Print

ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဆံပင်ဆေးဆိုးပါက သန္ဓေသား ပျက်စီးနိုင်

  30-Oct-2016
Preview Image

 

အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဓာတုဗေဒဆေးများ ပါဝင်သော အစားအသောက်များနှင့်အသုံး အဆောင်ပစ္စည်းများ သုံးစွဲပါက သန္ဓေသားကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦး ထံမှသိိရသည်။ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း ဓာတုဗေဒ ပစ္စည်းများပါဝင်သော ပစ္စည်းများ မကြာခဏသုံးစွဲပါက သန္ဓေသားကို ခြေပျက် လက်ပျက်ဖြစ်စေခြင်းနှင့် သန္ဓေသား၏ မျိုးရိုးဗီဇ တစ်သျှူးများ ပျက်စီးစေနိုင်ကြောင်းသိရသည်။ “ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ဓာတုပစ္စည်းတွေပါတဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ရှောင်စေချင်တယ်။ ဖြစ်နိုင်ရင် သဘာဝပစ္စည်းတွေကိုပဲ အသုံးပြုကြပါ ကလေးမွေးပြီး ရင်လည်း နို့မှုန့်တွေမှာ Chemical ပါတဲ့အတွက် သဘာဝဖြစ်တဲ့ မိခင်နို့နဲ့့နွားနို့ ပဲတိုက်စေချင်တယ် ” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသန်းထိုက် ကပြောသည်။

 

ကိုယ်ဝန်ဆောင် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အစားအသောက် ကိစ္စများတွင် သာမက အသုံးအဆောင်ပစ္စည်းများ အသုံးပြုရာတွင်လည်း သတိပြုရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်နေ စဉ် ကာလအတွင်း ဆံပင်ဆေးဆိုးခြင်း သည်လည်း သန္ဓေသားကို အန္တရာယ်ဖြစ်စေ သည့့် အတွက် လုံးဝမပြုလုပ်သင့်ကြောင်း ၎င်းကဆက်ပြောသည်။ ဆံပင်ဆိုးဆေး တိုင်းတွင် ဓာတုပစ္စည်းများ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း အသုံးပြုမိပါက ကိုယ်ဝန် ပျက်ကျစေခြင်း၊ သန္ဓေသားကို ထိခိုက်စေနိုင်ကြောင်း အတိအကျ စမ်းသပ်ထားခြင်းများ မရှိသော်လည်း အဆိုပါဓာတုပစ္စည်းများသည် လူ၏အရေပြားမှ တစ်ဆင့် သွေးကြောအတွင်းသို့ စိမ့်ဝင် လာသည့်အတွက် သန္ဓေသားအား အန္တရာယ်ပေးနိုင်ကြောင်း သိရသည်။

 

“ကိုယ်ဝန်ဆောင်စဉ် မှာ ဆံပင်ဆေးဆိုးတာက သန္ဓေသားကို ထိခိုက်စေပါတယ်၊၊ ဒါကိုအမျိုးသမီးတွေက သိပ် သတိမထားကြဘူး အရမ်းဆိုး ချင်နေရင်တောင် ကိုယ်ဝန် (၃)လအရွယ်မှာ လုံးဝ မဆိုးမိပါစေနဲ့ ၆လကျော်ရင် ဆိုးချင်ဆိုးလို့ရပါတယ် ဒါပေမယ့် အန္တရာယ် ကင်းတယ်လို့တော့ မဟုတ်ဘူး အကြံပေးချင်တာ က ကိုယ်ဝန်ဆောင်နေစဉ် မှာလုံးဝမဆိုးတာအကောင်းဆုံးပါပဲ”ဟု ဒေါက်တာသန်းထိုက် ကဆက်ပြောသည်။ ကိုယ်ဝန် (၃)လ အရွယ်သည် သန္ဓေသား၏ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်၊ အသည်း အစရှိသည့် အဓိက အင်္ဂါ အစိတ်အပိုင်းများ ဖွ့ံဖြိုး တိုးတက်ချိန်ဖြစ်ကြောင်း သိရသည်။ “ အစားအသောက်ကို ဆင်ခြင် စားသောက်ရမယ်လို့ သိထားပေမယ့် ဒီလို အန္တရာယ်များမယ်လို့ မထင် ထား ဘူး။ ဆံပင်ဆိုးတာက ကလေးကို ထိခိုက်စေတယ်လို့ မကြားဖူးဘူး အမျိုးသမီးတိုင်းလည်း ဒါကို သတိထားမိမှာ မဟုတ်ဘူး သိထားရင်ရှောင်သင့်တာရှောင်လို့ရတာပေါ့ ”ဟု ကိုယ်ဝန်သည် အမျိုးသမီး တစ်ဦးက ဆိုသည်။

 

Ref:

ကျန်းမာရေး, ဗဟုသုတ

ဖိုးသူတော် (www.phothutaw.com)

Credit : yinkhwinlam



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18