Print

ဓမ္မတာလာချိန်မှာ အကိုက်အခဲ သက်သာစေဖို့နည်းလမ်းကောင်းများ

  30-Oct-2016
Preview Image

 

အမျိုးသမီးတိုင်း တစ်လတစ်ကြိမ် လစဉ် ခံစားရလေ့ရှိတဲ့ အရာကတော့ ဓမ္မတာလာစဉ် ကိုက်ခဲခြင်းပါပဲ။ ဒီကိစ္စကို အမျိုးသမီးထုရဲ့ (၉၀)ရာခိုင်နှုန်းလောက် ကတော့ မလွဲမသွေ ကြံုဖူးကြမယ်လို့ ထင်ပါတယ်။ ဒီတော့ ဒီကိစ္စကို အသက်သာဆုံးနဲ့ အလွယ်ကူဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းကြမလဲ သိချင် လာကြပါပြီ။

 

(၁) အများစုက ပရိုတိန်းဓါတ်ကို ညစာလောက်မှသာ ဖြည့်တင်းစားသောက်လေ့ ရှိပါတယ်။ ဒါပေမယ့် ပရိုတိန်းဓါတ်ကို မနက်စာ ၊ နေ့လည်စာနဲ့ ညစာပါ တစ်နေ့လုံး ထည့်သွင်းစားသောက်ပေးမယ် ဆိုရင်တော့ သင့်ရဲ့ အသဲကို အကူအညီပေးနိုင်ပြီး လစဉ် ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ပရိုတိန်းဓါတ်များတဲ့ ကြက်သား ၊ ငါး ၊ ကြက်/ဘဲဥတွေကို နေ့စဉ် မပါမဖြစ်အားပြုပြီး စားသုံးပေးပါ။

 

(၂) လဖက်စိမ်းရည် သောက်ခြင်းက သင့်ရဲ့စိတ်ကို တည်ငြိမ်စေနိုင်ပြီး ခန္ဓာကိုယ်ကို လန်းဆန်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို လက်ဖက်ရည်ကြမ်း သုံးခွက်လောက်အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။ ဒါပေမယ့်လည်း ယနေ့ခေတ်မှာ ဓါတုဓါတ်ပြုမှုနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ခြောက်တွေက များနေတာကြောင့် သဘာဝပစ္စည်းများကိုသာ အသုံးပြုထားပြီး ဓါတုပစ္စည်းမပါ၀င်တဲ့ ထုတ်ကုန်မျိုးကိုသာ ရွေးချယ်သောက်သုံး ဖြစ်ဖို့တော့ အရေးကြီးပါတယ်။

 

(၃) ယောဂကျင့်စဉ်ကျင့်ပါ။ မှန်ပါတယ်။ ယောဂလို ပုံမှန်လေ့ကျင့်ရတဲ့ လေ့ကျင့်ခန်းမျိုးဟာ သင့်ခန္ဓာကိုယ်ရဲ့ သွေး ၊ ချွေး လှည့်ပတ်မှုနှုန်းများကို ပုံမှန်ဖြစ်စေတာကြောင့် ဓမ္မတာလာချိန် ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။

 

(၄) အသားတွေ ၊ ငါးတွေကို ချက်ပြုတ်ရာမှာ တိုက်ရိုက်အပူရှိန် (မီးကင်ခြင်း ၊ မီးဖိုနဲ့ချက်ခြင်း)နဲ့ ထိတွေ့ရတာဖြစ်ပါက အပူချိန် ၃၀၀ ဒီဂရီဖာရင်ဟိုက်အောက်သာ ရှိသင့်ပါတယ်။ အပူချိန် အလွန်များတဲ့အခါ အသားတွေ လောင်ကျွမ်းမှုကနေ ထွက်လာတဲ့ (HCAs) (PAHs) စတဲ့ ဓါတု ဓါတ်ပြုမှုတွေက သင့်ကိုကင်ဆာ ရောဂါဖြစ်ဖို့ အလားအလာရှိနိုင်ပြီး ဓမ္မတာဖြစ်စဉ်အတွက်လည်း အထောက်အကူမပြုပါဘူး။

 

(၅) အစားအသောက်ပြီး နောက်တစ်ခုက စိတ်ကိုလည်း ဂရုတစိုက် ပြုပြင်ထားဖို့လိုပါမယ်။ ဖိအား များနေတဲ့အချိန်မျိုးမှာ ဓမ္မတာဖြစ်စဉ် ဖြစ်လာခဲ့ရင် ဝေဒနာပိုဖြစ်လွယ်တာမို့ စိတ်ကိုထိန်းချုပ်နိုင်ရပါမယ်။ ဒါကြောင့်ကြိုတင်ကာကွယ်မှု အနေနဲ့ တစ်နေ့ကို တစ်နာရီလောက်တော့ စိတ်အပန်းဖြေတဲ့အချိန် ထားရှိဖို့ လိုပါလိမ့်မယ်။ တစ်လစာအတွက်ဒီလို ကြိုတင်ပြင်ဆင်သွားမယ်ဆိုရင်တော့ သင့်အတွက် ခက်ခဲတဲ့ ရာသီစက်ဝန်း ဆိုတာ မရှိနိုင်တော့လို့ လာမယ့်ရက်ကို ကြိုတင်တွက်ပြီး စိတ်ညစ်နေစရာလဲ မလိုတော့ပါဘူး။ အရေးကြီးတာက သင့်ရဲ့ တစ်နေ့တာ ကျန်းမာရေးဂရုစိုက်မှုနဲ့ နေပုံထိုင်ပုံပဲဖြစ်ပါတယ်။

 

Ref:

ဖိုးသူတော် (www.phothutaw.com)

Credit : Trend Myanmar

ကျန်းမာရေး, ဗဟုသုတ, အတွေးအမြင်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18