Print

အမျိုးသမီး၏ ကိိုုုယ််ခန္ဓာ ပြောင်းလဲခြင်း

  30-Oct-2016
Preview Image

 

အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာသည် အပျိုဖော်ဝင်ချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ မိခင်နို့တိုက်ကျွေးချိန်နှင့် ရာသီသွေးဆုံးချိန် (ကလေးမရနိုင် တော့သည့်အချိန်) တို့၏ များပြား၍ အရေးကြီးသော ပြောင်းလဲမများဖြစ်ပေါ် လာသည်။ သားဖွားနိုင်သော အသက်အရွယ်တွင် ကိုယ်ခန္ဓာသည် ရာသီသွေးမပေါ်မီ၊ ပေါ်နေစဉ်နှင့် ပေါ်ပြီး နောက်ပိုင်း လစဉ် ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။ ဤပြောင်းလဲမှုများသည်မျိုးဆက် ပွား အင်္ဂါအစိတ်အပိုင်းများ၏ ဖြစ်ပေါ်ပြီး Hormone ဓါတ်များကြောင့်ဖြစ်ပေါ်ပါသည်။

 

ဟော််မုန််းဓါတ််များ (Hormones)

ဟော်မုန်းဓါတ်များသည် ကိုယ်ခန္ဓာမှထုတ်လုပ်သော ဓါတုပစ္စည်းများဖြစ်၍ ကိုယ်ခန္ဓာ မည်ကဲ့သို့ မည်သည့်အချိန်၏ ကြီးထွားမည်ကို ထိန်းချုပ်ထားသည်။ မိန်းကလေးတစ်ဦး၏ ပထမဆုံး ရာသီသွေး မပေါ်မီအချိန်တွင် ကိုယ်ခန္ဓာသည် အမျိုးသမီးဟော်မုန်းဓါတ ်များဖြစ်သော Estrogen နှင့် Progesterone များကို ပိုပြီး ထုတ်လွှတ်သည်။ ဤဟော်မုန်းများသည် ကိုယ်ခန္ဓာ အပျိုဖော်ဝင်သော ပြောင်းလဲမှုများ ကို ဖြစ်စေသည်။ သားဖွားနိုင်သော အရွယ်ကာလတွင် ဤဟော်မုန်းများသည် ကိုယ်ဝန်ရှိ လာနိုင်ရန် ကိုယ်ခန္ဓာကို လစဉ်ပြင်ဆင်ပေးသည်။ သားဥအိမ်များကို မည်သည့်အချိန်၌ သားဥတစ်လုံး (လစဉ်သားဥတစ်လုံး) ကြွေစေရန်အသိပေးသည်။ထို့ကြောင့် ဟော်မုန်း များသည် အမျိုးသမီးတစ်ဦး မည်သည့်အချိန်၌ ကိုယ်ဝန်ဆောင်နိုင်မည်ကို ဆုံးဖြတ်ပေး သည်။ များစွာသော သားဆက်ခြားခြင်း နည်းလမ်းများသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာအတွင်း၌ ဟော်မုန်းဓါတ်များကို ထိန်းချုပ်ထားခြင်းဖြင့် ကိုယ်ဝန်ကို ဟန်တားပေးသည်။

 

ဟော်မုန်းဓါတ်များသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၏ လစဉ်ရာသီသွေးကို ရပ်ထားပြီးကလေးမွေးပြီး နောက် နို့အုံမှနို့ရည်ထုတ်လုပ်ရန် လှုံ့ဆော်ပေးသည်။ မျိုးဆက်ပွား အရွယ်ကာလ အဆုံးပိုင်းသို့ ရောက်သောအခါ အမျိုးသမီး၏ ကိုယ်ခန္ဓာ၌ Estrogen နှင့် Progesterone ဟော်မုန်းဓါတ်များ ထုတ်လုပ်ခြင်း တစ်ဖြည်းဖြည်း လျော့နည်း၍ ရပ်တန့်သွားသည်။ သားဥအိမ်များမှ သားဥများ မကြွေတော့ပါ။ ကိုယ်ခန္ဓာ သည် ကိုယ်ဝန်ဆောင်ရန်အတွက် ပြင်ဆင်မှုများ ရပ်တန့်သွားပြီး ရာသီသွေးဆင်းခြင်းလည်း တစ်သက်လုံး ရပ်တန့်သွားသည်။ဤအဖြစ်ကို ရာသီသွေးဆင်းခြင်းဟုခေါ်သည်။အမျိုးသမီးတစ်ဦး၏ ကိုယ်ခန္ဓာမှထုတ်လုပ်သော Hormone ဟော်မုန်းဓါတ်များ၏ ပမာဏနှင့် အမျိုးအစား များသည် သူမ၏စိတ်နေ စိတ်ထား၊ လိင်မှုဆိုင်ရာခံစားမှု၊ ကိုယ်အလေးချိန်၊ ကိုယ်အပူချိန်၊ ဆာလောင်မှုနှင့် အရိုးအင်အားစသည်တို့ အပေါ်အကျိုးသက်ရောက်မှုရှိသည်။

 

Ref:

WEAVE

29.10.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18