Print

ကိုယ်ဝန်ဆောင်နှင့်ဆီးချိုသွေးချိုရောဂါ

  30-Oct-2016
Preview Image

 

ဆီးချိုသွေးချိုရောဂါ ရှိသူများ၌ သွေးတွင်သကြားဓါတ် များလွန်းနေသည်။ အသက် ငယ်ရွယ်စဉ် စတင် ဖြစ်ပေါ်ပါက ပို၍စိုးရိမ်စရာဖြစ်သည်။ များသောအားဖြင့် အသက် ၄ဝ ကျော်ပြီး အဝလွန်သူများတွင် ဖြစ်လေ့ရှိ သည်။

 

လက္ခာများမှာ

• ရေငတ်ခြင်း။

• ဆီးမကြာခဏသွားခြင်းနှင ့်များပြားစွာသွားခြင်း။

• မောပန်းနွမ်းနယ်ခြင်း။

• ဆာလောင်ခြင်း။

• ကိုယ်အလေးချိန် လျော့ကျခြင်း။

• မွေးလမ်းကြောင်းတွင် မကြာခဏ ပိုးဝင်ခြင်း။

စိုးရိမ်ဖွယ်ရာနောက်ပိုင်းလက္ခဏာများ

• အရေပြားယားယံခြင်း။

• မျက်စိမှုံဝါးခြင်း။

• ခြေဖျားလက်ဖျားများ ထုံကျဉ်ခြင်း။

• ခြေထောက်တွင် အနာများမကျက်ခြင်း။

• သတိလစ်ခြင်း (ပြင်းထန်သော အခြေအနေတွင်ဖြစ်ခြင်း)၊ ဆီးချိုသွေးချို ရောဂါရှိ၊ မရှိကို သိရှိရန် ကျန်းမာရေး လုပ်သားနှင့် တွေ့ဆုံ၍ ဆီးတွင်သကြားရှိ၊ မရှိစစ်ဆေးကြည့်ပါ။

 

ကုသခြင်း

အသက ်၄ဝ အောက်ဖြစ်ပြီး ဆီးချိုသွေးချို ရောဂါရှိပါက ကျန်းမာရေးလုပ်သားနှင့် ပြသကုယူသင့် သည်။ အသက် ၄ဝ ကျော်ပါက အစားအသောက်ကို ဆင်ခြင်ပြီး ရောဂါကို ထိန်းထားနိုင်သည်။

• အစာနည်းနည်းက ိုခဏခဏစားပေးပါ။ သွေးထဲရှိသကြားဓါတ်ပမာဏကို မပြောင်းလဲအောင် ထိန်းပေးထားသည်။

• အချိုများစွာစားခြင်းကိုရှောင်ကြဉ်ပါ။

• အဝလွန်နေပါက ကိုယ်ခန္ဓာ အလေးချိန်လျော့အောင် ကြိုးစားပါ။

• အဆီများသေ ာအစားအစာများကို ရှောင်ရှားပေးပါ။ ဖြစ်နိုင်ပါက ရောဂါအခြေအနေ မဆိုးရွားလာစေရန် ကျန်းမာရေး လုပ်သားများနှင ့် မှန်မှန်တွေ့ဆုံပြသသင့်သည်။

• အရေပြားတွင် အနာနှင့်ထိခိုက်ဒဏ်ရာ မဖြစ်စေရန် အစာစားပြီးတိုင်း သွားတိုက်ပေးခြင်း၊ အရေပြားကို သန့်ရှင်းစွာထားရှိခြင်းနှင့် ခြေထောက်ဒဏ်ရာ မရအောင် ဖိနပ်အမြဲစီးခြင်း တို့ကိုပြုလုပ်နိုင်သည်။

• ခြေထောက်တွင် အနာရှိပြီး ရောဂါပိုးဝင်သော လက္ခဏာများ ( နီရဲနေခြင်း၊ရောင်နေခြင်း၊ ပူနေခြင်း) ရှိပါက ကျန်းမာရေးလုပ်သားနှင့် တွေ့ဆုံပါ။

• ခြေထောက်များက ိုဖြစ်နိုင်သမျှ ထောင်ထားပေးသင့်သည်။ ခြေထောက်သည် အရောင်ညိုနေပြီး ထုံကျဉ် လာပါက အလွန်ပင်အရေးကြီး ပါသည် ဤလက္ခဏာများသည် ခြေထောက်တွင် သွေးလည်ပတ်မှု နည်းနေ ခြင်းကြောင့် ဖြစ်သည်။ သင့်အနီးအနား ပတ်ဝန်းကျင်တွင် ဆီးချိုသွေးချိုရောဂါအတွက် သင့်တော်သော ဆေးဘက်ဝင်သော အပင်အရွက်များရှိနိုင်သည်။ ကျန်းမာရေးလုပ်သားနှင့် တိုင်ပင်၍သုံးစွဲပါ၊

 

Ref: WEAVE



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18