Print

အစာအိမ် အချဉ်ပေါက်ခြင်းကို သက်သာစေမည့် နည်းလမ်းများ

  30-Oct-2016
Preview Image

ယခုလို သွားလာလှုပ်ရှား အချိန်လု ရုန်းကန်နေကြရတဲ့ ခေတ်ကြီးမှာ အစာအိမ် အချဉ်ပေါက်ခြင်း ဆိုတာ ဖြစ်နေကျ ဝေဒနာ တစ်ခုလိုတောင် ဖြစ်လို့နေပါပြီ။ အစာအိမ်တွင်းမှာ ယင်းနှင့်သက်ဆိုင်သော ဂလင်းများမှ အက်ဆစ်ဓာတ် များပြားစွာ ယိုစိမ့်ထွက်လာရာမှ ဖြစ်ပေါ်လာပါတယ်။

 

ခံစားရမဲ့ လက္ခဏာတွေကတော့

- အစာအိမ်အတွင်း ပူလောင်မှု ခံစားရခြင်း။

- အစာစားချင်စိတ် လျှော့နည်းခြင်း၊ မရှိခြင်း။

- မအီမသာ ဖြစ်ခြင်း၊ ပျို့အန်ခြင်း။

- ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း။

- အစာအိမ်တွင်း နာကျဉ်ခြင်းနှင့် ရင်ပူရင်ဆာ ဖြစ်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။

 

အပူ၊အစပ်တို့ကို နဲနဲနှင့် အစပျိုးစားရင်းကနေ အလွန်အကျွံစားသုံးခြင်း။ စားအသောက်ချိန် ပုံမှန်မရှိခြင်း၊ကော်ဖီ၊ လက်ဖက်ရည်၊ အယ်ကိုဟောပါဝင်သည့် အရည်များကို အလွန်အကျွံသောက်သုံးခြင်း တို့သည် ယင်းဝေဒနာကို ဖြစ်စေသော အကြောင်းအရာများ ဖြစ်ကြသည်။ထိုဝေဒနာကို သက်သာစေနိုင်ရန် သဘာဝဆေးများကတော့အစားစားပြီးချိန်မှာ သကြားအညိုကို လက်ဖက်ရည်ဇွန်း ၂ဇွန်း စားသုံးခြင်းဖြင့် အက်ဆစ်ဓာတ်များ ထွက်ခြင်းကို ကာကွယ်ပေးသည်။ သကြား အညို မသုံးချင်သူတွေအတွက်နောက်နည်းလမ်းကတော့ ချင်း(ဂျင်း) အရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း သံပရို၊ သံပရာ၊ရှောက်သီး အရည် တစ်မျိုးမျိုး လက်ဖက်ရည်ဇွန်း ၂ဇွန်း ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်းတို့ကိုရောသမမွှေပြီး တစ်နေ့လျှင် ၄ကြိမ် သောက်သုံးပါ။ အစာအိမ် အချဉ်ပေါက်လို့ ရင်ပူရင်ဆာ ဖြစ်တယ်ဆိုရင် ငှက်ပျောသီး စားခြင်းဖြင့် သက်သာစေနိုင်သည်။ခရမ်းချဉ်သီး ဖျော်ရည် တစ်ခွက်(၂၄၀ML) ခန့်ကို ချင်း(ဂျင်း) ရည် အနည်းငယ်နှင့် ပူဒီနာ အရည်အနည်းငယ် ရော၍ သောက်သုံးပါ။ ပူဒီနာ သီးသန့်ကို လက်ဖက်ရည် ကဲ့သို့ ပြုလုပ်သောက်သုံးနိုင်သည်။ ဖရဲသီးကြိုက်သူများ ဖျော်ရည်ပြုလုပ် သောက်သုံးပါ။ သခွားသီးကိုနေ့စဉ်စားသုံးသည့် အစားအသောက်နှင့် တွဲဖက် စားသုံးပါ။နွားနိို့ကြိုက်တတ်သူများနေ့စဉ် တစ်ခွက်သောက်သုံး ခြင်းဖြင့် အစာအိမ်အချဉ်ပေါက် ခြင်းကို သက်သာစေနိုင်သည်။ သို့မဟုတ်ပါက ကြက်သီးနွေး ရေတဖန်ခွက်ကို နေ့စဉ် သောက်ပါ။ဇီယာစေ့ကို လက်မနှင့် လက်ညိုးညှပ်ပြီး ပါသလောက်ယူလိုက်ပါ။ ပြီးရင် အိုးကဲ့သို့သော အရာတခုခုထဲမှာ ထဲ့၍အပူပေးပါ။ ယင်းကို လိမ္မော်သီး တစ်လုံးမှ ညှစ်ထားသော အရည်နှင့် အတူသောက်ပါ။ပင်စိမ်းပင် စားနိုင်သူများ အတွက်ကတော့ ပင်စိမ်းရွက် ၂ရွက်လောက်ကို သေချာဝါးစားရင် အစာအိမ် အချဉ်ပေါက်တာသက်သာစေနိုင်ပါတယ်။မစားနိုင်သူတွေကတော့ ပီကေဝါးခြင်းဖြင့် တံတွေးထွက်လာပြီး အစာပြွန်တလျှောက် ဖြတ်သန်းသွားကာ ရင်ပူရင်ဆာ ဖြစ်ခြင်းကို သက်သာစေနိုင်သည်။ဗိုက်တာမင် စီဓာတ် အများအပြားပါဝင်သော ဆီးဖြူသီးကို စားခြင်းဖြင့် အစာအိမ် အချဉ်ပေါက်ခြင်းကို သက်သာစေသည့်အပြင် အစာအိမ် အနာကျက်ရန် အတွက်ပါ အထောက်အကူပေးသည်။ ပဲနံ့သာစေ့ ရနိုင်လျှင် ဟင်းခတ်ဇွန်း တစ်ဇွန်းကို ရေတစ်ညစိမ်ပါ။ နောက်တနေ့ နံနက် အစာအိမ်တွင်း ဘာမှမရှိချိန် အစားမစားမှီ လည်းကောင်း စိမ်ထားသော ရေကိုစစ်ပြီး သောက်ပါ။ ရေစိမ်လျှင် တစ်ဖန်ခွက် ၂၄၀ ML ခန့် ပမာဏနှင့် စိမ်ပါ။မနက်စာ၊ နေ့လည်စာနှင့် ညစာတို့ ကြားအချိန်များတွင် အစာအနည်းငယ် စားသုံးပါ။ လည်းကောင်းဝေဒနာ ခံစားရချိန်အတွင်း သနပ် (သရက်သီးသနပ်၊ သံပရာသီးသနပ်စသည်) တို့နှင့် ရှာလကာရည်စိမ် အသီးအရွက်များ စားသောက်ခြင်းကို ရှောင်ကျဉ်ပါ။

Ref: WEAVE

  1.  

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18