Print

အားနည်းပြီး မူးမေ့ချင် ဖြစ်နေသလား

  30-Oct-2016
Preview Image

ဆယ်ကျော်သက် အရွယ်တွေမှာ အဖြစ်များတဲ့ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ အကြောင်း ဖော်ပြ ပေးလိုက် ပါတယ်။

အားနည်းပြီး မူးမေ့ခြင်း ဖြစ်ရသော အကြောင်းရင်း

ဒါက စိတ်နဲ့ ခန္ဓာမှာ ဖိစီးမှုဒဏ်ရှိ တာကြောင့် ဖြစ်ရတာပါ။ လူတစ်ယောက်ရဲ့ နှလုံး၊ သွေးလှည့် ပတ်မှု၊ သွေးဖိအား နဲ့ အသက်ရှူတဲ့ ပုံစံ စတာတွေနဲ့လည်း ဆက်စပ်မှု ရှိသလို စိတ်ဖိစီးမှု၊ စိုးရိမ် သောက များတာ၊ စိတ်ပင်ပန်းတာစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တွေနဲ့လည်း ဆက်စပ် နေပါတယ်။

အားနည်းပြီး မူးမေ့သော ဝေဒနာဖြစ်ပေါ်စေရန် လှုံ့ဆော်သည့် အချက်များ

-စိတ်ဖိစီးမှု ဖြစ်စေသော အခြေအနေ၊ စိတ်လှုပ်ရှားမှုနဲ့ နာကျင်မှု တွေဟာ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာကို ဖြစ်စေ နိုင်ပါတယ်။

-အပူရှိန် များလွန်းတဲ့ အခန်းနဲ့ လူထူ ထပ်လွန်းတဲ့ အခန်းထဲမှာ နေရတဲ့ အခါ၊ သွေးစစ်ဆေးဖို့ ဆရာဝန် အခန်းကို သွားတဲ့အခါတွေမှာ အားနည်းပြီး မူးမေ့တဲ့ ဝေဒ နာ ဖြစ်ပေါ် တတ်ပါတယ်။

-အားနည်းပြီး မူးမေ့တာက ရုတ်တရက် မမျှော်လင့်ဘဲ ဖြစ်ပေါ် တတ်ပါတယ်။ အဲဒီအခါ ဖျော့တော့တာ၊ ချွေးပြန်တာ နဲ့ ဖျားတာတို့ ဖြစ်တတ် ပါတယ်။ အိပ်နေရာ ကနေ ရုတ်တရက် မတ်တပ် ထရပ်တဲ့ အခါနဲ့ ထိုင်လိုက်တဲ့ အခါတွေမှာ မူးမေ့ သွားတတ် ပါတယ်။

 

အားနည်းပြီး မူးမေ့နေသူကိုတွေ့ရင် ဘာလုပ်ပေးသင့်သလဲ

-အရင်ဆုံး မူးမေ့ချင် သလိုလို ဖြစ်လာသူကို အိပ်ရာပေါ် လဲလျောင်းဖို့ ပြင်ဆင်ပေးပါ။ ပြီးရင်သူတို့ရဲ့ ဦးခေါင်းကို တတ်နိုင်သမျှ နှိမ့်ထားပြီး ခြေထောက် တွေကို မြှင့်တင် ထားပေးပါ။ ဒီနည်းလမ်းဟာ ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိစေပါတယ်။

 

- အိပ်နေရာ ကနေ ရုတ်တရက် ထလိုက်တာမျိုးကို ရှောင်ပါ။

-သတိလစ်ပြီး မူးမေ့ချင် သလိုလို ဖြစ်နေရင် ကောင်းကောင်း သတိရဖို့အတွက် မိနစ် အနည်းငယ် ကျော်ကြာတဲ့အထိ အချိန်ယူ ရပါတယ်။ ဒါကြောင့် အာရုံထွေပြားပြီး ကြည်လင် ပြတ်သားမှု မရှိသေးချိန်မှာ ရုတ်တရက် ထရပ်လိုက်ရင် မူးဝေကာ သတိလစ်ချင် သလိုလို ဖြစ်သွား နိုင်ပါတယ်။

- တကယ်လို့ မူးမေ့လာပြီး လှဲအိပ်ဖို့ အဆင်မပြေရင် ဒူးနှစ်ဖက်ကြား ခေါင်းထည့်ပြီး ထိုင်နေ သင့်ပါတယ်။ သူငယ်ချင်း မိတ်ဆွေတစ်ဦးက သူ့လက်တစ်ဖက်ကို ကိုင်ရင်း နောက်လက် တစ်ဖက်နဲ့ သူ့ဦးခေါင်းကို ဖိထားပေးပါ။ ဒီလိုလုပ်တာက ဦးခေါင်းထဲကို သွေးစီးဆင်းရောက် ရှိမှု များစေပြီး အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ကို လျော့ကျ စေပါတယ်။

 

အားနည်းပြီး မူးမေ့သော ဝေဒနာအတွက် ကြိုတင်ပြင်ဆင်မှု

 

-မူးမေ့ လွယ်တဲ့ သူတွေက သူတို့ကို မူးမေ့လွယ်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေနဲ့ လှုံ့ဆော်မှုတွေကို အမြဲသတိထား နေဖို့ လိုပါတယ်။ မူးမေ့ချင် သလိုလို ဖြစ်လာ ပြီဆိုရင် ဘေးက လူတွေကို ကြိုတင် သတိ ပေးထားပြီး ထိုင်ချလိုက်ဖို့၊ လှဲအိပ်လိုက်ဖို့ လိုပါတယ်။ အားနည်းပြီး မူးမေ့တဲ့ ဝေဒနာ ဖြစ်ပေါ်တာက အချိန်တိုု အတွင်း ဖြစ်ပေါ် တတ်လို့ပါ။ အားနည်းပြီး မူးမေ့တဲ့သူက တစ်မိနစ်ကျော်၊ နှစ်မိနစ်ကြာတဲ့အထိ သတိပြန်မရရင် ရှေးဦး သူနာ ပြုစုနည်းကို သုံးဖို့နဲ့ အကူအညီ ခေါ်ဖို့ လိုအပ်နေပါပြီ။ အသက်ဝဝ ရှူနိုင်အောင် ကူညီကာ အရေးပေါ် အကူအညီ မလာခင်အထိ သူ့ဘေး နားမှာ နေပေးဖို့ လိုပါတယ်။

Source: ဇွန်

မှတ်ချက်။ ။ ဤဆောင်းပါးနှင့်ပက်သက်၍ဆက်စပ်ပြီး ထပ်မံသိရှိလိုပါက comment

(သို့မဟုတ်) message box ထဲတွင် ၀င်ရောက်မေးမြန်းနိုင်ပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18