Print

ကြံအစွမ်း

  06-Sep-2020
Preview Image

စားသုံးသင့်သူ

          ကြံကို သာမန်လူတိုင်း စားသုံးပေးနိုင်၏။ ခံတွင်းခြောက်သူများလည်း စားသင့်သည်။


မစားသင့်သူ

          ကြံကို သရက်ရွက်အားနည်းသူ၊ အအေးဓာတ်များသူ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူများ၊ ဆီးချိုရောဂါရှိသူများ မစားသင့်ပါ။


ါဝင်သောဓာတ်များ

          ကြံထဲတွင် ဗီတာမင် B1 ဓာတ်၊ ဗီတာမင် B2 ဓာတ်၊ ဗီတာမင် B6  ဓာတ်၊ ဗီတာမင်စီဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သကြားဓာတ်၊ အမိုင်နိုအက်ဆစ်ဓာတ်၊ ဆယ်လူလို့စ်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ ပရိုတင်းဓာတ်နှင့် သံဓာတ်တို့ ပြည့်ဝစွာ ပါ၏။


ကောင်းကျိုး

          ကြံသည် သွေးအားကို ဖြည့်ပေးနိုင်သည်။ အအေးစာဖြစ်သောကြောင့် ကိုယ်တွင်းရှိ အပူများကို ဖယ်ရှားပေးနိုင်သည်။ သွေးတွင်းရှိ သကြားဓာတ်ကို လျှော့ချပေးနိုင်သည်။ နှလုံးအားနည်းသူများ ကြံကို စားပေးသင့်သည်။

          ကြံထဲတွင် ဆယ်လူလို့စ်ဓာတ်ပါသောကြောင့် ခံတွင်းအတွက် ကောင်းကျိုးပြုနိုင်၏။ ခံတွင်းကို ရှင်းစေ၏။ ခံတွင်းအနံ့နံခြင်း၊ ရောင်ခြင်းများကို ကုသပေးနိုင်သည်။ သွားကျန်းမာရေးကို ကောင်းကျိုးများပေးနိုင်၏။ သွားများကို ဖြူဖွေးလှပစေနိုင်၏။

          ကြံကို စားပေးခြင်းဖြင့် ရေငတ်ပြေစေနိုင်၏။ ကိုယ်တွင်းရှိအဆိပ်များကို ဖယ်ရှားပေးနိုင်သည်။ ဆီးသွားခြင်းကို ကောင်းကျိုးပေးနိုင်သည်။ အစာကို ကြေစေနိုင်သည်။

          ကြံကို စားပေးခြင်းဖြင့် ကြို့ထိုးခြင်း၊ လေတက်ခြင်းကို ကုသပေးနိုင်၏။ ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းများကို သက်သာစေနိုင်၏။ သွေးတိုးရောဂါနှင့် ဆီးထဲသွေးပါခြင်းရောဂါများကို သက်သာစေရန် ကုသပေးနိုင်၏။ ဗိုက်ဆာ၍ ခေါင်းမူးခြင်းကိုလည်း သက်သာစေနိုင်၏။

          ကြံကို နွေရာသီနှင့် ပူပြင်းသည့်ရာသီများတွင် စားသုံးရန် အသင့်တော်ဆုံး ဖြစ်သည်။ ကြံသည် နာတာရှည်အစာအိမ်ရောင်ခြင်းကို သက်သာစေရန် ကုသပေးနိုင်သည်။ နှလုံး၊ အဆုတ်နှင့် အူလမ်းကြောင်းတို့ကို စိုစွတ်စေနိုင်သည်။ လည်ချောင်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။

          ကြံထဲတွင် သကြားဓာတ်ပါသော်လည်း အဆီချပေးနိုင်သည်။ ကြံထဲတွင် သကြားဓာတ်ပါသောကြောင့် ကင်ဆာနှင့် ဆဲလ်များကို ထိန်းချုပ်နိုင်မည်။ ကြံထဲတွင် သံဓာတ်ပါဝင်သောကြောင့် သွေးအားနည်းရောဂါကို မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ကုသပေးနိုင်သည်။ ကြံသည် သွေးအားဖြည့်အစာတစ်မျိုးဖြစ်သည်။

          ကြံထဲတွင် ကာဗိုဟိုက်ဒရိတ်ပါသောကြောင့် သွေးတွင်းရှိသကြားဓာတ်ကို လျှော့ချပေးနိုင်သည်။ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သည်။

          ကြံထဲတွင် ဗီတာမင်စီဓာတ်ပါသောကြောင့် နှလုံးသွေးကြောကို ကာကွယ်ပေးနိုင်သည်။ နှလုံးရောဂါရှိသူများကို ကျန်းမာစေနိုင်သည်။

          ကြံကို စားပေးခြင်းဖြင့် အရေပြားပေါ်ရှိ အမည်းစက်များကို ဖယ်ရှားပေးနိုင်မည်။ အရေပြားကို ချောမွေ့စေနိုင်မည်။ မျက်နှာပိုင်းကို လှပစေနိုင်မည်။

Credit : ယမုံအေး (စမ်းချောင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18