Print

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန် မရစေဖို့

  30-Oct-2016
Preview Image

ပညာရှာသင့်တဲ့ ဆယ်ကျော်သက် အရွယ်မှာ လိင်ပိုင်းဆိုင်ရာ အသိပညာတွေ သိထားတယ်ဆိုရင် ကြိုတင် ကာကွယ်မှုတွေ လုပ်နိုင်ပါတယ်။ လိင်အသိပညာပေးခြင်းနဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းက တခုနဲ့ တခု ဆက်စပ်နေပါတယ်။ လိင်နဲ့ ပတ်သက်တဲ့ အသိပညာရှိမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရတဲ့ အဖြစ်တွေကိုလျော့ကျစေပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့ တဲ့ လေ့လာမှုတွေ အရလည်း ပြည့်စုံတဲ့ အသိပညာပေးခြင်းကြောင့် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရတဲ့ ကိစ္စ တွေ ကျဆင်းသွားတယ်ဆိုတာ တွေ့ရပါတယ်။ ကျောင်းတွေ ကောလိပ်တွေမှာ လိင်အသိပညာပေးခြင်းကြောင့်ဆယ်ကျော် သက် ကိုယ်ဝန်တခုထဲကိုသာ ကာကွယ်ပေး နိုင်တာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေကြားမှာ လိင်ဆက်ဆံမှု ကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါတွေ (STDs) ကို လည်း ပျံ့ပွားခြင်း မရှိရအောင် တားဆီး ပေးနိုင်ပါတယ်။ ဒီတပတ် လိင် ပညာပေးအဖြစ် ဆယ်ကျော်သက် အရွယ်လေးတွေ ပန်းကောင်း အညွှန့်ကျိုးမဖြစ်ရအောင် ကိုယ်ဝန် ဆောင်မှု ဘယ်လို ကာကွယ် တားဆီးနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

 

ပဋိသန္ဓေတားဆီးခြင်းအကြောင်း အသိပေးခြင်း

လိင်အသိပညာပေးရာမှာ ဆယ်ကျော်သက်တွေ အနေနဲ့ သားဆက်ခြားဆေး (သို့မဟုတ်) ပဋိသန္ဓေတားဆေးတွေနဲ့ သူတို့ အသုံးပြုပုံတွေကို ရှင်းရှင်းလင်းလင်းနားလည်ထားမယ်ဆိရင် ပိုပြီးထိရောက်မှုရှိပါတယ်။ အမေရိကန်နို်င်ငံ ရောဂါထိန်းချုပ် ရေး ဌာန (CDC) က ပြုလုပ်ခဲ့တဲ့ လူငယ်တွေရဲ့ အလေ့အထနဲ့ ပတ်သက်တဲ့ စစ်တမ်းတခု အရ လူငယ်တွေကြားမှာ ပဋိ သန္ဓေတားဆီးရေးနည်းလမ်းတွေကို ထိထိရောက်ရောက် အသုံးချမှုရှိမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန် ဆောင်ရခြင်းကို ၈၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်တယ်လို့ သိရပါတယ်။ တနည်းပြောရမယ်ဆိုရင် ပဋိသန္ဓေတားဆီးမှုနဲ့ ပတ်သက်လို့ ပညာပေးခြင်းကြောင့် ကိုယ်ဝန်ဖျက်ချမှု နှုန်းကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အများစုဟာ သူတို့အတွက်ရွေးချယ်စရာနည်းလမ်းတွေနဲ့ အဲဒါ တွေရဲ့ ထိရောက်မှုကို မသိကြသေးပါဘူး။

 

လိင်ကိစ္စနှင့် ပတ်သက်သော အခြေခံအကြောင်းအရာများ ပညာပေးခြင်း

လိင်အသိပညာပေးခြင်းမှာ လိင်မှုကိစ္စအပေါ် ဘယ်လိုသဘောထားသင့်သလဲဆိုတာလည်းပါ၀င်ပါတယ်။ လိင်မှုကိစ္စ နဲ့ ပတ််သက်လို့ ပိုမိုကောင်းမွန်စွာ အသိပညာပေးလာခြင်းကြောင့် ၁၉၉၁ ခုနှစ်က စပြီးကြည့်မယ်ဆိုရင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း ၂၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ CDC ရဲ့ စစ်တမ်းက ဆိုပါတယ်။ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရတဲ့ ကိစ္စတွေရဲ့ အများစုက ပဋိသန္ဓေတားခြင်းနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိကြတာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေကို လိင်အသိပညာပေးတဲ့ အခါမှာ မျိုးဆက်ပွားကျန်းမာရေး အ ကြောင်းကို ဦးစားပေးသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရှိလာတာကြောင့် ပညာတပိုင်းတစနဲ့ကျောင်းထွက်လိုက်ရတာ မျိုးတွေရှိနိုင်သလို လူမှု အသိုင်းအဝိုင်းမှာ လည်း အဆင်မပြေမှုတွေကြုံတွေ့ရနိုင်ပါတယ်။

 

ပြည့်စုံသော လိင်အသိပညာပေးခြင်း

ပြည့်စုံတဲ့ လိင်အသိပညာပေးခြင်းရဲ့ အရေးပါမှုကို ဒီကိစ္စကို ရှောင်ကျဉ်ဖို့ အတွက်သာ ပညာပေးခြင်းနဲ့ နှိုင်းယှဉ်ပြီးတော့ အမေရိကန်နိုင်ငံ ၀ါရှင်တန် တက္ကသိုလ်ကလေ့လာမှုတခုပြုလုပ်ခဲ့ပါတယ်။ ဒီလိုလေ့လာကြည့်တဲ့နေရာမှာ ပြည့်စုံတဲ့ လိင် အသိပညာပေးမှုကို ရရှိခဲ့သူဟာ ဆယ်ကျော်သက် အရွယ်မှာကိုယ်ဝန်ရနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုနည်းတယ်ဆိုတာ တွေ့ရှိခဲ့ ရပါတယ်။ ပြည့်စုံတဲ့ လိင်အသိပညာပေးခြင်းက လိုအပ်ပါတယ်။ ဒါမှသာလျှင် ဆယ်ကျော်သက်တယောက်အနေနဲ့ ကျွမ်းကျင်သူ ဆေးပညာ ရှင်နဲ့ အချိန်မီပြနိုင်ဖို့ကို ရှက်ကြောက်တွန့်ဆုတ်နေခြင်း မဖြစ်တော့မှာပါ။ အချိန်မီ ပြသတိုင်ပင်မှု မလုပ်တာ ကြောင့် နောက်ကျသွားပြီး ကိုယ်ဝန်ပျက်ကျတာတွေ၊ ကလေးအသေမွေးဖွားတာတွေ ကနေတဆင့် အဲဒီဆယ်ကျော်သက် မိန်းကလေးရဲ့ မျိုးပွား အင်္ဂါတွေ ထိခိုက်ပျက်စီးတာမျိုး ဖြစ်လာနိုင်ပါတယ်။ တချို့သူတွေမှာ သွေးအားနည်းတာနဲ့ သွေးတက်တာတွေ အမြဲတမ်းဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆယ်ကျော်သက် မိန်းကလေး တယောက် အနေနဲ့ သူ့ရဲ့ ဖွံ့ဖြိုးမှုက ပြည့်စုံခြင်း မရှိသေးပါဘူး။ အချိန်မတိုင်မီ ကိုယ်ဝန်ဆောင်လိုက်ရခြင်းကြောင့် သူ့ကိုယ်ခန္ဓာမှာ ပြောင်းလဲတွေ့ကြံုလာတဲ့ အတိုင်း အပြည့်အဝချိန်ညှိနိုင်ခြင်း မရှိသေးတဲ့ မျိုး ပွား စနစ်တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်မှာကိုယ်ဝန်ရှိတာမျိုးကို ဂရုတစိုက်နဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ မိဘတွေနဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်းကလည်း ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ အကူအညီပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် စိတ် ထိခိုက်မှုက နေတဆင့် ကြောင့် လူတောမတိုးဝံ့တာ မျိုး တွေဖြစ်သွားနိုင်ပါတယ်။ ဘဝ ရဲ့တာဝန်နဲ့ သူတို့ ကိုယ်တိုင်ဆောင်ရွက်ရမှာတွေ ရှိလာပြီဆိုတာ သိအောင်လုပ်ပေးမှသာ အဆင်ပြေသွားမှာဖြစ်ပါတယ်။

 

Healthcare.com.m,m

 

Source:

onlymyhealth

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18