Print

အလွှာပါးပေမယ့်တစ်ဘဝခြားတယ်ဆိုပြီး မသုံးဘဲမနေပါနဲ့ (+18)

  30-Oct-2016
Preview Image

တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာ ကိုယ်ထဲကိုရောဂါပိုး ဝင်ရောက် သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အပျော်အပါး လိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့်ဖြစ်တတ်တဲ့ ရောဂါ ပိုးတွေကတော့ အများကြီး ရှိပါတယ်။ ကလိုင်မိုင်ဒီးယားကာလသားရောဂါကုသလို့ ရတဲ့ ဘက်တီးရီးယားပိုး ကူးစက်မှုပါ။ မကုသဘဲနေရင်တော့ ဘဝ အဖော်ထံ ကူးစက် နိုင်ပါတယ်။

 

ကာကွယ်မှု

- ကွန်ဒုံးသုံးပါ

- တစ်လင် တစ်မယားစနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

- အပျော်အပါး လိုက်စားမိရင် နှစ်စဉ်ရောဂါစစ်ဆေးပါ။

ရောဂါလက္ခဏာ

- ဆီးသွားတဲ့အခါ ပူစပ်ပူလောင်ဖြစ်ခြင်း

- ဆီးနဲ့သုက်ရည် မဟုတ်တဲ့ ပုံမမှန် အရည်ထွက်ခြင်း

- မကုသဘဲနေရင် နာကျင်မှု၊ ဖျားခြင်းစတာတွေ ခံစားရတတ်ပါတယ်။

ကုသမှု

- ပဋိဇီဝပိုးသတ်ဆေးသောက်ဆေး

 

ဂနိုဆီးပူညောင်းကျရောဂါ

ဂနိုပိုးကြောင့် ဖြစ်ပြီး ရောဂါကို အလွယ်တကူ ကုသ နိုင်ပါတယ်။

ကာကွယ်မှု

- ကွန်ဒုံးသုံးပါ (ဂနိုပိုးဟာ သုက်ရည်နဲ့ မိန်းမကိုယ်က ထွက်တဲ့ အရည်က တစ်ဆင့် အဓိက ကူးစက် နိုင်ပါတယ်)

- ရောဂါမဖြစ်အောင် တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။

ရောဂါလက္ခဏာ

- ရောဂါပိုး ကူးစက် ခံရပြီး ၁၀ ရက်အတွင်း ရောဂါ ဖြစ်နိုင်ပါတယ်။

- ဆီးပြွန်ချောင်း တစ်ဝိုက် နီရဲပြီး ပုံမမှန် အရည်ထွက် တတ်ပါတယ်။

- မကြာခဏ ဆီးသွားတတ်ပါတယ်။

- ဆီးသွားရင်း နာကျင်မှုနဲ့ မသက်မသာ ဖြစ်မှုတို့ ခံစားရ တတ်ပါတယ်။

ကုသမှု

- ပဋိဇီဝ ပိုးသတ်ဆေး သောက်ဆေး

 

ဆစ်ဖလစ်ကာလသားရောဂါ

ဆစ်ဖလစ် ကာလသား ရောဂါဟာလည်း ဘက်တီးရီးယား ပိုးကြောင့် ဖြစ်တာပါ။

ကာကွယ်မှု

- ဆစ်ဖလစ် ပိုးဟာ ကွန်ဒုံး သုံးရင်တောင် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ပါ။

- တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အကောင်းဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ

- ပိုးဝင်တဲ့နေရာမှာ အနာဖြစ်ခြင်း

- ပြင်းထန်လာပါက လက်၊ ခြေထောက်မှာ အရေပြား အနီကွက်ဖြစ်ခြင်း

- ပါးစပ်ထဲ အနာ အဖြူကွက်ပေါက်ခြင်း

- လက်ဖဝါး၊ ခြေဖဝါးမှာ အနီစက်ပေါ်ခြင်း

- ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ ကိုယ်အလေးချိန်ကျခြင်း

ကုသမှု

- ပင်နီဆီလင်

 

လိင်အင်္ဂါရေယုန်

ရေယုန်ဗိုင်းရပ်စ် (Herpes Simplex Virus) ကြောင့် ဖြစ်တာပါ။

ကာကွယ်မှု

- ကွန်ဒုံးသုံးရင် ကူးစက်မှု လျော့နည်းပေမယ့် အရေပြားချင်း ထိတွေ့မှုကြောင့်လည်း ရေယုန် ကူးတတ်ပါတယ်။

- တစ်လင် တစ်မယား စနစ်ကျင့်သုံးပါ။

ရောဂါလက္ခဏာ

- ဗိုင်းရပ်စ်ပိုးဝင်ပြီး နှစ်ပတ် အတွင်း ဖြစ်လေ့ရှိပါတယ်။

- လိင်အင်္ဂါ တစ်လျှောက် ယားယံခြင်း၊ ပူစပ်ခြင်း၊ နာကျင်ခြင်းခံစားရကာ အရည်ကြည်ဖု အသေးတွေ ပေါက်လေ့ ရှိပါတယ်။

- ရေယုန်ကို ဆီးနဲ့ထိတွေ့မိရင် နာကျင်တတ်ပါတယ်။

- ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ခံစားရတတ်ပါတယ်။

ကုသမှု

ဗိုင်းရပ်တားဆေး

 

HIV

Human Immunodeficiency ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို အားနည်း စေပါတယ်။

ကာကွယ်မှု

- လိင်ဆက်ဆံမှုနဲ့ Oral Sex အတွက် ကွန်ဒုံးသုံးပါ။

- တစ်လင် တစ်မယား စနစ် ကျင့်သုံးတာက အထိရောက်ဆုံး ကာကွယ်မှုပါ။

ရောဂါလက္ခဏာ

- အစောပိုင်း အဆင့်မှာ တုပ်ကွေးလို ဖျားနာမှု ခံစားရခြင်း

- CD4 ဆဲလ်ပမာဏဟာ ပုံမှန်အောက် ကျသွားတဲ့အခါ သားငံရည်ကျိတ် ရောင်ရမ်းခြင်း၊ အရေပြား ပြဿနာနဲ့ ပါးစပ် အနာပေါက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။

- CD4 ဆဲလ် ထပ်မံ ကျသွားတဲ့အခါ ရေယုန်နဲ့ ခါးပတ်ရေယုန်လို အရေပြားပြဿနာ ဖြစ်လာ တတ်ပါတယ်။

- CD4 ဆဲလ် အလွန်အမင်း ကျသွားတဲ့အခါ AIDS ရောဂါ ဖြစ်သွားပါတယ်။

 

Ref:

18plus, ကျန်းမာရေး, ဗဟုသုတ

ဖိုးသူတော် (www.phothutaw.com)

Credit : By Good Health

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18