Print

ကိုယ်ဝန်ဆက်တိုက် ယူလျှင် အရိုးပွနိုင်ခြေပိုများ

  30-Oct-2016
Preview Image

ကိုယ်ဝန်ဆောင်ကာလ တစ်နှစ်သာ ခြားသည့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ကာလ ကြာကြာခြားသည့် မိခင်များနှင့် နှိုင်းယှဉ်ပါက သက်ကြီးပိုင်း ကာလတွင် အရိုးပွရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလာကြောင်း လေ့လာ တွေ့ရှိထားသည်။

သုတေသီများက သွေးဆုံးပြီး အရိုးပွရောဂါရှိသည့် အမျိုးသမီး (၂၃၉) ယောက်နှင့် အရိုးပွရောဂါ မရှိသည့် အမျိုးသမီး (၂၉၈)ဦး၏ ကိုယ်ဝန်ဆောင် မှတ်တမ်းများကိုလေ့လာ ဆန်းစစ်ခဲ့ကြသည်။ ထိုအခါ ကိုယ်ဝန်ဆောင် ကာလ တစ်နှစ်ခန့်သာခြားသူများသည် အရိုးပွရောဂါ ဖြစ်ပွားမှု ပိုများကြောင်း တွေ့ခဲ့ရသည်။

လေ့လာသုတေသကို အမေရိကန် နိုင်ငံ ကွန်နတ်တီကတ် ပြည်နယ် နယူးဟဲ ဗန်းမြို့ရှိ ယေးလ်ဆေးတက်္ကသိုလ်မှ ဒေါက် တာ ဂူလ်ဆင် ဆာဟင် အာဆွိုင်းနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်ကို နှစ်နှစ်ခန့် ခြားသင့်ကြောင်း ဒေါက်တာ အာဆွိုင်းက အကြံပြုသည်။ အမျိုးသမီးများသည် အသက် (၄၅) နှစ်နှင့် (၅၅) နှစ်အကြားတွင် သွေးဆုံးလေ့ရှိပြီး သွေးဆုံးချိန်တွင် အီစထရိုဂျင်နှင့် ပရိုစတုန်း ဟော်မုန်းများ ထုတ်လုပ်မှု မရှိတော့ဘဲ ခန္ဓာကိုယ်သည်လည်း အရိုးတစ်သျှူးများ ထုတ်လုပ်နိုင်မှု နှေးကွေးသွားကာ အရိုးပွရောဂါ ဖြစ်ပွားလာခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်က ကလေးကို ကယ်စီယမ်ဓာတ် ပို့ဆောင် ဖြည့်ဆည်းပေးနေရသည်။ ကယ်စီယမ်သည် အရိုးကို သန်မာစေသော ဓာတ်ဖြစ်သည်။ မိခင်နို့ တိုက်ကျွေးသည့် ကာလနှင့် နောက်ထပ် ကိုယ်ဝန်မရခင် စပ်ကြားတွင် မိခင်မှာ ကယ်စီယမ်ဓာတ် ပြန်လည် ပြည့်ဝခြင်း ဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလ စိပ်ပါက မိခင်သည် ကယ်စီယမ်ဓာတ် ပြန်ရရန် အချိန်မလုံလောက်သဖြင့် အရိုးသိပ်သည်းဆ နည်းသွားရကြောင်း စစ်တမ်းက ဆိုသည်။

 

Ref:

ဖိုးသူတော်(www.phothutaw.com)

Credit : messenger

ကျန်းမာရေး, ဗဟုသုတ 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18