Print

မြန်မာ့ဓလေ့ မြန်မာ့ အစားအစာ များစွာ ထဲမှာ ရာသီပေါ်လည်း ဖြစ် လူကြိုက်လည...

  30-Oct-2016
Preview Image

မရမ်းသီး အမှည့် ကို သကြားရေစိမ်ပြီး စားကြသလို မရမ်းသီးစိမ်း ကို ဟင်းလျာ အမျိုးမျိုး ပြုလုပ်ပြီး စားသုံးကြပါတယ်။ မရမ်းသီး ငါးပိထောင်း၊ မရမ်းသီး စိမ်းငါးပိချက်အစ ရှိသဖြင့် အရသာ ထူးကဲအောင် စားသုံးလေ့ရှိကြပါတယ်။

မရမ်းသီးခြောက်ကို ငါး၊ ဝက်သားတို့နဲ့ တွဲဖက် ချက်စားလေ့ရှိပါတယ်။ မရမ်းသီး သုပ်မှာလည်း ကြားရရုံနဲ့ သွားရည်ယိုနိုင်တဲ့ အစားအစာ တစ်မျိုး ပဲဖြစ်ပါတယ်။ အဲဒီလို ဘက်စုံအသုံးဝင်တဲ့ မရမ်းသီးရဲ့ အာဟာရ အချိုးအဆနဲ့ အသုံးဝင်ပုံကို တင်ပြချင်ပါတယ်။

အချဉ်ဓာတ်ကဲတဲ့ မရမ်းသီးမှာ-

Calorie ၆ဝ

Vitamin C ၁၇ ရာခိုင်နှုန်း

Vitamin A ရ ရာခိုင်နှုန်း

Calcium ၁ ရာခိုင်နှုန်း

Iron ၅ ရာခိုင်နှုန်း

Carbohydrate 16 mg

အဆီကျ လှပစေခြင်းမှာ Vitamin C များစွာပါဝင် သောကြောင့် ဖြစ်ပြီး အသားအရေကြည်လင် လှပစေနိုင်သောကြောင့်လည်း တန်ဖိုး ရှိလှတဲ့ အသီးအနှံလည်းဖြစ်ပါတယ်။

Vitamin A လည်း ပါဝင်သည်ဖြစ်ရာ ဓာတ်တိုး ဆန့်ကျင်နိုင် ခြင်းကြောင့် ကင်ဆာဖြစ်ခြင်း မှ ကာကွယ်ပေးနိုင်သည့် အပြင် အသားအရေလည်းတင်းရင်း လှပစေနိုင်ပါတယ်။ ဒါ့ကြောင့် အလှအပ တန်ဖိုးထားသူများ အကြိုက်တွေ့နိုင်မည့် သီးနှံလည်း ဖြစ်ပါတယ်။

သံဓာတ် ကယ်လစီယမ်ဓာတ်တို့လည်း အချိုးကျ ပါဝင်တာကြောင့် ကျန်းမာရေးကိုစောင့်ရှောက်ပေးမည့် အစားအစာလည်း ဖြစ်ပါသည်။

အချဉ်ကဲသော မရမ်းသီးတွင် ခံတွင်းမြိ််န်စေတဲ့ အစာစားချင်စိတ်ကို များစွာဖြစ်ပေါ် စေနိုင်ပါတယ်။ မရမ်းချိုသီးကို သူ့အတိုင်းပဲ ရေစင်စင်ဆေးပြီး စားသုံးနိုင်သလို အချို ဓာတ်ကို ပေးစွမ်းနိုင်သောကြောင့် စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

မရမ်းသီးကို အထက်ဖော်ပြပါ တွဲဖက် စားသောက်သော အသားငါးများနဲ့ စားသုံးပါက အသားဓာတ်များပါ တိုးပွားနိုင်သောကြောင့် အာဟာရမျှတစွာ ရရှိနိုင်မှာဖြစ် ပါတယ်။ မရမ်းသီးသုပ် စားလျှင် ပါဝင်သော ပဲမှုန့်၊ ပုစွန် ခြောက်တို့ဖြင့် တွဲဖက် စားသောက်သောကြောင့် အသားဓာတ် သတ္တုဓာတ် များပေါများ စွာရရှိနိုင်ပါသေးတယ်။

မရမ်းသီး စားသုံးခြင်းဖြင့် မရမ်းသီးမှ ရတဲ့ အာဟာရသာမက တွဲဖက်စားသောက်သောပစ္စည်းများ မှရသော အာဟာရဓာတ် ကိုလည်း ရရှိစေနိုင်ပါတယ်။အမှည့်လွန်ပြီး ယင်ပေါများ ချိန်မှာ များစွာ စားသုံးမိပါက ဝမ်းရောဂါ ရစေနိုင်

သောကြောင့် ဆင်ခြင်သင့်ပါတယ်။

 

Ref:

ဒေါက်တာဇာနည်ဝင်း

May 21st.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18