Print

လူငယ်တွေမှာပါ သွေးတိုးရောဂါ ဖြစ်လာတာဘာကြောင့်လဲ

  02-Jul-2020
Preview Image

လူငယ်တွေမှာလည်း သွေးတိုးရောဂါဖြစ်ကြတာ တွေ့ရတတ်ပါတယ် ဆရာ။ ဘာကြောင့်ဖြစ်ရတာလဲဆရာ။

          လူငယ်တွေမှာပါ သွေးတိုးရောဂါအဖြစ်များလာတာကို တွေ့ရပါတယ်။ အရက်အလွန်အကျွံသောက်တာကြောင့်လည်းပါတယ်။ ဆေးလိပ်သောက်တာကြောင့်လည်းပါတယ်။ မျှတတဲ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမစားဘူး၊ ဆိုဒီယမ် (ဆား) တွေ အများကြီး စားသုံးတယ်။ ကျွန်တော်တို့ လူမျိုးက အငန်ကြိုက်ကြတာပါတယ်။ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငံပြာရည်တွေ စားကြတယ်။ ဒါတွေအားလုံးက သွေးတိုးရောဂါနဲ့ ဆက်စပ်နေပါတယ်။ ဆားမစားတဲ့ နိုင်ငံတွေမှာ သွေးတိုးရောဂါဖြစ်တာနည်းပြီး ဆားစားသုံးတဲ့နိုင်ငံတွေမှာ သွေးတိုးရောဂါ အဖြစ်များတာ တွေ့ရပါတယ်။ အဲဒီလိုပဲ နိုင်ငံတစ်ခုတည်းမှာတောင် ဆားအစားများတဲ့ဒေသတွေမှာ သွေးတိုးရောဂါပိုပြီးဖြစ်ကြတာ တွေ့ရပါတယ်။


          သွေးတိုးရောဂါရှိတဲ့သူက ဆီးချိုသွေးချိုရောဂါ ဖြစ်တာလည်း များပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါလည်း အဖြစ်များပါတယ်။ တချို့လည်း ဒီရောဂါလက္ခဏာတွေကို အားပေးတဲ့ အကြောင်းတွေ ရှိနေတတ်ပါတယ်။ အဲဒါကတော့ နေထိုင်မှုပုံစံ မမှန်တာပေါ့ သွေးတိုးရောဂါတွေဖြစ်ရတဲ့ ၉၅ ရာခိုင်နှုန်းက စိတ်ဖိစီးမှုတွေများတယ်။ ဒေါသတွေကြီးတယ်။ ဒါတွေကလည်း အကြောင်းတရားတွေပေါ့။ ဒီအကြောင်းတရားတွေက ကာကွယ်နိုင်တဲ့အကြောင်းတရားတွေပါ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းကတော့ ရောဂါအခံရှိလို့ ဖြစ်လာတာပဲဖြစ်ပါတယ်။ မွေးရာပါကျောက်ကပ်မှာ ရောဂါပါလာတယ်၊ ဒါတွေကြောင့် သွေးကြောတွေ ကျဉ်းလာပြီး သွေးတိုးရောဂါဖြစ်တာတွေလည်း ရှိပါတယ်။ ဒါက အဖြစ်နည်းပေမယ့် အရေးတော့ ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါကို ဖော်ထုတ်နိုင်မှ သွေးတိုးရောဂါကို ကုသနိုင်မှာ ဖြစ်ပါတယ်။


Credit : ဇာခြည်ဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18