Print

ချင်းအစွမ်း

  23-Aug-2020
Preview Image

          ချင်းကို လူတော်တော်များများ စားသုံးကြပါတယ်။ ဆေးအဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။ ချင်း၏ ဂုဏ်သတ္တိမှာ နွေး၏။ အရသာမှာ အပူဘက်သို့ ပြင်းထန်၏။ အဆုတ်၊ အစာအိမ်၊ သရက်ရွက်တို့ကို အဓိက ကောင်းကျိုးပေးနိုင်ပါသည်။


စားသုံးသင့်သူ

          ချင်းကို သာမန်လူတိုင်း စားသုံးသင့်သည်။ အထူးသဖြင့် ခေါင်းမူးတတ်သူများ စားပေးသင့်သည်။


မစားသင့်သူ

          ချင်းကို ကိုယ်ဝန်ဆောင်မိခင်များ၊ အရေပြားရောဂါရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ လိပ်ခေါင်းရောဂါရှိသူများ၊ ကိုယ်တွင်းအပူများနေသူများ မစားသင့်ပါ။


ပါဝင်သော ဓာတ်များ။

          ချင်းထဲတွင် ကာဗိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် D၊ ဗီတာမင် C ၊ သံဓာတ်၊ မီးစုန်းဓာတ်၊ ကယ်လ်ဆီယမ်ဓာတ်၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ပရိုတင်း၊ ဆယ်လူလို့စ်၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ်၊ ကြေးဓာတ်၊ ကန့်ညို(စီလီနီယမ်) ဓာတ်တို့ ပြည့်ဝစွာ ပါဝင်သည်။


ကောင်းကျိုး

          ချင်းသည် အစာအိမ်ကို ထိုးဆွပေးနိုင်သည်။ ချင်းကို စားပေးခြင်းဖြင့် အစာအိမ်နှင့် သရက်ရွက်ကို ကျန်းမာစေနိုင်သည်။ အစာကိုကြေစေနိုင်သည်။

          ချင်းစားပေးခြင်းဖြင့် အရေပြားပျက်စီးခြင်းကို ကုသပေးနိုင်သည်။ အသက်ကြီးသူများ ချင်းစားပေးပါက တင်းတိပ်ရောဂါကို ပျောက်ကင်းစေနိုင်သည်။ ချင်းနုကိုလည်း စားပေးနိုင်ပါသည်။

          ချင်းစားပေးခြင်းဖြင့် ကိုယ်ခန္ဓာအတွင်းရှိ ကောင်းကျိုးမပြုသော ပိုးများကို သေစေနိုင်သည်။ ကိုယ်တွင်းဝင်ရောက်ဖြစ်ပွားနေသော ရောဂါများကို ပျောက်ကင်းစေနိုင်သည်။ ဟင်းချက်ချိန်တွင် ချင်းကိုထည့်ချက်၍ စားပေးပါက ကိုယ်တွင်းရှိအဆိပ်များကို ဖယ်ရှားပေးနိုင်သည်။

          ကိုယ်တွင်း အအေးဓာတ်များနေသူများ ချင်းကို စားပေးသင့်သည်။ ဖျားနေသူ၊ အအေးမိနေသူများ ချင်းကို ဟင်းရည်လုပ်၍ သောက်ပေးနိုင်သည်။

          ချင်းကိုစားပေးခြင်းဖြင့် ချောင်းဆိုးကို ရပ်စေကာ သလိပ်ကို ပျော်စေနိုင်သည်။ အအေးမိခြင်း မဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေနိုင်သည်။

          ချင်းကို စားပေးခြင်းဖြင့် ဦးနှောက်ကို ကြည်လင်တက်ကြွစေနိုင်သည်။ စိတ်ကို တည်ငြိမ်စေနိုင်သည်။ အိပ်ရေးပျက်ခြင်းကို ကုသပေးနိုင်သည်။ အိပ်ပျော်စေနိုင်မည်။

          ချင်းသည် မိန်းကလေးများအတွက် အထူးကောင်းကျိုးပေးနိုင်သည်။ မိန်းကလေးရာသီပေါ်ချိန် ဗိုက်မနာစေရန် ပြုလုပ်ပေးနိုင်သည်။

          ချင်းကိုစားပေးခြင်းဖြင့် အာဟာရဓာတ်များ ပြည့်ဝစွာ ရရှိစေနိုင်သည်။ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်သည်။ အထူးသဖြင့် ဝမ်းသွားခြင်းကို စိုစွတ်စေနိုင်သည်။ အဆုတ်ကို နွေးထွေးစေနိုင်သည်။ အပူဓာတ်ဖြည့်ပေးနိုင်သောကြောင့် ကိုယ်ခန္ဓာကို နွေးထွေးစေနိုင်သည်။


သတိပေးချက်

          အသည်းပျက်စီးနေသူများ ချင်းကိုမစားသင့်ပါ။

Credit : ယမုံအေး (စမ်းချောင်း) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18