Print

အစာအိမ်ဝေဒနာရှင်များအတွက် ဆောင်ရန် ၊ ရှောင်ရန် အစားအစာများ

  30-Aug-2020
Preview Image

          အစားအသောက် သက်သက်ကြောင့် အစာအိမ်ရောဂါ ဖြစ်ခဲပါတယ်။အစာအိမ်ရောဂါကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းကတော့ H.pylori ပိုးပါ။ ဒါပေမယ့် တချို့ အစားအသောက်တွေက အစာအိမ်ဝေဒနာကို ပိုဆိုးစေနိုင်ပြီး တချို့ကတော့ ခံစားရတဲ့ ဗိုက်နာ ဗိုက်အောင့် ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။


အစာအိမ်ဝေဒနာရှင်များ အတွက် စားသင့်သော အစားအစာများ

၁) အမျှင်ဓာတ်များသော အစားအစာများ

          အမျှင်ဓာတ်များစွာပါဝင်တဲ့ ပဲ ၊ အစေ့အစံများ ၊ ဟင်းသီးဟင်းရွက်များဟာ အစာချေစနစ်အတွက် အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီစိမ်းမှာဆို H.pylori ပိုးကို သေစေနိုင်တဲ့ ဓာတ်တမျိုးလဲ ပါဝင်ပါတယ်။

၂)ကောင်းမွန်တဲ့ အဆီပါဝင်သော အစားအစာများ

          အစာအိမ်ဝေဒနာရှင်တွေအတွက် အဆီများတဲ့ အစားအသောက်က မသင့်တော်ပါဘူး။ ဒါပေမယ့် ဆယ်လ်မွန်ငါးလို၊ သစ်ကြားသီးလို ကောင်းမွန်တဲ့ အဆီပါဝင်တဲ့ အစားအသောက်တွေက အစာအိမ်နံရံ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး အစာအိမ်ရောဂါအတွက် စားသုံးသင့်ပါတယ်။

၃) Probiotic အစားအသောက်များ

          ဒိန်ချဉ်၊ ကီဖာ(Kefir)၊ ကင်မ်ချီ စတဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့ အစားသောက်တွေက H.pylori ပိုးကို တိုက်ခိုက်ပေးတဲ့ အတွက် အစာအိမ်ရောဂါအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် ဒီအစားအစာတွေက ကိုယ်ခံစွမ်းအားကိုပါ တိုးမြင့်ပေးနိုင်ပါတယ်။

၄) အသားဓာတ်ပါဝင်တဲ့ အစားအသောက်များ

          အစာအိမ်ဝေဒနာကြောင့်ဖြစ်တဲ့ အစာအိမ်နံရံ ပျက်စီးမှုကို အသားဓာတ်က ပြုပြင်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဆီမပါတဲ့ အသားဓာတ်ကို ရွေးချယ်ဖို့လိုပါတယ်။တိရိစ္ဆာန်က ရတဲ့ အဆီဟာ အစာအိမ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

၅)ဘက်တီးရီးယားသေစေနိုင်တဲ့ အစားအသောက်များ

          ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကရင်မ်ဘယ်ရီသီး စတဲ့ အစားအစာတွေက ပိုးသေစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် အစာအိမ်ရောဂါအတွက် ကောင်းမွန်ပါတယ်။ ပျားရည်၊ နနွင်းနဲ့ ချင်းတို့မှာလဲ ပိုးသေစေတဲ့ အစွမ်းရှိပါတယ်။


အစာအိမ်ရှိသူများအတွက်ရှောင်သင့်သော အစားအသာက်များ

၁) အက်စစ်ဓာတ်များသော အစားအေသာက်များ

          ကိုလာ၊ သကြားများတဲ့ အစားအေသာက်နဲ့ ချဉ်တဲ့ အသီးတွေ က အစာအိမ်ရောဂါနဲ့ မတည့်တာ သိကြပါလိမ့်မယ်။ ဒါတွေအပြင် ကော်ဖီနဲ့ ခရမ်းချဉ်သီးတို့ကလည်း အက်စစ်များတဲ့ အစားအစာတွေဖြစ်တဲ့အတွက် မတည့်ပါဘူး။

၂) ဆီကြော်မုန့်များ အဆီများသောအစားအစာများ

          ဒီလိုအစားအစာတွေမှာပါတဲ့ ကိုလက်စထရောဟာ အစာအိမ်ရောဂါဖြစ်စေခြင်းကို အားပေးနိုင်တယ်လို့ သုတေသနတွေအရသိရပါတယ်။ ဒါကြောင့်အစာအိမ်ဝေဒနာရှင်တွေအနေနဲ့ အဆီများတဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

၃) အစပ်များသောအစားအစာများ

          ဟင်းခပ် အမွှေးအကြိုင်အများအပြားထည့်ထားတဲ့ အစပ်များတဲ့ အစားအသောက်တွေဟာ ရောင်နေတဲ့ အစာအိမ်နံရံကို ပိုမိုဆိုးရွားစေတဲ့ အတွက် ဒီလို အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။

၄)အရက်သေစာ

          အရက်သောက်ခြင်းဟာ အစာအိမ်ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အရက်က အစာအိမ်နံရံကို ပျက်စီးစေတဲ့ အတွက် အစာအိမ်ဝေဒနာရှင်တွေ အနေနဲ့ ရှောင်ရှားသင့်ပါတယ်။

၅) အကိုက်အခဲပျောက်ဆေးများ

          Aspirin, Ibuprofen , Diclofenac စတဲ့ အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ရောင်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အစာအိမ်ဝေဒနာရှင်တွေ အနေနဲ့ နာကျင်မှုအတွက် ဒီလိုဆေးတွေကို သုံးစွဲလို့မသင့်တော်ပါဘူး

Dr. Aung

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18