Print

အချင်းရှေ့ရောက်ဖြစ်ခြင်း

  26-Apr-2018
Preview Image

ကိုယ်ဝန်ကို အာထရာဆောင်းရိုက်တဲ့ မှတ်ချက်မှာ အချင်းကျနေတာ၊ အချင်းရှေ့ရောက်ဖြစ်တာနဲ့ အချင်းနေရာမမှန်တာ၊ စသဖြင့် ရေးတယ်။ Low Iying Placenta အချင်းအောက်ဘက်မှာ ကပ်တယ်ဆိုရင် မူမမှန်ဖြစ်နေတာပါ။ မမွေးခင် သွေးဆင်းတာကို APH ခေါ်တယ်။ အရေးကြီးတယ်။ ကလေးဟာ ကိုယ်ဝန်ဘယ်အရွယ် ရနေနေ မွေးလမ်းကြောင်းကနေ ဖွားလို့မရနိုင်ပါ။ ကိုယ်ဝန်ရင့်တာဆိုရင် သေချာပေါက် LSCS ဗိုက်ခွဲမွေးရတယ်။ ကိုယ်ဝန်ဆောင်အယောက် ၂၅၀ မှာ တစ်ယောက်ဖြစ်တယ်။ တချို့စာရင်းဇယားတွေအရ ၀ ဒသမ ၅ ရာခိုင်နှုန်းလို့ ဆိုတယ်။


ကိုယ်ဝန် ၁၆ ပတ်မှာ သားအိမ်အတွင်းမျက်နှာပြင်ရဲ့ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို အချင်းက နေရာယူတယ်။ ဒုတိယ သုံးပတ်ရောက်ရင် သားအိမ်အောက်ပိုင်းလို့ ခေါ်တာဖြစ်လာတယ်။ ဒါကြောင့် အတွင်းမျက်နှာနေရာ ပိုကျယ်လာတယ်။ ဒါကြောင့် သားအိမ်အဝဝေးတာ ဖြစ်နိုင်ချေရှိတယ်။ ကိန်းဂဏန်းနှင့် ရှိတာပြောရရင် ဒုတိယသုံးလထဲမှာ အဆင့် (၃) လုံးလုံး ပိတ်နေသူတွေထဲက  ၉၀ ရာခိုင်နှုန်း နည်းနည်းသာ ပိတ်နေသူတွေထဲက  ၉၅ ရာခိုင်နှုန်းတွေဟာ သူ့အလိုလို အခြေအနေကောင်းလာနိုင်တယ်။ အရင်ဖြေစာမှာ အချင်းနေရာပြောင်းသွားတာ မရှိဘူးလို့ ဖြေခဲ့တယ်။ အခုလိုရှင်းမှ အချင်းနေရာပြောင်းတာ မဟုတ်ပါ။ သားအိမ်အတွင်း မျက်နှာပြင်ကျယ်လာတာလို့ နားလည်စေချင်တယ်။ Ultrasound ထပ်ရိုက်ရလိမ့်မယ်။


နေ့စေ့လစေ့အထိ အချင်းက သားအိမ်အဝမှာ ကပ်နေရင် အရေးကြီးပြီ။ 


ကလေးအတွက်ဆိုရင် -


၁။ သွေးလုံလောက်အောင် မရလို့ မကောင်းတာ (ဆုံးသွားတာ) ဖြစ်နိုင်တယ်။


၂။ IURG အထဲမှာ ကလေးကြီးထွားမှုအားနည်းစေမယ်။


၃။ မွေးရာပါချို့ယွင်းချက် တခြားကလေးတွေထက် ပိုများနိုင်ချေရှိတယ်။ 


မိခင်လောင်းအတွက်ဆိုရင် 


၁။ အသက်ကို ခြိမ်းခြောက်နိုင်လောက်အောင် သွေးဆင်းခြင်း။


၂။ ဗိုက်ခွဲမွေးရခြင်း


၃။ မွေးဖွားပြီး သူများထက် သွေးပိုဆင်းခြင်း


၄။ Placenta accrete အချင်းက ရှားရှားပါးပါး သားအိမ်ကြွက်သားအထိ တွယ်ကပ်ခြင်း။


ကိုယ်ဝန်လရင့်နေသူဆိုရင် Placenta previa ဆိုတာ သိတာနဲ့ ကိုယ်ဝန်ဆောင်ကို လုံးဝ နားစေရမယ်။ လိုမယ်ထင်ရင် ဆေးရုံတင်ပါ။ လိုမယ်ဆိုတာ ကိုယ်ဝန်အနုအရင့် ကလေးအခြေအနေတွေ ကြည့်ရမယ်။ ကလေးအဆုတ်ရင့်သန်အောင် Steroid shote ဆေးထိုးရတတ်တယ်။ သွေးဆင်းနေတာ မရပ်ရင်တော့ ခွဲပေတော့။ အချင်းရှေ့ရောက် ဖြစ်ရသူတွေထဲမှာ အသက်ကြီးသူ၊ ငယ်လွန်းသူတွေ၊ ကလေးအမွေးများသူ အမြွှာဖြစ်လို့၊ ဒါမှမဟုတ် Erythroblastosis ဖြစ်လို့ အချင်းအရွယ် သိပ်ကြီးနေသူ၊ ခွဲမွေးထားသူ၊ သားအိမ်ခြစ်ဘူးသူတွေ ပါနေတယ်။ 


APH မမွေးခင် သွေးဆင်းတာ နှစ်မျိုးရှိတယ်။ တချို့မှာ Placental abruption သားအိမ်တွင်းမှာ အချင်းကွာတာဖြစ်တယ်။ နောက်တစ်ခုက Placental Previa အချင်းရှေ့ရောက်ဖြစ်တာပါ။ ဒီဂရီ သုံးမျိုးခွဲခြားတယ်။ အချင်းက သားအိမ်အဝကို ဘယ်လောက်အထိ ဖုံးနေသလဲအပေါ်မှာ မူတည်တယ်။ အစွန်းလေးမှာ ဖုံးတာ ၅၀ ရာခိုင်နှုန်းနဲ့ လုံးလုံးဖုံးတာ ငါးရာခိုင်နှုန်း ဖြစ်နိုင်တယ်။ တချို့က အတန်းအစား လေးမျိုးခွဲတယ်။ စာသင်ကြားရာမှာသာ အရေးပါတာပါ။ အများဆုံးဖြစ်တာ PP အချင်းရှေ့ရောက်ဖြစ်တာ ဖြစ်ပါတယ်။ မြန်မာဘာသာပြန်က အင်္ဂလိပ်ဆေးစာ ရှေ့ကသွားတယ်ဆိုတဲ့အတိုင်း မှန်တယ်။ ဘာရဲ့ရှေ့ကလဲ။ ကလေးရှေ့က။ ကလေးဖွားတယ်ဆိုတာ ဒုတိယအဆင့် ကလေးက အရင်မွေးပြီး တတိယ အဆင့်ရောက်မှ အချင်းက ဆင်းရမှာ။


မွေးခါနီးလာရင် သွေးနဲ့ အကျိအချွဲနဲ့ ရောဆင်းတာကို Show ခေါ်တယ်။ ပုံမှန် ကလေးဖွားကာနီးသူတိုင်း ဖြစ်တယ်။ APH ဖြစ်လို့ သွေးဆင်းတာက သွေးနီနီရဲရဲ၊ ဗိုက်လည်း မနာဘဲ ဆင်းတာမျိုး ဖြစ်တယ်။ နေ့လယ်ခင်းမှာ စဆင်းတာများတယ်။ ကိုယ်ဝန်၂၄ ပတ်ကျော်သူတွေမှာ အဲလိုဖြစ်ရင် အချင်းရှေ့ရောက်ကို သံသယရှိရတော့မယ်။ နုသေးရင် ကိုယ်ဝန်ပျက်စာရင်းထဲဝင်မယ်။ မွေးလမ်းကို လက်နဲ့ စမ်းတာမှာ အထူးသတိထားရတယ်။ စမ်းတဲ့လက်က သားအိမ်အဝမှာ ဘာရှိသလဲ သေချာအောင်စမ်းရင်း ကပ်နေတဲ့ အချင်းကို ထိုးခွာပေးသလို ဖြစ်တတ်တယ်။


 သတိကြီးတဲ့ဆရာဝန်တွေက သံသယရှိနေရင် ခွဲမွေးနိုင်အောင် ပြင်ဆင်မှုတွေအရင်လုပ်တယ်။ တောမှာဒါမှမဟုတ် စိတ်ကိရိယာ မရှိတာမျိုးကြုံရင် မွေးလမ်းကနေ မွေးပေးနည်းလည်း ကြံဖန်နိုင်ပါသေးတယ်။ နှစ်နည်းရှိတယ်။ မိခင်ကို ကယ်ဖို့သာဖြစ်ပါတယ်။ အချင်းက နေရာမှန်ပြန်မရောက်နိုင်ပါ။ ကလေးအနေအထားကသာ ပြင်သွားတတ်တယ်။ အခုအခါ အဲလိုဖြစ်ပေမယ့် နောက်ကိုယ်ဝန်တွေမှာ ပုံမှန်ဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဖြစ်နိုင်တာလဲဆိုတာပြောရရင် ကံတရားပါဘဲ။ မိဘတွေချို့ယွင်းကြလို့မဟုတ်ပါ။ သန္ဓေတည်တည်ချင်း အချင်းကပ်တာက သားအိမ်အထက်ပိုင်းမှာ ပုံမှန်ကပ်ရာမှာကို အောက်မှာသွားကပ်လို့ ဒီလိုဖြစ်လာတာ။ ကံတရားပါပဲ။ မိခင်လောင်းတွေ ကံကောင်းကြပါစေ။


Credit: ဒေါက်တာတင့်ဆွေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18