Print

အလှအပ ရေးရာအတွက် ရှောက်သီးကို ဘယ်လို အသုံးပြုမလဲ

  30-Oct-2016
Preview Image

ရှောက်သီး ဟာ အသားအရေ နဲ့ ဆံပင် အတွက် လွန်စွာ ကောင်းကျိုးပြုသလိုရှောက်သီးဟာ အလှအပအတွက် များစွာအကျိုးရှိပါတယ်။

၁။ အစိုဓာတ်ထိန်းခရင်မ်

အုန်းရည်အနည်းငယ် နဲ့ ရှောက်ရည် အနည်းငယ် ကို ရောစပ်ပါ။ အုန်းရည် က အသားအရည်ကို အစိုဓာတ် ထိန်းပေးပြီး ရှောက်ရည်က အသားအရည်ကို ကြည်လင် ၀င်းလက်စေပါတယ်။

၂။ တံတောင်ဆစ်နှင့် ဒူးခေါင်းဂျီး ချွတ်ဆေး

ညိုမည်းနေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေကို ရှောက်သီးတစ်ခြမ်းနှင့် ပွတ်တိုက်ပေး ပါ။ ဖြူဝင်းလာပါလိမ့်မယ်။

၃။ အမည်းစက် ပျောက်ဆေး

ရှောက်သီးတွေဟာ ဘတ်တီးရီးယားတွေကို တိုက်ဖျက် နိုင်တာကြောင့် ၀က်ခြံပျောက်ကင်းစေပါတယ်။ ၀က်ခြံကြောင့် ဖြစ်တဲ့ အမည်းစက် နေရာတွေကိုလည်းရှောက်ရည် လိမ်းပေးပါက အမည်းစက်တွေ မှေးမှိန် သွားပါလိမ့်မယ်။

၄။ မျက်နှာ သန့်စင် ဆေးရည်

ပေါင်းခံရေ (၆) အောင် စလောက်ထဲမှာ ရှောက်ရည် (၂) စက် နဲ့ လက်ဖက်အနှစ် အဆီ ကို ရောပါ။ ရောစပ်ထားတဲ့ အရည်ကို ၀ါဂွမ်းဖြင့် တိုနာကဲ့သို့ လိမ်းနိုင်ပါတယ်။

၅။ သွားဖြူဆေး

ရှောက်ရည် နဲ့ မုန့်ဖုတ် ဆော်ဒါ ကိုရောပြီး ၀ါဂွမ်း နဲ့ သွားတွေကို သုတ်လိမ်းပါ။ ထိုနောက် သွားပွတ်တံ နဲ့ သွားတိုက်ပြီး ပလုတ် ကျင်းလိုက်ပါ။ ဒီနည်းဟာ သွား ဆရာဝန်ထံ သွားတာ ထက်တောင် ပိုထိရောက်ပါတယ်။

၆။ အနာ အရောင် ကျဆေး

ရောင်ကိုင်းနေသော အနာကို ရှောက်ဆီ လိမ်းပေးပါက အနာမြန်မြန်ကျက် လွယ်ပါတယ်။

၇။ အသား အရေ ဖြူ ၀င်းဆေး

ရှောက်သီးတွေ မှာ VITAMIN C နဲ့ CITRIC ACID ကြွယ်ဝ တာကြောင့် အချိန်ကြာကြာ အသုံးပြု ရင် အသားအရေ ကို ဖြူ ၀င်း လာစေပါတယ်။ ရှောက်သီးဟာ အရေပြားပေါ်ကအမည်းစက်တွေ နဲ့ နေလောင်ကွက် တချို့ ကို ပျောက်ကင်း စေပါတယ်။ ဒါပေမဲ့ သတိပြုရန်မှာ အရေပြားပေါ် တွင် ရှောက်ရည် လိမ်းပြီး နေပူထဲ မထွက်ပါနှင့်။ ခရမ်းလွန် ရောင်ခြည် သက်ရောက် မှု ပိုအားကောင်းစေ လို့ ဖြစ်ပါတယ်။

၈။ အဆီပြန် ပျောက်ဆေး

ရှောက်သီးဟာ မျက်နှာပေ ါ်က အဆီ ပိုတွေကို ဖယ်ရှားနိုင်ပြီး အဆီပြန်ခြင်း ကို သက်သာ စေပါတယ်။

၉။ နှုတ်ခမ်းဆေး

အိပ်ရာ မဝင်ခင် နှုတ်ခမ်းကို ရှောက်ရည်လိမ်းပေးပါ။ မနက်ရောက်ရင် ဆေးကြော လိုက်ပါ။ နှုတ်ခမ်းက ဆဲလ် အသေတွေနဲ့ ခြောက်သွေ့မှုကို ဖယ်ရှား ပေးပါတယ်။ သတိပြုရန်မှာ နှုတ်ခမ်ကွဲနေတဲ့ အချိန်မှာ ရှောက်ရည် မလိမ်းပါနဲ့။

၁၀။ လက်သည်း အားကောင်းဆေး

လက်သည်းနီ ခဏခဏ ဆိုးတာကြောင့် လက်သည်း ပျက်စီး နေပါသလား။ သံလွင်ဆီ နဲ့ ရှောက်ရည် ကို ရောစပ် ထားတဲ့ အရည် ထဲမှာ လက်သည်းတွေ ကို နှစ်ပါ။ လက်သည်း ၀ါခြင်း၊ လက်သည်း ကြွပ်ဆတ် မာကြောခြင်းတွေ ကို ကုသ ပေးပါတယ်။

၁၁။ ဆံပင် အရောင် တောက်ဆေး

နေပူထဲ မထွက် ခင် ဆံပင်ကို ရှောက်ရည် လိမ်းပေးပါ။ ရှောက်ရည်က ဗောက်နဲ့ ဦးရေပြား ခြောက်သွေ့ခြင်း ကို ကာကွယ် ပေးပါတယ်။

Credit:

လရိပ်ချို

The Messenger

From...Myanmar Latest 7Day News Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18