာကြောင့်လည်း နို့သီးခေါင်းကနေ နို့ရည်ကြည် ထွက်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။ ကလေးကို နို့ဖြတ်ပြီး နောက်ထပ် နှစ်နှစ်လောက်အထိ နို့သီးခေါင်း ကနေ နို့ထွက်ပါတယ်။ နို့သီးခေါင်းကနေ သွေးရည်ကြည် ထွက်တယ်ဆိုရင်တော့ ပေါ့ဆ မနေသင့်ပါဘူး။ ကျွမ်းကျင်တဲ့ ဆရာဝန်နှင့် ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အလင်း (ဆေးဝါး)
Arogyam magazine, January 2016, No.282, Pg. 120
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

