Print

အမျိုးသား ဆီးလမ်းကြောင်း စံနစ်နှင့် မျိုးဆက်ပွား စံနစ်

  17-Dec-2018
Preview Image

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေနဲ့မျိုးပွားစံနစ် ပြဿနာတွေ အကြောင်းကို သိရှိနားလည် ကာကွယ်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

ဆီးလမ်းကြောင်း ပြဿနာများ

ဆီးလမ်းကြောင်းစနစ်မှာ ကျောက်ကပ်နဲ့ဆီးအိတ်တို့အဓိက ပါဝင်နေပါတယ်။ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေကတော့ဆီးမကြာခဏသွားလိုတာ၊ ညမှာဆီးသွားများတာ၊ ဆီးသွားစဉ်နာကျင်တာ၊ ပူစပ်ပူလောင် ဖြစ်တာ၊ ဆီးမသွားနိုင်တာ၊ ဆီးထဲ သွေးပါတာနဲ့ ဆီးမထိန်းနိုင်တာ စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။လိင်ကနေ တစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေ အနက် အဓိက ခံစားရတဲ့ရောဂါလက္ခဏာတစ်ရပ်ဟာ ဆီးပြွန် ရောင်ရမ်းတာပဲ ဖြစ်ပါတယ်။


ကျောက်ကပ် ကျောက်တည်တာကလည်း ဆီးလမ်းကြောင်း ပြဿနာတွေမှာ အဖြစ်များတဲ့ ပြဿနာတွေပဲ ဖြစ်ပြီး ဆီး ကျောက်တည်သူ ၁၀၀ မှာ ဂ၀ ဦးဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။ ဆီးကျောက် တည်ပြီး ကျောက်ဟာ ကျောက်ကပ် ကနေ ဆီးပြွန်ဆီကို ရွေ့လျားသွားလာတဲ့အခါမှာ အလွန်အမင်း နာကျင်မှုကို ခံစားရတတ်ပါတယ်။ ဆီးကျောက်မတည်အောင် ကာကွယ်သင့်တဲ့ အကောင်းဆုံးနည်းကတော့ နေ့စဉ် အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။


မျိုးပွားစနစ် ပြဿနာများ

အမျိုးသား မျိုးပွားစံနစ်မှာ လိင်တံ၊ ဝှေးစေ့၊ ကပ်ပယ်အိတ်၊ ဆီးကျိတ်နဲ့တစ်ခြားအင်္ဂါ တွေ ပါဝင်နေပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာအနေနဲ့ ဝှေးစေ့ပိုးဝင်ကူးစက်တာ၊ကပ်ပယ်အိတ် သွေးကြော ဖောင်းတွန့်တာ ၊ လိင်တံပြဿနာ ဖြစ်တာ၊ ဝှေးစေ့ သွေးကြောထုံးတာနဲ့ဆီးကျိတ်ရောင်ရမ်းတာ စတာတွေပဲ ဖြစ်ပါတယ်။


လိင်ဆက်ဆံမှုကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက လိင်အင်္ဂါမှာ ရေယုန်ပေါက်တာ၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ၊ HIV ပိုး စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။ လိင်ကနေ တစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေကတော့ လိင်တံကနေ အနံ့ပြင်းတဲ့ အရည်ဆင်းတာ၊ ဆီး သွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင် အင်္ဂါတစ်ဝိုက်မှာ အနာဖြစ်တာ၊ အဖုအပိမ့် ပေါက်တာ၊ ယားယံတာ၊ နီမြန်းတာ နဲ့ ရောင်ရမ်းတာ စတာတွေ ဖြစ်ကြပါတယ်။


ဒီလို လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါ တွေ မရရှိအောင် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်အောင် သတိထား ဆင်ခြင်ပါ။ တတ်နိုင်သမျှ အပျော်အပါး မလိုက်စားသင့်ပါ။တစ်လင်တစ်မယားစနစ် မဟုတ်ဘဲ အကာအကွယ်မဲ့လိင် ဆက်ဆံမိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင် ဆွေးနွေးပါ။ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မနေဘဲ ဖြစ်နေတဲ့၊ ခံစားနေရတဲ့ ပြဿနာတွေကို ဆရာဝန်နဲ့တိုင်ပင် ပြသလိုက်ပါ။


ပန်းသေပန်းညှိုးရောဂါဟာအမျိုးသားတွေမှာအဓိက ခံစားရတဲ့ ပြဿနာ တစ်ရပ်ပါ။

အသက်လေးဆယ်ကျော်လာရင် အမျိုးသားတစ်ဝက် နီးပါးဟာ ပန်းသေပန်းညှိုး ရောဂါကို ခံစားနေရပြီး အထူးသဖြင့် အသက်ကြီး လာလေလေ ဖြစ်နိုင်ခြေများ လေလေ ဖြစ်ပါတယ်။ ပန်းသေပန်းညှိုး ရောဂါရဲ့ ၈၀% ဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်တတ်ပြီး ၂၀% ကတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ဖြစ်တတ်ပါတယ်။


ပန်းသေပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်း တွေဟာ ဟော်မုန်း အပြောင်းအလဲ၊ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရတာ၊ နာ့ဗ်ကြော ထိခိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာ၊ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့အခြေခံ ကျန်းမာရေးပြဿနာ တစ်ရပ်ရှိတာနဲ့အခြေခံကျန်းမာရေး ပြဿနာ ကုသရာမှာ မှီဝဲရတဲ့ ဆေးဝါး တစ်ချို့စတာတွေကြောင့် ဖြစ်တတ်ပါတယ်။


Credit : စွယ်စုံကျမ်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18