Print

အသက် ၅၀ ကျော်လာသူတွေ မဖြစ်မနေ စားသောက်သင့်ဆုံး အစားအစာများ

  27-Sep-2020
Preview Image

အသက် ၅၀ ကျော်လာသူတွေ မဖြစ်မနေ
စားသောက်သင့်ဆုံး အစားအစာများ
----------------------------------------------

ပဲပိစပ်
---------
    ဖိုက်တိုအီစထရိုဂျင်များစွာပါဝင်ပြီး ဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။ သွေးဆုံးချိန်ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။

တို့ဟူး
---------
    ပိရိုတင်းများစွာ ရရှိနိုင်ပြီး အရိုးပါးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
    အမျှင်ဓာတ်များစွာ ရရှိနိုင်ပြီး အဆီတွေ ခန္ဓာကိုယ်တွင်းစုပုံမှုကို လျော့နည်းစေပါတယ်။

ပဲအမျိုးမျိုး
---------------
    အပင်ကရတဲ့ ပရိုတင်းဖြစ်ပြီး ခန္ဓာကိုယ်တွင်း ဟော်မုန်းပမာဏကို ထိန်းညှိပေးပါတယ်။
ဖရဲသီး
    အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရေဓာတ်များစွာပါဝင်ပါတယ်။ ဖရဲသီးလိုပဲ ပန်းသီး၊ စပျစ်သီး စတာတွေကိုလည်း စားသုံးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး
--------------------
    အင်တီအောက်ဆီးဒင့်များစွာပါဝင်ပြီး သွေးလှည့်ပတ်မှုနဲ့ ဦးနှောက်လုပ်ငန်းတွေ ကောင်းမွန်စေပါတယ်။

ငါး
---
    အဆီများတဲ့ ငါးတွေကနေ အိုမီဂါ - ၃ များစွာပါဝင်ပြီး ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပါတယ်။ နှလုံးရောဂါနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ကောင်းမွန်စေပါတယ်။

အစေ့အဆန်
---------------
    အင်တီအောက်ဆီးဒင့်များစွာပါဝင်ပြီး သွေးတွင်းကိုလက်စထရောအဆီကို လျော့နည်းစေပါတယ်။

ဟင်းနုနယ်
-------------
    အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ လူတင်များစွာပါဝင်ပြီး ကြွက်သားတွေ ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ချိစ်
------
    အာဟာရဓာတ်များစွာ ရရှိနိုင်တဲ့ နို့ထွက်ပစ္စည်းဖြစ်ပြီး အရိုးသန်မာစေဖို့ များစွာအထောက်အကူပေးပါတယ်။

Credit : ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18