Print

ပုန်းနေတဲ့ရာသီသွေးအကြောင်း

  17-May-2018
Preview Image

• တစ်လပြီးတစ်လ ဆင်းလာတဲ့ ရာသီသွေးတွေက အောက်ကိုထွက်ရမယ့် အပေါက်ကလေးမရှိတာကြောင့် မွေးလမ်းကြောင်းထဲမှာ စုဝေးလာတယ်။ နောက်သားအိမ်ထဲမှာလည်း တစ်လနည်းနည်းစီ စုစည်းမိလာရင်း တဖြည်းဖြည်း များများလာတော့တာပေါ့။ နောက်ဆုံးမှာတော့ သားအိမ်ကြီးတစ်ခုလုံးလည်း ဘောလုံးကြီး တစ်လုံးလို အကြီးကြီး ဖြစ်သွားတော့တယ်။ ဒီလိုမျိုး ရာသီက လာတော့လာတယ်။ အပြင်ကို မထွက်ဘဲ အထဲမှာပဲ ပုန်းအောင်းနေတဲ့ အတွက် ဒီလိုကိစ္စမျိုးတွေကို “Hidden Menstruction” လို့ခေါ်ကြတယ်။


• ဆီးပေါက်လို့မရတဲ့ဝေဒနာလည်း ပျောက်သွားမယ်ဆိုရင် လစဉ်လစဉ် လာရမယ့်ရာသီဟာလည်း မှန်မှန်လာပြီပေါ့။ ဒါပေမဲ့ သားအိမ်ဟာ နှစ်ပေါင်းများစွာ စုဝေးလာတဲ့ ရာသီသွေးတွေကြောင့်မို့ ဖောင်းကားကြီးမားနေရာက သွေးတွေဖောက်ထုတ်လိုက်တဲ့အခါ လေလျှော့လိုက်တဲ့ ပူဖောင်းကြီးလို ပျော့တိပျော့ဖတ်၊ လျော့ရိလျော့ရဲကြီး ဖြစ်သွားတော့တယ်။ တင်းတင်းရင်းရင်း မာမာလုံးလုံးကလေး မဟုတ်တော့ပဲ ရွှဲသွားပြီလို့ပြောလို့ရမှာပေါ့။


• အပျိုမလေးရဲ့ကိုယ်လုံးလေးလို တင်းတင်းရင်းရင်း ကျစ်ကျစ်လျစ်လျစ် မဟုတ်တော့ဘဲ ခုနစ်အိုရှစ်အို၊ ကလေးတွေအများကြီးမွေးပြီးသား အဘွားကြီးတစ်ယောက်ရဲ့ ကိုယ်လုံးလို တွဲတွဲကြီးဖြစ်သွားတာပေါ့။ ပြီးတော့ သူ့မှာ နောင်တစ်ချိန်မှာ ဖြစ်လာနိုင်တဲ့ ရောဂါတစ်ခုရှိနိုင်ပါသေးတယ်။ အဲ့ဒီရောဂါဖြစ်နိုင်တဲ့ အကြောင်းအရင်းက ထွက်ပေါက်က အောက်မှာသာ (အပျိုမြှေးမှာ အပေါက်မပါလို့) မရှိတာ။ သားအိမ်ကိုယ်ထည်ရဲ့ အပေါ်ဘက်မှာက သားဥပြွှန်ကလေး နှစ်ချောင်း တစ်ဖက်တစ်ချက်စီ ရှိပါတယ်။ အဲ့ဒီ သားဥပြွန်ကလေး နှစ်ချောင်းမှာက အပေါက်ကလေးနဲ့ ပြွန်ချောင်းကလေးဖြစ်နေတာ။ သူရဲ့တာဝန်က တွဲလျောင်းကျနေတဲ့ သားဥပြွန်တစ်ဖက်ခြမ်းက လက်ချောင်းပုံစံမျိုး ဖြစ်နေတဲ့ အဖတ်ရှည်ကလေးတွေဟာ တစ်လကိုတစ်ကြိမ် သားဥအိမ်ထဲက ကြွေကျလာတဲ့ သားဥကလေးတစ်လုံးကို ဆတ်ခနဲ လက်နဲ့ဖမ်းလိုက်သလို ဖမ်းယူလိုက်တယ်။


• အဲ့ဒီ သားဥကလေးဟာ သားဥပြွန်ကလေးထဲ တဖြည်းဖြည်းဝင်ရောက်လာတယ်။ အဲ့ဒီလို ပြွန်လေးအတွင်းမှာ သားဥကလေးရှိနေချိန်မှာ လိင်ဆက်ဆံလိုက်ရင် ထွက်လာတဲ့ သုတ်ကောင်ကလေးတွေက မွေးလမ်းကြောင်း သားအိမ်ခေါင်းကိုဖြတ်ပြီး သားအိမ်ထဲ ရောက်လာတယ်။ သားအိမ်ထဲကနေ အပေါ်ကို ရေကူးပြီးတက်လာတဲ့ သုတ်ကောင်ကလေးတွေဟာ သားဥပြွန် အပေါက်ဝလေးထဲက ဝင်သွားပြီး ဥပြွန်ထဲမှာ အသင့်စောင့်နေရှာတဲ့ သားဥလေးဆီကို ရောက်သွားကြတယ်။


• သားဥလေးကို ဒီသန်းပေါင်းများစွာသော သုတ်ကောင်လေးတွေက ဝိုင်းးပြီးလူပျိုလှည့်ကြတဲ့ ကိစ္စမှာ သားဥကလေးကသူတို့တွေထဲက သုတ်ကောင်ကလေးတစ်ကောင်ကိုပဲ အချစ်တံခါးလေးဖွင့်ပြီး ဝင်ခွင့်ပေးလိုက်တော့တယ်။ အဲ့ဒီမှာပဲ သုတ်ကောင်လေးနဲ့သားဥကလေး ပေါင်းစပ်ပြီး အူဝဲလေး တစ်ယောက်ဖြစ်သွားတယ်။ ဒီအူဝဲလေးဟာ သားဥပြွန်ကလေးထဲကနေ တရွေ့ရွေ့သွားရင်း သားအိမ်ထဲကို ပြန်လည်ဝင်ရောက်လို့လာတယ်။


• ပြီတော့မှ အဆင်သင့်ထူထဲအောင် ပြင်ဆင်ထားတဲ့ သားအိမ်နံရံအတွင်းသားထဲ ဝင်ရောက်သွားပြီး နေရာယူလိုက်တယ်။ အဲ့ဒီနေရာလေးထဲမှာပဲ အူဝဲလေးဟာ တစ်စထက်တစ်စ ကြီးပြင်းလာပြီးး ကိုးလလွယ် ဆယ်လမှာ မွေးလာတာဖြစ်တယ်။ အဲ့ဒီလိုအူဝဲလေးရအောင် လုပ်ပေးတဲ့ သားဥပြွန်လေးထဲကို တစ်လတစ်ခါထွက်လာတဲ့ ရာသီသွေးတွေက အောက်မှာ အပေါက်မရှိလို့မထွက်နိုင်ပဲ  အပေါ်ကိုတက်လာပြီး ဝင်ရောက်သွားကြတယ်။


• အဲဒီရာသီသွေးတွေဟာ လစဉ်လစဉ် သားဥပြွန်လေးထဲကနေ ထွက်လာပြီး သားအိမ်အပြင်ဘက် ဝမ်းဗိုက်အတွင်းခေါင်းထဲကို စီးဆင်းကျလာတာပေါ့။ လတိုင်းလတိုင်း ဒီလိုရာသီသွေးတွေဟာ ဘက်ဂီယာနဲ့ သားဥပြွန်အပေါက်ထဲကတဆင့် ဝမ်းဗိုက်ခေါင်းထဲကျဆင်းလာခြင်းကို “Retrograde Menstruation” “ရာသီနောက်ပြန် စီးဆင်းခြင်း” လို့ခေါ်ပါတယ်။ အဲ့ဒီလိုစီးဆင်းသွားတဲ့ ရာသီသွေးတွေထဲမှာ သားအိမ်အတွင်းမြှေးထဲက ဆဲလ်လေးတွေပါလာတယ်။ ဒီဆဲလ်လေးတွေက အသက်ရှိလာတယ်။ ရွက်ကျပင်ပေါက်လေးတွေဟာ အရွက်ကျတဲ့နေရာမှာ အပင်လေးတွေပေါက်လာတတ်ပါတယ်။


• အဲ့သလိုပါပဲ သားအိမ်အတွင်းမြှေး ဆဲလ်လေးတွေကလည်း ဝမ်းဗိုက်အတွင်းထဲက သူတို့တွေကျသွားတဲ့ မျက်နှာပြင်တွေမှာ တွယ်ကပ်ပွားများ လာတတ်ပါတယ်။ ပြီးရင်နေရာမှာ တွယ်ကပ်ကြီးထွားလာပြီး လစဉ်လတိုင်း သူတို့ရဲ့သဘာဝကို ပြတော့တာပါပဲ။ အဲ့ဒီသဘာဝကတော့ ရာသီလာတိုင်းရာသီသွေးတွေ အဲ့ဒီနေရာမှာ စုဝေးတတ်တာပဲဖြစ်တယ်။


• အဲ့ဒီရောဂါကို “နေရာလွဲမှား သားအိမ်အတွင်းသား”လို့ခေါ်တယ်။ နောင်တစ်ချိန်ချိန်ကျရင် “နေရာလွဲမှား သားအိမ်အတွင်းသား” “Endometriosis” ဆိုတဲ့ရောဂါ ဖြစ်လာနိုင်ပါတယ်။

Credit: သားဖွားမီးယပ်အထူးကုဒေါက်တာစိုးလွင်(တွဲဖက်ပါမောက္ခ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18