Print

ကလေ နို့အန်ခြင်း

  28-Feb-2017
Preview Image

မွေးကင်းစမှသည် ခြောက်လအရွယ်အထိ ကလေးများ နို့စို့ပြီးလျှင် ရံဖန်ရံခါ နို့ပြန်အန်တတ်သည်။ ဆေးပညာက possetting ဟုခေါ်သည်။
မြန်မာအခေါ်အဝေါ်လည်း နို့သက်သည်ဟု ရှိသည်။ ဗိုက်နှင့် မဆ့ံအောင် နို့ကိုစို့၍ ပိုသောနို့ကို ပြန်ထုတ်ခြင်း သက်သက်သာ။ကလေးက လန်းဆန်းနေပြီး ပုံမှန်အလေးချိန် တက်နေလျှင် စိုးရိမ်စရာ မဟုတ်။ တစ်ခါတစ်ရံ နှာခေါင်းထဲမှပင် ထွက်တတ်သည်။ နှာခေါင်းထဲမှ ထွက်ခြင်းသည်လည်း စိုးရိမ်စရာ လက္ခဏာမဟုတ်။နို့ဖတ် အတုံးလေးများလည်း ပါတတ်သည်။ ဒါကလည်း နို့နှင့်အစာအိမ်ထဲမှာ အက်စစ်ဓာတ် တွေ့၍ ဖြစ်ပေါ်လာခြင်းသာဖြစ်သည်။ စိုးရိမ်စရာမဟုတ်ပါ။

 

၁။ ကလေးက အလေးချိန် ကျဆင်းလာလျှင် သို့မဟုတ် တက်သင့်သလောက်မတက်လျှင်

၂။ အန်သည့်ထဲတွင် သွေး သို့မဟုတ် စိမ်းစိမ်းစိုစို သည်းခြေရည်တို့ ပါဝင်လာလျှင်

၃။ ဖျားနေလျှင်

၄။ ဝမ်းလျှောနေလျှင်

၅။ ချောင်းဆိုးနေလျှင်

၆။ အရေပြားခြောက်ကပ်၍ မျက်တွင်းများ ခွက်လာလျှင်။

၇။ သတိလစ်လျှင် သို့မဟုတ် တက်လျှင် အစရှိသည့် လက္ခဏာများနှင့် တွဲဖက်လာလျှင်တော့ ဆရာဝန်ပြ၍ စစ်ဆေးခံရန် လိုအပ်ပေသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး


Credit : မမွေးဖွားမီမှ အရွယ်ရောက်သည်အထိ ကလေးပြုစု စောင့်ရှောက်နည်းများ
ပါမောက္ခ ဒေါက်တာရဲမြင့်ကျော် (ဒေါက်တာရဲ) ကလေးအထူးကု ဆရာဝန်ကြီး Page , 113 -114



Related Articles


Advertisment 18