Print

အမျိုးသမီးကွန်ဒုံးအကြောင်း

  30-Oct-2016
Preview Image

အမျိုးသမီးကွန်ဒုံးဆိုသည်မှာ အမျိုးသမီးလိင်အင်္ဂါအတွင်းသို့ ထည့်သွင်းထားပြီး လိင်ဆက်ဆံနိုင်သော အိတ်ငယ်တစ်ခုပင် ဖြစ်ပါတယ်။ အိတ်အနားကို ရုန်းပြန်နိုင်သော ကွင်းတစ်ခု (အပြင်ကွင်း) ဖြင့် ပူးတွဲ၍ အနားသတ်ထားပြီး အိတ်အတွင်းဝယ် ကွင်းတစ်ခုထည့်ထားသေးတယ်။ အတွင်းကွင်းသည် အမျိုးသမီးသားအိမ်ဝအပေါ်၌ အထိုင်ကျ၍ အပြင်ကွင်းသည် အမျိုးသမီးလိင်အင်္ဂါ အပြင်ဘက်နှုတ်ခမ်းသားပေါ်၌ အထိုင်အကျစေသော် အမျိုးသမီးကွန်ဒုံးသည် မိန်းမကိုယ်အတွင်း၌ နေသားတကျ အထိုင်ကျနေပေါ့မယ်။မြန်မာနိုင်ငံ စျေးကွက်တွင် အင်ဂျီအိုတစ်ခုဖြစ်သော PSI က တင်သွင်းပါတယ်။အတွင်းကွင်းကို ထုတ်လိုက်ပါက စအိုဝ၌လည်း သုံးနိုင်ပါတယ်။ အမျိုးသားကွန်ဒုံးကိုသုံး၍ စအိုတွင်း၌ ကွန်ဒုံးကျွတ်ကျန် နေပါသည်ဆိုသော မိန်းမလျာများ၏ စအိုနှင့်သင့်တော်သလို ကွန်ဒုံးမသုံးနိုင်ဘူးဟု ငြင်းသော အမျိုးသားဖောက်သည်များ၏ပြည်တန်ဆာများ၌ သုံးနိုင်ပါတယ်။ အမျိုးသားကွန်ဒုံးကတော့ ကွန်ဒုံးအတွက် အထူးချောဆီသာ သုံးရသော်လည်း အမျိုးသမီးကွန်ဒုံးကတော့ အခြားချောဆီများလည်း သုံးနိုင်ပါတယ်။ အမျိုးသမီးကွန်ဒုံးသည် တစ်ခါသုံးသာ ဖြစ်ပါတယ်။ သက်တမ်းကုန်နေသောကွန်ဒုံးကို မသုံးရသလို အမျိုးသားကွန်ဒုံးနှင့် တွဲ၍ အမျိုးသမီးကွန်ဒုံးကို မသုံးရပါ။ လိင်ဆက်ဆံပြီးသော် သုက်ရည်များ ထွက်မကျစေရန် အပြင်ကွင်းအား တစ်ချက်လိမ်၍ ဖြည်းညင်းစွာ ဆွဲထုတ်ပြီး စက္ကူ၊ ပလတ်စတစ်အိတ်တို့ဖြင့်သေချာစွာထုပ်၍ အမှိုက်ပုံးထဲ ထည့်ရပါ့မယ်။ ရေလောင်းအိမ်သာထဲ ထည့်ပါက အိမ်သာကျင်း ပိတ်တတ်ပါတယ်။ PSI မှ တင်သွင်းသော ကွန်ဒုံးပါကင်ဘူးထဲ၌ကွန်ဒုံးသုံးစွဲနည်းကို သရုပ်ဆောင်ပုံနှင့်တကွ ရှင်းလင်းသည့်အပြင် ဆောင်ရန်၊ရှောင်ရန်များလည်း ရေးသားထားပါတယ်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာထွန်းဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18