Print

ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းအကြောင်း သ...

  30-Oct-2016
Preview Image

 

ဘာကျန်းမာရေးချွတ်ယွင်းမှုမှ မရှိသ၍ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံတာ ပြသနာ မဟုတ်ဘူးလို့ ဆရာဝန်တွေ ပြောကောင်းပြောပါလိမ့်မယ်။ ကလေးမွေးပြီး လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်လို့ ပေးနေကျ အကြံက သားဖွားပြီး ၄ ပတ်ကနေ ၆ ပတ်ခန့်ဖြစ်ပါတယ်။ သို့သော် ကိုယ်ဝန် ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးနောက်ပိုင်း လိင်ဆက်ဆံခြင်းနဲ့ ပတ်သက်ပြီး အမျိုးသမီးများ သိချင်တဲ့အချက်တချို့ ရှိနေပါ သေးတယ်။

 

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း

ကိုယ်ဝန်ဆောင်စဉ် oral sex လုပ်ပါက မွေးလမ်းကြောင်းသို့ လေမှုတ်သွင်းခြင်း အပြင်းအထန် တားမြစ်ထားပါတယ်။ ဗလုံစီက သွေးကြော ပိတ်ဆို့နိုင်ပြီး မိခင်နဲ့ ကလေးနှစ်ဦးလုံး အသက်သေတဲ့အထိ ဖြစ်စေနိုင်တယ်။

 

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းကို ဘယ်လိုအချိန်မှာ တားမြစ်သလဲ

ကိုယ်ဝန်ဆောင်စဉ် သင်လိင်ဆက်ဆံခြင်းပြုမပြု ဆရာဝန်က စစ်ဆေး အကဲဖြတ်ပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ကာလ လိင်ဆက်ဆံခြင်းမှသင့်ကို တွန့်ဆုတ်စေနိုင်မယ့် အချက်တချို့ရှိပါတယ်။ အဲ့ဒါတွေကတော့

- သားလျှောခြင်း

- အချင်း အရမ်းနိမ့်ဆင်းခြင်း

- (၃၇) ပတ်မပြည့်မီ ကလေး စောမွေးခြင်း

- သားအိမ်ခေါင်းပျော့ပြီး ကားထွက်လာခြင်း

- မွေးလမ်းကြောင်းသွေးယိုပြီး သားလျောခြင်း စတာတွေပဲ ဖြစ်ပါတယ်။

- ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

- အမျိုးသမီးများ သွားဖွားပြီးနောက် ဟော်မုန်းပြောင်းလဲမှု ကြုံရပြီး မွေးလမ်းကြောင်း ခြောက်သွေ့မှု ဖြစ်စေပါတယ်။ ယင်းသို့ခြောက်သွေ့ရခြင်းနဲ့ မွေးလမ်းကြောင်းချောမွတ် မနေပဲ ဖြစ်ရတဲ့ နောက်အကြောင်းအရင်းတစ်ခုက ကလေးနို့တိုက်ရလို့ဖြစ်ပါတယ်။

 

အဲဒါက လိင်ဆက်ဆံတဲ့အခါ နာကျင်စေတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ ယင်း မသက်မသာဖြစ်မှုကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝတဲ့ ချောဆီကို အသုံးပြုနိုင်တယ်။ သားဖွားခြင်းကြောင့် မွေးလမ်းကြောင်းတစ်ရှူး ကျယ်လာပြီး နဂိုအတိုင်း ဘယ်တော့မှ ပြန်ဖြစ်မလာနိုင်ပေမယ့် ဒါက စိုးရိမ်စရာမရှိပါဘူး။ မွေးလမ်းကြောင်း တစ်ရှူးတွေက မွေးဖွားပြီး လအနည်းငယ်ကြာမှာ ပုံမှန်အတိုင်းပြန်ဖြစ်လာလေ့ ရှိပါတယ်။ မွေးလမ်းကြောင်းရှိ ကြွက်သားတောင့်တင်းမှု လျော့နည်းလာမယ်။ ဒါပေမယ့် အဲဒါက ယာယီသာဖြစ်ပါတယ်။

 

ဖိုးသူတော် (www.phothutaw.com)

Credit : Trend Myanmar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18