Print

သင့်အိမ်ထောင်ရေး အဆင်ပြေနွေးထွေးနေစေဖို့ ဒီအချက် (၁၅)အတိုင်း လုပ်ဆောင်...

  30-Oct-2016
Preview Image

နှစ်ဦးသား ဟန်နီးမွန်းထွက်ပြီးကတည်းက နောက်ပိုင်း သူလည်းသူ့အလုပ်တွေနဲ့ရှုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်တွေနဲ့ ပတ်ချာလည်ရိုက်ပြီး တစ်ယောက်အတွက်တစ်ယောက် အချိန်မပေးဖြစ်တော့တာ နည်းနည်းကြာသွားပြီလို့ ခံစားနေရပါသလား။ အိမ်ထောင်သည် ဖြစ်လာပြီဆိုတာနဲ့ တာဝန်ယူရတဲ့အပိုင်းတွေ ပိုကြီးလာတာ မှန်ပါတယ်။ ဒါပေမယ့် နှစ်ဦးသားအတူလက်တွဲ လျှောက်လှမ်းရဦးမယ့် ခရီးလမ်းမှာ တစ်ဦးနဲ့တစ်ဦးအတူရှိနေရက်နဲ့ မသိမသာ ဝေးကွာနေတာမျိုး မဖြစ်စေဖို့ နွေးထွေးတဲ့ချစ်ခြင်းတွေနဲ့ ရစ်ပတ်ထားနိုင်ဖို့ သင့်အနေနဲ့ လုပ်ဆောင်သင့်တာတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

 

၁။နှစ်ဦးသားအတူအိပ်တဲ့ အိပ်ယာပေါ်မှာ ဖုန်းတွေပြောတာ၊ လက်တော့ပ်တွေဖွင့်သုံးတာမျိုးတွေ လုံးဝမလုပ်ပါနဲ့တော့။ ညအိပ်ယာဝင်တိုင်း အိပ်ယာပေါ်မှာ နှစ်ဦးသား ကြည်ကြည်နူးနူးနဲ့ မှေးစက်အိပ်ပျော်သွားဖို့ကြိုးစားပါ။

 

၂။အချက်အပြုတ် သင်တန်းတက်ပါ။

 

၃။စာအုပ်တစ်အုပ်ကို နှစ်ယောက်အတူ ဖတ်တာမျိုး လုပ်ပါ။

 

၄။အိပ်ယာထဲရောက်တဲ့အခါ တစ်ယောက်အကြိုက် တစ်ယောက်သိအောင် ကြိုးစားပါ။

 

၅။အရင်ကပြောဖူးတဲ့ နှစ်ဦးသားအမှတ်တရတွေ ပြန်လည်ပြောဆိုပါ။

 

၆။အနာဂတ်မှာ သူနဲ့အတူ ဘာတွေလုပ်ဆောင်ချင်ကြောင်း ပြောပြပါ။

 

၇။ခရီးအတူ သွားဖြစ်အောင်သွားပါ။ ခရီးတိုဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဒီခရီးဟာ သင်တို့နှစ်ဦးရဲ့ သံယောဇဉ်ကြိုးပိုခိုင်မြဲစေပြီး အမှတ်တရလေးတွေ ပေးနိုင်ပါလိမ့်မယ်။

 

၈။နှစ်ယောက်စလုံး ကြိုက်တဲ့ သီချင်းတွေကို စုပြီး Playlist လုပ်ကာ အတူနားထောင်ပါ။

 

၉။တစ်ယောက်နဲ့တစ်ယောက် ဘာလုပ်နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာ စာတိုလေးတွေ နေ့တိုင်းပို့ပေးပါ။

 

၁၀။သူတစ်ယောက်တည်း သီးသန့်ရှိနေချိန်တွေကို နားလည်ပေးလိုက်ပါ။ သူအေးဆေး စာဖတ်ချင်ရင် ပေးဖတ်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း ပေးလုပ်ပါ။

 

၁၁။သူ့ကို ချစ်တဲ့အကြောင်း၊ကိုယ့်ဘေးမှာရှိပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနေ့တိုင်းမပျက်မကွက်ပြောပေးပါ။

 

၁၂။လေ့ကျင့်ခန်းအတူလုပ်ပါ။

 

၁၃။ချစ်တင်းနှီးနှောတဲ့အခါ အလျှင်မလိုပဲ ပထမဆုံးအကြိမ်တုန်းကလို အဆင့်ဆင့်လုပ်ဆောင်သွားပါ။

 

၁၄။ညနေခင်းလေးတွေမှာ အတူလမ်းလျှောက်ပါ။

 

၁၅။အမှတ်တရနေ့တွေကို မမေ့လိုက်ပါနဲ့။ သူ့အတွက် လက်ဆောင်လေးတွေ မပျက်မကွက်ပေးတတ်ပါစေ။

 

Ref:

Pyimyanmar

October 24.2015

Source:

yourtango

Trend Myanmar

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18