နေမကောင်းသောကလေးများကို အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း
30-Oct-2016
အဓိကသတင်းစကားများ
***************************
ကလေးများကိုယ်ပူခြင်း (သို့) အန်ခြင်း (သို့) ၀မ်းသွားခြင်းကြောင့် ခန္ဓာကိုယ်တွင် အရည်ဓာတ်လျော့နည်းသွားသဖြင့် အရည်ပိုတိုက်ရန်လိုပါသည်။ အစာပုံမှန်ကျွေးနေခြင်းဖြင့် ကိုယ်ခံအားကောင်းပြီး မြန်မြန်နေကောင်းစေပါသည်။ မိခင်နို့တိုက်နေသော ကလေးများအား မိခင်နို့ပိုတိုက်ရပါမည်။ ဓာတ်ဆားရည်၊ စွပ်ပြုတ်၊ ဆန်ပြုတ်၊ လတ်ဆတ်သော သစ်သီးဖျော်ရည်၊ နို့များတိုက်ကျွေးနိုင် ပါသည်။ ကလေးအန်ပါက ခဏနား၍ နည်းနည်းချင်းပြန်တိုက်ပေးပါ။ ကျွေးနေကျ အစားအစာများကို ပုံမှန်ဆက်၍ကျွေးပေးပါ။ ကလေးအတွက် ပျော့ပျောင်း နူးည့ံသော အစာများဖြစ်ရပါမည်။နောက်ဆက်တွဲပြဿသနာများမဝင်နိုင်ရန် နာလန်ထချိန်တွင် အနည်းဆုံး တစ်ပတ်ခန့် စားနေကျထက် တစ်နပ်ပိုကျွေးပါ။
Ref:
အမာခံအဖွဲ့ဝင်များ လက်စွဲစာအုပ်
(ရပ်ရွာအဆင့်)
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

