Print

တခြားလတွေထက် ဒီဇင်ဘာဟာ ကလေးယူဖို့အကောင်းဆုံးအချိန်ဖြစ်

  30-Oct-2016
Preview Image

ကျန်းမာတဲ့ ကလေးတစ်ယောက်ကို မွေးဖွားလာဖို့အတွက် စုံတွဲတွေဟာ ခရစ်စမတ်ကာလမှာ ကလေးယူဖို့ ကြိုးစားသင့်ကြောင်း Andrew Gregory ရေးသားခဲ့တဲ့ သုတေသနရပ်ကနေ အကြံပြုထားပါတယ်။ ဒီဇင်ဘာလမှာ ကိုယ်ဝန်စရတဲ့ အမျိုးသမီးတွေဟာ တခြားလမှာ ကိုယ်ဝန်စရတဲ့ အမျိုးသမီးတွေထက် ကျန်းမာတဲ့ကလေးကိုမွေးဖွားနိုင်ခြေပိုများတယ်လို့ အမေရိကန် ကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ ကြပါတယ်။ ကိုယ်ဝန်စရဖို့ မသင့်တော်ဆုံးကာလကတော့ “အဆိပ် ဇွန်” လပါ။ ဘာတီမောမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး သန္ဓေအောင်ခြင်းဆိုင်ရာ အစည်းအဝေးမှာ တင်ပြခဲ့တဲ့ သုတေသနရပ်အရ သိရတာပါ။

 

အကြောင်းပြချက်ကတော့ ရာသီဥတုအပြောင်းအလဲ သိပ်မရှင်းသေးလို့ပဲဖြစ်ပါတယ်။ နွေရာသီအတွင်း ကောက်ပဲသီးနှံတွေမှာ ပိုးသတ်ဆေးဖြန်းမှု ပမာဏ အလွန်များနေတာကို “အဆိပ် ဇွန်” လို့ ပြောကြတာပါ။ ဒီဇင်ဘာလမှာ ကိုယ်ဝန်စရပြီးနွေရာသီနဲ့ ဆောင်းဦးရာသီတွေမှာ မွေးဖွားမယ်ဆိုရင် အဲ့ဒီ့အချိန်ကာလရဲ့ အလင်းရောင်နဲ့ ဗီတာမင် ဒီ ပမာဏများနေတာကြောင့်ပါတဲ့။ ဒါ့ကြောင့် ကလေးကို ပိုပြီး ကျန်းကျန်းမာမာ မွေးနိုင်မှာပါ။ ကောက်ရိတ်ချိန်မှာ ကလေးမွေးရင် အချိန်ကောင်းဖြစ်တယ်ဆိုတဲ့ရှေးဟောင်း အတတ်ပညာတွေနဲ့လည်း ကိုက်ညီမှု ရှိနေပါတယ်။

 

Ref:

ဖိုးသူတော်

27.10.2015

Source:

ThitHtooLwin



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18