Print

အချိုရည်သောက်သုံးခြင်းကြောင့် နှစ်စဉ် လူ ၁သိန်း ၈သောင်းခန့် သေဆုံးနေ

  30-Oct-2016
Preview Image

sugar drink လို့ခေါ်တဲ့ အချိုရည်သောက်သုံးခြင်းဟာ အဝ လွန်ခြင်း၊ သွေးချိုဆီးချို၊ နှလုံးသွေး ကြောနှင့် ကင်ဆာရောဂါများ ဖြစ် ပွားမှုနှင့် ဆက်စပ်လျက်ရှိသည်။ လူတစ်ယောက်သည် sugar drink များကို တစ်ပတ်လျှင် ၄၅၀ ကယ်လိုရီ ထက်ပို၍ မသောက်သုံးသင့်ကြောင်း American Heart Association (AHA) မှ အကြံပြုထားသည်။ ထိုပမာဏသည် 12oz cola သုံးဘူး ထက်လျော့နည်းနေလေသည်။ လူငယ်များ အချိုရည်သောက် သုံးခြင်းသည် နာတာရှည်ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းပိုများနေ သည်။sugar drink များသောက်သုံးခြင်းကြောင့် နှစ်စဉ် ကမ္ဘာပေါ် တွင် ၁၈၄ ၄၅၀ ယောက်ခန့် သေဆုံး ပြီး အဖြစ်အများဆုံးရောဂါမှာ ဆီးချို ရောဂါဖြစ်ကာနှလုံးရောဂါနှင့် ကင်ဆာရောဂါများလည်း ဖြစ်ကြ သည်။ ]]လူငယ်များကြား ထိုကဲ့သိုသော ရောဂါများဖြစ်ပွားခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းဆီ၏ လုပ်အား၊ ထုတ်လုပ်မှုနှင့် စီးပွားရေးအပေါ်တွင်ဆိုးကျိုးသက်ရောက်မှုကြီးမားနိုင်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် ရှုမြင်သင့်သည် ဟု Prof.Singh မှ ပြောကြားခဲ့ပါသည်။ ထို့အပြငဝင်ငွေအနည်းပါးဆုံး နှင့်အလယ်အလတ်ပမာဏရှိသော နိုင်ငံများတွင် အဆိုပါရောဂါ ဖြစ်ပွား မှုနှုန်းမှာ ပို၍များကြောင်း၊ ကမ္ဘာ့ နိုင်ငံအများစုတွင် သေဆုံးမှုများထဲမှ ပမာဏတော်တော်များများသည် နေ့ စဉ်စားသုံးမှုပုံစံထဲမှ sugar စားသုံးမှု များခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်အဖြစ် သတ် မှတ်သင့်ပါကြောင်း sugar ပါ၀င်သော အချိုရည်အများစုသည် ကျန်းမာရေးအတွက် မကောင်းဘဲ သောက်သုံးမှုလျော့ချခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်ကြောင်း Prof. Singh မှ အကြံပြုခဲ့ပါသည်။

 

Dr. A.Z

Ref: Medical News Today

Health Updates Journal



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18