Print

တစ်စုံတစ်ယောက် အကြမ်းဖက်ခံနေရသည်ကို မည်ကဲ့သို့သိရှိနိုုင်မည်နည်း။

  30-Oct-2016
Preview Image

တစ်ချို့သောသူများ (ဥပမာ စိတ်ဝေဒနာ ခံစားနေရသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ) သည် တစြ်ခားသော သူများထက် အကြမ်းဖက်ခံရရန်အခွင့်အလမ်း ပိုမိုများပြားပါသည်။ လူတို့သည် မိမိတို့ခံစားရ သည်များကို အမူအရာ ဖြင့်သော်လည်းကောင်း၊ စိတ်ခံစားမှုအသွင်ဖြင့် သော်လညး်ကောငး် ပြသလေ့ရှိသည်။ တစ်ခါတစ်ရံတွင် သူတို့ခံစားရသည်တို့ကို မြိုသိပ်ထားတတ်ကြသည်။ တစ်ချို့က ခံစားခဲ့ရသည်တို့ကို ခံနိုင်ရည်ရှိှု တစ်ချိ့့ကခံစားရသည်တို့ကို ခံနိုင်ရည်မရှိပါ။ ထို့အတွက်ကြောင့်အကြမ်းဖက်မှု ခံစားနေရသူများ သူတို့ ခံစားနေရသည်များကို သက်သာစေရန် ဆေးကုသမှု အပြင်စိတ်ဓါတ်ရေးရာအရပါ ကူညီအားပေးရန် လိုအပ်သည်။ အောက်ဖော်ပြပါအချက်အလက်များသည် တစ်စုံတစ်ယောက် နာနာကျည်းကျည်း ခံစားနေ သည်ကိုသိရှိနိုင်ရန် အကူအညီပေးပါသည်။

- တစ်ချို့သူများသည် စိတ်မချမ်းသာပါ၊ ဘဝတွင်လည်း စိတ်ဝင်စားမှုနည်းပါးပါလိမ့်မည်။ တက်ကြွမှုလျော့နည်းလာသည့်အတွက် သူတို့ လုပ်ကိုင်ခဲ့သည့် အလုပ်များကိုလည်း ယခင်ကလို မစွမ်းဆောင်နိုင်ပေ။

- တစ်ချို့သူများက စိတ်ဓါတ်ရေးရာအရ ခံစားရ၍ စိတ်ဖိစီးမှုများ ရှိနေမည်။ ဥပမာအကြောင်းမရှိပဲ ရုတ်တရက်် ချုံးပွဲချငိုခြင်း။

- တစ်ချို့သူများတွင် အိပ်စက်မှု ပြဿနာများကြုံရခြင်း၊ အိပ်ပျော်ရန်ခက်ခြဲခင်း၊ အိပ်မက်ဆိုးများကြောင့် လန့်နိုးခြင်း၊ အိပ်ရာမှအစောကြီး နိုးနေခြင်း။

- တစ်ချို့သော သူများက ခန္ဓာကိုယ်တွင် ဝေဒနာ ခံစားနေရခြင်း၊ ယခင်ကထက်ပို၍ နေမကောင်းပိုဖြစ်ခြငး်။

- တစ်ချို့သောသူများက ထိခိုက်ဒါဏ်ရာ အတွက်အကူအညီ လာရောက်တောင်းခြံခင်း။

- တစ်ချို့သောသူများက တကယ်တမ်း မဖြစ်နိုင်သော်လည်း အကြမ်းဖက်မှု နောက်တစ်ဖန် ဖြစ်ပွားမည်ကို စိုးရှုံ့နေခြင်း။

- တစ်ချို့သူများက ရှက်ရွံ့၍ တစ်ခြားသူများက သူတို့ကို ပစ်ပယ်မည်ကို စိုးရွံ့နေခြင်း။

- တစ်ချို့သူများက မိမိကိုယ်ကို အပြစ်တင်၍ ထိုခံစားချက်များမှ ကင်းဝေးစေရန် သေကြောင်း ကြံစည်ခြင်း။

- တစ်ချို့သူများတွင် မိသားစုအပါအတွင် တစ်ခြားသူများအပေါ် စိတ်ဝင်စားမှုမရှိခြင်း။

- စိတ်ခြောကြ်ခားနေခြင်း၊ အရာရာအပေါ် စိုးရိမ်ထိတ်လန့် နေခြင်း။

 

Ref: WEAVE

  1.  


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18